အစ်မတစ်ယောက်လို ချစ်ခင်ရတဲ့ ပိုပိုအတွက် အစားအသောက်တွေအပြင် အားဖြစ်စေတဲ့ စာလေးတစ်စောင်ကိုပါ ရေးသားပို့ပေးလိုက်တဲ့ ချယ်ရီသင်း

Unicode

အဆိုတော် ချယ်ရီသင်းကတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး

တရားမျှတတဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ပြည်သူတွေနဲ့အတူကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

တစ်ဖက်မှာဆိုရင်လည်း ကျဆုံးသွားတဲ့ ပြည်သူ့သူရဲကောင်းတွေ အတွက်အလှူငွေတွေ ကောက်ခံပြီး တတ်နိုင်သလောက် သွားရောက်

လှူဒါန်းပေးနေတာဖြစ်ပါတယ်။အလှူရှင်တွေရဲ့ကိုယ်စား တာဝန်ယူပြီးစေတနာအပြည့်နဲ့ ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။

ချယ်ရီသင်းက လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တရားမျှတတဲ့ဒီမိုကရေစီပြန်လည်းရရှိဖို့အတွက် ကြိုးပမ်းနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

တော်လှန်ရေးမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုအတွက် အလှူငွေများကိုလည်း သူမတတ်နိုင်သလောက်ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုလည်းတွေ့ခဲ့ရပါသေးတယ်နော်

အခုတစ်ခါမှာဆိုရင်လည်း ချယ်ရီသင်းက လူထုလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ရင်း ဖမ်းဆီးခံလိုက်ရတဲ့ အနုပညာမောင်နှစ်မတွေဖြစ်ကြတဲ့အပြင်

အမရင်းတစ်ယောက်လိုချစ်ရခင်ရတဲ့ ပိုပိုအတွက် အစားအသောက်အချို့နဲ့ လိုအပ်မယ့်ပစ္စည်းတွေကို ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။

ညီအစ်မအရင်းတစ်ယောက်လိုခင်ရတဲ့ ပိုပိုအတွက် အားဖြစ်စေမယ့်စာလေးတစ်စောင်ရေးသားထားတာကိုလည်းတွေ့ခဲ့ရပါသေးတယ်နော်

သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်တွင် “သူမအတွက် ”ဆိုပြီး ပို့ပေးမယ့် ပုံရိပ်တွေနဲ့အတူ မျှဝေပေးလာတာ ဖြစ်ပါတယ်။ပိုပိုအတွက်စာလေးထဲမှာဆိုရင်လည်း

မမပြုခဲ့တဲ့ကောင်းမှု ကုသိုလ်နဲ့ စိတ်စေတနာတွေက အကျိုးပေးပြီး လောကပါလနတ်တွေက ကြိမ်းသေစောင့်ရှောက်မှာပါဆိုတဲ့ စကားအပြင် မမပြန်အလာကိုစောင့်နေကြတဲ့ပရိသတ်တွေရှိတာမို့ အားတင်းထားနော်လို့ရေးသားထားတာတွေ့ရပါတယ်။

”သူမကစိတ်ဓာတ်ရော နှလုံးသားရောသန်မာတဲ့အမျိုး သမီးပါအားလုံးကိုတရားဓမ္မနဲ့စိတ်နှလုံးသွင်းပြီးကျော်ဖြတ်နိုင်မှာပါ”လို့ ပို့စ်အောက်မှာ ပရိသတ်တွေကိုပြောပြပေးထားတာဖြစ်ပြီး

အားလုံးကလည်း ကျန်းမာပြီး အဆင်ပြေပါစေလို့ ဆုတောင်းစကားတွေကို ပြန်လည်ပြောထားတာကိုလည်းတွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။
Source: Cherry Thin FB Account
Crd

Zawgyi














Crd

Add a Comment

Your email address will not be published. Required fields are marked *