သည်းလွန်းတဲ့ မိုးဒဏ် ကြောင့် တောထဲ ပိတ်မိ နေကြတဲ့ မင်းတပ်မြို့ ရဲ့ စစ်ဘေးရှောင် ပြည်သူအချို့

Unicode

သည်းလွန်းတဲ့မိုးဒဏ် ကြောင့်ပိတ်မိ နေကြတဲ့ ပြည်သူအချို့ မင်္ဂလာပါခင်ဗျာ မနေ့က ညနေ ၃ နာရီ လောက်မှာ လေတွေအရမ်းတိုက်ပြီး မိုးတွေအရမ်းသည်းတာကို မိဘပြည်သူများ သိကြမယ်လို့ ထင်ပါတယ်ခင်ဗျာ။အဲ့ဒီလို ရွာသွန်းမှုတွေမှာ အိမ်ထဲမှာနေနေကြရတဲ့ ပြည်သူတွေကတော့ ဘာမှမဖြစ်ကြပေမယ့်

မင်းတပ်မြို့ရဲ့ စစ်ဘေးရှောင်နေရတဲ့ ပြည် သူ ၅၀၀ ခန့် ကတော့ဒီရွာသွန်းမှုဟာ သူတို့ကို အတော်လေးကို ဒုက္ခရောက်သွားစေပါတယ်။ စစ်ဘေးရှောင်တဲ့ သူတွေအထဲ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်း အဖိုးအဖွားများလည်းပါတာကြောင့် သူတို့ လမ်းခရီးလေးဟာ ကြန့်ကြာနေပါတယ်။

သူတို့ဟာ ရှောင်တိမ်းပြေးနေရတာကြောင့် လမ်းခရီးလေးမှာစားစရာနဲ့ အဝတ်အချို့ပဲပါပါတယ်။ဒီမိုးဒဏ်နဲ့ ပတ်သက်ပြီး အမိုးအကာဘာတစ်ခုမှမပါတဲ့အတွက် အရမ်းကိုမှ ဒုက္ခရောက်ခဲ့ကြပါတယ်။ တိမ်းရှောင်နေသူ ပြည် သူ ၅၀၀ ခန့်က သူတို့မြို့လေးရဲ့တောင်ကြားရှိ တောလမ်းလေးကနေ သွားနေရင်း

လမ်းရဲ့ တစ်နေရာနားလောက်မှာ မိုးတွေ သည်းထန်စွာ ရွာပြီး ချောင်း တစ်ခုမှာပိတ်မိနေကြတာပါ။အမိုးအကာမပါ အဖိုးအဖွားတွေနဲ့မို့ မိုးရွာလို့ လမ်းကချော်နဲ့မို့ အရမ်းကိုအဆင်မပြေဖြစ်ခဲ့ကြရပါတယ်။ ၁နာရီကြာတဲ့ အထိကိုလေပြင်းတွေကတိုက်နေတုန်းပါလို့ သိရပါတယ်။အမိုးအကာမရှိပဲကလေးတွေအပြင် သက်ကြီးပိုင်းတွေပါ ပါတာမို့ ကျန်းမာရေး အခြေနေကလည်း စိုးရိမ်စရာရှိလို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၈ ရက် နေ့မှာလည်းသူတို့ရဲ့ မြို့လေးပေါ်မှာ ပစ်ခတ်နေစဲ အခြေနေတွေ ရှိတာကြောင့် ပြည်သူတွေဟာထပ်မံပြီး တောထဲကို ထွက်လာကြတယ်လို့ သိရပါတယ်။ ဒီလိုထပ်ထွက်လာသူတွေနဲ့ယခင်ကတည်းကတိမ်းရှောင် နေသူတွေထဲမှာ ကလေးတွေနဲ့ အဖိုးအဖွားတွေပါတာကြောင့် လမ်းခရီးက ကြန့်ကြာနေပြီး ဒီလိုမိုးသည်းပြီးလေပြင်းတာနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ဒီလို သူတို့လေးတွေရဲ့ယာယီစခန်းတွေနဲ့တောရွာလေးတွေဆီကို မရောက်လာ ကြသေးတဲ့ စစ်ဘေးရှောင်ပြည်သူ ၅၀၀ ခန့်ဟာ ဒီမိုးသည်းပြီး လေပြင်းတဲ့ဒဏ်တွေကိုအခုထိ ခံစားနေကြရတုန်းလို့ ဆိုပါတယ်ခင်ဗျာ။

