ထွက်ပြေးတိမ်းရှောင်နေရင်း ကြိုးစားရုန်းကန်ပြီးမိသားစုနဲ့ နေထိုင်ဖို့တည်ဆောက်ထားတဲ့ သူ့ဘဝကို စွန့်လွတ်ရတော့မှာမို့ ယူကြုံးမရဝမ်းနည်းနေတဲ့ အလင်းရောင်…

Unicode

ပရိတ်သတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ အလင်းရောင်ကတော့ ဖေဖော်ဝါရီလ အစတည်းက ပြည်သူလူ ထုနဲ့အတူ ခိုင်မာတဲ့ ယုံကြည်ချက်တွေထားရှိကာ ရှေ့ကနေဦးဆောင်လာခဲ့တဲ့ သူပဲဖြစ်ပါတယ်။

လူထုလှုပ်ရှားမှုတွေမှာ တက်တက် ကြွကြွလမ်းမပေါ် ထွက်ကာ ပြည်သူအားလုံးနဲ့ အတူနေ့စဉ်ရက်ဆက် ပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ အခုလို အားကြိုးမာန်တက် လှုပ်ရှားခဲ့တာကြောင့်လည်း (၅၀၅)ကဖြင့် တရားစွဲဆိုခံထားရတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားစွဲဆို ခံထားရတာကြောင့် ဘေးကင်းလုံခြုံရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ပရိသတ်တွေကလည်း အလင်းရောင်အတွက် စိတ်ပူပေးနေကြတာဖြစ်ပါတယ်

ယခုလို ရှောင်တိမ်းနေရစဉ်ကာလ မှာ တကယ်ကို ခက်ခဲ ပင်ပန်းနေပြီး ကြိုးစားထားခဲ့သမျှတွေ စွန့်လွှတ် ရတော့မယ်ဆိုပြီး သူရဲ့ရင်တွင်း ခံစားချက်တွေ ကို Myday မှာ အခုလို ရေးသားပြောပြပေးလာတာဖြစ်ပါတယ်။

“ထွက်ပြေး တိမ်းရှောင်နေစဉ်ကာလမှာ ဒီနေ့ကတော့ ကျွန်တော့် အတွက် အရမ်းခံစားရတဲ့နေ့ မျက်ရည်ကျတဲ့နေ့ဘာဆက်လုပ်ရမှန်း မသိတဲ့ ဒွိဟတွေနဲ့ အတူကြိုးစားထားခဲ့သမျှ တည်ဆောက်လာခဲ့သမျှ မိသားစုနဲ့ အတူနေရဖို့ရုန်းကန်လာခဲ့ သမျှ ကိုယ့်အားကိုယ်ကိုးပြီး လုပ်လာ ခဲ့ရသမျှတွေကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့ စိတ်ကြီးနဲ့ ……”လို့ ဝမ်းနည်းစွာ ရင်ဖွင့်လာတာ ပဲဖြစ်ပါတယ်။

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေ အားလုံးအဖမ်းအဆီးအချုပ်အနှောင်မှ လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Crd

Zawgyi

ပရိတ္သတ္ႀကီးေရ ေမာ္လ္ဒယ္သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္တဲ့ အလင္းေရာင္ကေတာ့ ေဖေဖာ္ဝါရီလ အစတည္းက ျပည္သူလူ ထုနဲ႕အတူ ခိုင္မာတဲ့ ယုံၾကည္ခ်က္ေတြထားရွိကာ ေရွ႕ကေနဦးေဆာင္လာခဲ့တဲ့သူပဲျဖစ္ပါတယ္။

လူထုလႈပ္ရွားမႈေတြမွာ တက္တက္ ႂကြႂကြလမ္းမေပၚ ထြက္ကာ ျပည္သူအားလုံးနဲ႕အတူ ေန႕စဥ္ရက္ဆက္ပါဝင္လႈပ္ရွားခဲ့တာျဖစ္ပါတယ္။ အခုလို အားႀကိဳးမာန္တက္ လႈပ္ရွားခဲ့တာေၾကာင့္လည္း (၅၀၅)ကျဖင့္ တရားစြဲဆိုခံထားရတာပဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ တရားစြဲဆိုခံထားရတာေၾကာင့္ ေဘးကင္းလုံၿခဳံရာကိုထြက္ေျပးတိမ္းေရွာင္ ေနရတာ ျဖစ္ၿပီး ပရိသတ္ေတြကလည္း အလင္း ေရာင္အတြက္ စိတ္ပူေပးေနၾကတာျဖစ္ပါတယ္။

ယခုလို ေရွာင္တိမ္းေနရစဥ္ကာလ မွာ တကယ္ကို ခက္ခဲ ပင္ပန္းေနၿပီး ႀကိဳးစားထားခဲ့သမွ်ေတြ စြန႔္လႊတ္ ရေတာ့မယ္ဆိုၿပီး သူရဲ႕ရင္တြင္း ခံစားခ်က္ေတြကို Mydayမွာအခုလို ေရးသား ေျပာျပေပးလာတာျဖစ္ပါတယ္။

“ထြက္ေျပးတိမ္းေရွာင္ေနစဥ္ ကာလမွာ ဒီေန႕ကေတာ့ ကြၽန္ေတာ့္ အတြက္ အရမ္းခံစားရတဲ့ေန႕ မ်က္ရည္က်တဲ့ေန႕ဘာဆက္လုပ္ရမွန္း မသိတဲ့ ဒြိဟေတြနဲ႕ အတူႀကိဳးစားထားခဲ့သမွ် တည္ေဆာက္လာခဲ့သမွ် မိသားစုနဲ႕ အတူေနရဖို႔႐ုန္းကန္လာခဲ့ သမွ် ကိုယ့္အားကိုယ္ကိုးၿပီး လုပ္လာ ခဲ့ရသမွ်ေတြကို စြန႔္လႊတ္ရေတာ့မယ္ဆိုတဲ့ စိတ္ႀကီးနဲ႕ ……”လို႔ ဝမ္းနည္းစြာ ရင္ဖြင့္လာတာပဲျဖစ္ပါတယ္။

ျပည္သူေတြ နဲ႕အတူ အမွန္တရား ဘက္ကေနရဲရဲဝင့္ဝင့္ ရပ္တည္ေပးခဲ့တဲ့အႏုပညာရွင္ေတြ အားလုံးအဖမ္းအဆီးအခ်ဳပ္ အေႏွာင္မွ လြတ္ေျမာက္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Crd

Add a Comment

Your email address will not be published. Required fields are marked *