စစ်သင်တန်းမပို့ချရန် အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်စာပို့သည့်အပေါ်KNU ဒဲ့ပြောလိုက်ပြီ

Unicode

စစ်သင်တန်းမပို့ချရန် အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်စာပို့သည့်အပေါ် ကေအန်ယူ တုံ့ပြန် စစ်သင်တန်းမပို့ချရန် အကြမ်းဖက်စစ်ကောင်စီကကန့်ကွက်စာပို့သည့်အပေါ်ကေအန်ယူ တုံ့ပြန်( စစ်သင်တန်းပေးတာမရှိဘူး ၊youth campတွေပဲရှိတယ်တဲ့… သဘောပေါက်လား…)

စစ်သင်တန်းတွေပို့ချတာတွေ မလုပ်ဖို့ကရင်အမျိုးသားအစည်းရုံး(ကေအန်ယူ)ကိုကရင်ပြည်နယ် အကြမ်းဖက်စစ်ကောင်စီကမေလ ၁၈ ရက်နေ့စွဲနဲ့ကန့်ကွက်စာပေးပို့လိုက်ပါတယ်။စစ်ကောင်စီရဲ့ ကန့်ကွက်လွှာမှာမတရားအသင်းအဖြစ်ကြေညာထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့သူတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းမှာပါဝင်သူတချို့ကို ကေအန်ယူ တပ်မဟာ၁ ၊တပ်မဟာ၆ နဲ့ တပ်မဟာ၇ နယ်မြေတွေမှာလက်နက်ကိုင်

အကြမ်းဖက်လုပ်ရပ်တွေအတွက် စစ်သင်တန်းတွေ ပို့ချပေးနေတယ်လို့ ဖမ်းဆီးရမိသူတချို့ထံမှ သိရကြောင်း ဖော်ပြပါတယ်။

ဒါဟာအန်စီအေ သဘောတူစာချုပပါ ဒေသဆိုင်ရာတည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်ဟူသော အချက်ကို ဖောက်ဖျက်နေပြီး

အစိုးရရဲ့အ်ုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ် လုပ်ဆောင်နေကြောင်းတွေ့ရှိတဲ့အတွက်ကန်ကွက်ကြောင်းကရင်ပြည်နယ် စစ်ကောင်စီကကေအန်ယူဗဟိုနဲ့

တပ်မဟာများဆက်ဆံရေးရုံးကို ကန့်ကွက်လွှာပေးပို့တာဖြစ်ပါတယ်။ဒီကန့်ကွက်လွှာနဲ့ ပတ်သက်ပြီး ကေအန်ယူ အထွေထွေအတွင်းရေးမှူး ၂ပဒိုစောလှထွန်းက

ကေအန်ယူနယ်မြေအတွင်းမှာ လွှတ်တော်youth campဖွင့်လှစ်ထားတာရှိပေမယ့် စစ်သင်တန်းပို့ချတာမရှိဘူးလို့ ပြောပါတယ်။“ဒီမှာစစ်သင်တန်းပေးတာ ရှိမှမရှိဘဲ၊ကျနော်တို့ လူငယ် youth campတွေ အဲဒါပဲရှိတာပေါ့။တခြားတော့မကြားမိပါလား။

သူတို့သတင်းရတာပဲမှားသလား၊ဒီမှာကတော့ ပုံမှန်လုပ်နေတဲ့ youth camp တွေကတော့ ပုံမှန်လုပ်နေတာရှိတယ်လေ။တပ်မဟာ ၆ ၊ တပ်မဟာ ၇ အဲဒါတွေလုပ်တဲ့အတွက်

အဲဒါနဲ့ သွားမှားတာလား နောက်မဟုတ်ရင်လည်း သူတို့တပ်က ထွက်ပေးတဲ့ဘယ်ဗိုလ်ကြီးလဲ သူတို့အဖွဲ့တွေက သင်တန်းပေးတာ၊အဲဒီသတင်း သိရတယ်လေ အဲဒါသွားမှားတာလား

ကေအန်ယူကတော့ အဲဒီလူငယ်တွေ youth camp သင်တန်းပေးတာကလွဲပြီး တခြားဘာမှရှိပါလား”။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့နယ်မြေအတွင်း

ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ခဲ့တွေနဲ့ သူတို့နဲ့ပါဝင်ပတ်သက်သူ ၂၂ ယောက်ကို ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ စစ်တပ်ပိုင်မီဒီယာတွေကနေ မေလ ၉ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။
Credit DVB

Zawgyi

စစ္သင္တန္းမပို႔ခ်ရန္ အၾကမ္းဖက္စစ္ေကာင္စီက ကန႔္ကြက္စာပို႔သည့္အေပၚ ေကအန္ယူတုံ႕ျပန္ စစ္သင္တန္းမပို႔ခ်ရန္ အၾကမ္းဖက္စစ္ေကာင္စီက

ကန႔္ကြက္စာပို႔သည့္အေပၚေကအန္ယူ တုံ႕ျပန္( စစ္သင္တန္းေပးတာ မရွိဘူး ၊ youth camp ေတြပဲရွိတယ္တဲ့ သေဘာေပါက္လား…)

