အဘိုးဖြစ်သူရဲ့စျာပနကို လိုက်ပါပို့ဆောင်နေစဥ်မှာပဲ ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ ကချင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူနှစ်ဦး

Unicode

ယနေ့မေလ (၂၁) ရက်နေ့မှာတော့ ကယားပြည်နယ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေသလို ကချင်ပြည်နယ်မှာလည်း ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်

ကချင်လူငယ်ခေါင်းဆောင်ဖြစ်တဲ့ မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်းတို့နှစ်ယောက်ကတော့ ယနေ့နေ့လည် (၁၂) နာရီဝန်းကျင်ခန့်မှာပဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရတာဖြစ်ပါတယ် မဆိုင်းနူးပန်က အဘိုးဖြစ်သူရဲ့စျာပနခရီးကို လိုက်ပါပို့ဆောင်နေစဥ်မှာပဲ အခုလိုကြုံတွေ့လိုက်ရတာဖြစ်ပါတယ်

မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်းတို့ စီးနင်းလာတဲ့ကားကို တစ်ဖက်ကဝင်တိုက်ပြီး ဖမ်းဆီးသွားခဲ့တာဖြစ်သလို အင်အားသုံး ပစ်ခတ်မှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်

အခင်းဖြစ်နေရာမှာတော့ ကားတစ်စီးက ဘေးကနေ ဝင်တိုက်ခံထားရတဲ့ အနေအထားရှိနေပြီး တစ်ခြားကားတစ်စီးကလည်း ကားအနောက်ဘက်မှန် ပျက်စီးနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ် ဒါ့အပြင် မဆိုင်းနူးပန်အပါအဝင် ပြည်သူတစ်ချို့လည်း ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်

မဆိုင်းနူးပန်ရဲ့ မိသားစုဝင်တစ်ဦးကလည်း “အဘိုး အသုဘသွားချတုန်း အစ်မကားကို လိုက်တိုက်ပြီး လူကိုဖမ်းသွားတယ် အစ်မအပါအဝင် (၃) ယောက်ပါသွားပါတယ်” ဆိုပြီးဓာတ်ပုံနဲ့တကွ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်

မိသားစုတွေခမျာမှာတော့ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေရတဲ့အပြင် မဆိုင်းနူးပန်ပါ ဖမ်းဆီးခံလိုက်ရတာကြောင့် အရမ်းခံစားနေရတာဖြစ်ပါတယ်

ပြည်သူတွေကလည်း အဘိုးဖြစ်သူရဲ့စျာပနကိုလိုက်ပို့ရင်း အဖမ်းခံလိုက်ရတဲ့ မဆိုင်းနူးပန်နဲ့ ကိုလွမ်းဇောင်းတို့အတွက် စိတ်မကောင်းဖြစ်နေကြပြီး အမြန်ဆုံးပြန်လွတ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်
Source & Photo Credit-Original Uploader

Zawgyi

ယေန႕ေမလ (၂၁) ရက္ေန႕မွာေတာ့ ကယားျပည္နယ္မွာ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ေပၚေနသလို ကခ်င္ျပည္နယ္မွာလည္း ကခ်င္နိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ ဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္

ကခ်င္လူငယ္ေခါင္းေဆာင္ျဖစ္တဲ့ မဆိုင္းႏူးပန္နဲ႕ ကိုလြမ္းေဇာင္းတို႔ႏွစ္ေယာက္ကေတာ့ ယေန႕ေန႕လည္ (၁၂) နာရီဝန္းက်င္ခန့္မွာပဲ ဖမ္းဆီးေခၚေဆာင္သြားျခင္း ခံလိုက္ရတာျဖစ္ပါတယ္ မဆိုင္းႏူးပန္က အဘိုးျဖစ္သူရဲ႕စ်ာပနခရီးကို လိုက္ပါပို႔ေဆာင္ေနစဥ္မွာပဲ အခုလိုႀကဳံေတြ႕လိုက္ရတာျဖစ္ပါတယ္

မဆိုင္းႏူးပန္နဲ႕ ကိုလြမ္းေဇာင္းတို႔ စီးနင္းလာတဲ့ကားကို တစ္ဖက္ကဝင္တိုက္ၿပီး ဖမ္းဆီးသြားခဲ့တာျဖစ္သလို အင္အားသုံး ပစ္ခတ္မႈေတြလည္းရွိခဲ့တာျဖစ္ပါတယ္

အခင္းျဖစ္ေနရာမွာေတာ့ ကားတစ္စီးက ေဘးကေန ဝင္တိုက္ခံထားရတဲ့ အေနအထားရွိေနၿပီး တစ္ျခားကားတစ္စီးကလည္း ကားအေနာက္ဘက္မွန္ ပ်က္စီးေနတာကိုေတြ႕ရမွာပဲျဖစ္ပါတယ္ ဒါ့အျပင္ မဆိုင္းႏူးပန္အပါအဝင္ ျပည္သူတစ္ခ်ိဳ႕လည္း ဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္

မဆိုင္းႏူးပန္ရဲ႕ မိသားစုဝင္တစ္ဦးကလည္း “အဘိုး အသုဘသြားခ်တဳန္း အစ္မကားကို လိုက္တိုက္ၿပီး လူကိုဖမ္းသြားတယ္ အစ္မအပါအဝင္ (၃) ေယာက္ပါသြားပါတယ္” ဆိုၿပီးဓာတ္ပုံနဲ႕တကြ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားမွ်ေဝခဲ့တာျဖစ္ပါတယ္

မိသားစုေတြခမ်ာမွာေတာ့ မိသားစုဝင္တစ္ေယာက္ကို ဆုံးရႈံးလိုက္ရလို႔ ဝမ္းနည္းေၾကကြဲေနရတဲ့အျပင္ မဆိုင္းႏူးပန္ပါ ဖမ္းဆီးခံလိုက္ရတာေၾကာင့္ အရမ္းခံစားေနရတာျဖစ္ပါတယ္

ျပည္သူေတြကလည္း အဘိုးျဖစ္သူရဲ႕စ်ာပနကိုလိုက္ပို႔ရင္း အဖမ္းခံလိုက္ရတဲ့ မဆိုင္းႏူးပန္နဲ႕ ကိုလြမ္းေဇာင္းတို႔အတြက္ စိတ္မေကာင္းျဖစ္ေနၾကၿပီး အျမန္ဆုံးျပန္လြတ္ေပးဖို႔ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္
Source & Photo Credit-Original Uploader

Add a Comment

Your email address will not be published. Required fields are marked *