စစ္သင္တန္းေတြပို႔ခ်တာေတြ မလုပ္ဖို႔ကရင္အမ်ိဳးသားအစည္း႐ုံး(ေကအန္ယူ)ကိုကရင္ျပည္နယ္ အၾကမ္းဖက္စစ္ေကာင္စီကေမလ ၁၈ ရက္ေန႕စြဲနဲ႕ကန႔္ကြက္စာေပးပို႔လိုက္ပါတယ္။

စစ္ေကာင္စီရဲ႕ ကန႔္ကြက္လႊာမွာ မတရားအသင္းအျဖစ္ေၾကညာထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ၊

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္နဲ႕သူတို႔ရဲ႕လက္ေအာက္ခံ အဖြဲ႕အစည္းမွာ ပါဝင္သူတခ်ိဳ႕ကို ေကအန္ယူ တပ္မဟာ၁ ၊တပ္မဟာ ၆ နဲ႕ တပ္မဟာ ၇ နယ္ေျမေတြမွာလက္နက္ကိုင္

အၾကမ္းဖက္လုပ္ရပ္ေတြအတြက္ စစ္သင္တန္းေတြ ပို႔ခ်ေပးေနတယ္လို႔ ဖမ္းဆီးရမိသူတခ်ိဳ႕ထံမွ သိရေၾကာင္း ေဖာ္ျပပါတယ္။

ဒါဟာ အန္စီေအ သေဘာတူစာခ်ဳပပါ ေဒသဆိုင္ရာတည္ၿငိမ္ေအးခ်မ္းေရးနဲ႕တရားဥပေဒစိုးမိုးေရးဆိုင္ရာကိစၥရပ္ဟူေသာ အခ်က္ကို ေဖာက္ဖ်က္ေနၿပီး

အစိုးရရဲ႕အ္ုပ္ခ်ဳပ္မႈ ယႏၲရားပ်က္ျပားေစရန္ရည္႐ြယ္ လုပ္ေဆာင္ေနေၾကာင္းေတြ႕ရွိတဲ့အတြက္ကန္ကြက္ေၾကာင္းကရင္ျပည္နယ္ စစ္ေကာင္စီက ေကအန္ယူ

ဗဟိုနဲ႕ တပ္မဟာမ်ား ဆက္ဆံေရး႐ုံးကိုကန႔္ကြက္လႊာေပးပို႔တာျဖစ္ပါတယ္။ဒီကန႔္ကြက္လႊာနဲ႕ ပတ္သက္ၿပီး ေကအန္ယူ အေထြေထြအတြင္းေရးမႉး ၂ ပဒိုေစာလွထြန္းက

ေကအန္ယူနယ္ေျမအတြင္းမွာ လႊတ္ေတာ္ youth camp ဖြင့္လွစ္ထားတာရွိေပမယ့္ စစ္သင္တန္းပို႔ခ်တာမရွိဘူးလို႔ ေျပာပါတယ္။“ဒီမွာ စစ္သင္တန္းေပးတာ ရွိမွ မရွိဘဲ၊က်ေနာ္တို႔ လူငယ္ youth camp ေတြအဲဒါပဲရွိတာေပါ့။တျခားေတာ့မၾကားမိပါလား။

သူတို႔သတင္းရတာပဲ မွားသလား၊ဒီမွာကေတာ့ ပုံမွန္လုပ္ေနတဲ့ youth camp ေတြကေတာ့ ပုံမွန္လုပ္ေနတာရွိတယ္ေလ။တပ္မဟာ ၆ ၊

တပ္မဟာ ၇ အဲဒါေတြလုပ္တဲ့အတြက္အဲဒါနဲ႕ သြားမွားတာလား။ေနာက္မဟုတ္ရင္လည္းသူတို႔တပ္က ထြက္ေပးတဲ့ ဘယ္ဗိုလ္ႀကီးလဲ သူတို႔အဖြဲ႕ေတြက သင္တန္းေပးတာ၊အဲဒီသတင္း သိရတယ္ေလ။အဲဒါသြားမွားတာလား

ေကအန္ယူကေတာ့ အဲဒီလူငယ္ေတြ youth camp သင္တန္းေပးတာကလြဲ ၿပီး တျခားဘာမွရွိပါလား”။တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုရဲ႕နယ္ေျမအတြင္းေဖာက္ခြဲဖ်က္ဆီးေရးသင္တန္းတက္ေရာက္ခဲ့ေတြနဲ႕

သူတို႔နဲ႕ပါဝင္ပတ္သက္သူ ၂၂ ေယာက္ကို ဥပေဒအရထိေရာက္စြာအေရးယူနိုင္ေရး ေဆာင္႐ြက္သြားမယ္လို႔ စစ္တပ္ပိုင္မီဒီယာေတြကေန ေမလ ၉ ရက္ကသတင္းထုတ္ျပန္ထားပါတယ္။
Credit DVB

Add a Comment

Your email address will not be published. Required fields are marked *