ဖတ်ရှု့ပေးခဲ့ကြတဲ့ မိဘပြည်သူများနဲ့ ချစ်ပရိသတ်ကြီးလည်း ခက်ခဲနေတဲ့ သူတို့လေးတွေအတွက် အေးချမ်းတဲ့နေရာလေး မြန်မြန်ရောက်နိုင်အောင် ဆုတောင်းပေးကြပါဦးဗျာ။ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးများကို နေ့စဉ် ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ မူရင်းရေးသားသူအားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။
Credit

Zawgyi

သည္းလြန္းတဲ့မိုးဒဏ္ ေၾကာင့္ပိတ္မိ ေနၾကတဲ့ ျပည္သူအခ်ိဳ႕ မဂၤလာပါခင္ဗ်ာ မေန႕က ညေန ၃ နာရီ ေလာက္မွာ ေလေတြအရမ္းတိုက္ၿပီး မိုးေတြအရမ္းသည္းတာကို မိဘျပည္သူမ်ား သိၾကမယ္လို႔ ထင္ပါတယ္ခင္ဗ်ာ။အဲ့ဒီလို ႐ြာသြန္းမႈေတြမွာ အိမ္ထဲမွာ ေနေနၾကရတဲ့ ျပည္သူ ေတြကေတာ့ ဘာမွမျဖစ္ၾကေပမယ့္

မင္းတပ္ၿမိဳ႕ရဲ႕ စစ္ေဘးေရွာင္ေနရတဲ့ ျပည္ သူ ၅၀၀ ခန့္ ကေတာ့ဒီ႐ြာသြန္းမႈဟာ သူတို႔ကို အေတာ္ေလးကို ဒုကၡေရာက္သြားေစပါတယ္။စစ္ ေဘး ေရွာင္ တဲ့ သူေတြအထဲ ကေလးငယ္ေတြနဲ႕ အသက္ႀကီးပိုင္း အဖိုး အဖြား မ်ားလည္းပါတာေၾကာင့္ သူတို႔ လမ္းခရီးေလးဟာ ၾကန့္ၾကာေနပါတယ္။

သူတို႔ဟာ ေရွာင္တိမ္းေျပးေနရတာေၾကာင့္ လမ္းခရီးေလးမွာစားစရာနဲ႕ အဝတ္အခ်ိဳ႕ပဲပါပါတယ္။ဒီမိုးဒဏ္နဲ႕ ပတ္သက္ၿပီး အမိုးအကာဘာတစ္ခုမွမပါတဲ့အတြက္ အရမ္းကိုမွ ဒုကၡေရာက္ခဲ့ၾကပါတယ္။တိမ္းေရွာင္ေနသူ ျပည္ သူ ၅၀၀ ခန့္က သူတို႔ၿမိဳ႕ေလးရဲ႕ေတာင္ၾကားရွိ ေတာလမ္းေလးကေန သြားေနရင္း

လမ္းရဲ႕ တစ္ေနရာနားေလာက္မွာ မိုးေတြ သည္းထန္စြာ ႐ြာၿပီး ေခ်ာင္း တစ္ခုမွာပိတ္မိေနၾကတာပါ။အမိုးအကာ မပါ အဖိုးအဖြားေတြနဲ႕မို႔ မိုး႐ြာလို႔ လမ္းကေခ်ာ္နဲ႕မို႔ အရမ္းကို အဆင္မေျပျဖစ္ခဲ့ၾကရပါတယ္။၁ နာရီ ၾကာတဲ့ အထိကို ေလျပင္းေတြက တိုက္ေနတုန္းပါလို႔ သိရပါတယ္။အမိုးအကာမရွိပဲကေလးေတြအျပင္ သက္ႀကီးပိုင္းေတြပါ ပါတာမို႔ က်န္းမာေရး အေျခေနကလည္း စိုးရိမ္စရာရွိလို႔ ေျပာပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ေမလ ၁၈ ရက္ ေန႕မွာလည္းသူတို႔ရဲ႕ ၿမိဳ႕ေလးေပၚမွာ ပစ္ခတ္ေနစဲ အေျခေနေတြ ရွိတာေၾကာင့္ ျပည္သူေတြဟာထပ္မံၿပီး ေတာထဲကို ထြက္လာၾကတယ္လို႔ သိရပါတယ္။ ဒီလို ထပ္ထြက္လာသူေတြနဲ႕ယခင္ကတည္းက တိမ္းေရွာင္ ေနသူေတြထဲမွာ ကေလးေတြနဲ႕ အဖိုးအဖြားေတြ ပါတာေၾကာင့္ လမ္းခရီးက ၾကန့္ၾကာေနၿပီး ဒီလို မိုးသည္းၿပီး ေလျပင္းတာနဲ႕ ႀကဳံေတြ႕ခဲ့ရတာပါ။

ဒီလို သူတို႔ေလးေတြရဲ႕ ယာယီ စခန္းေတြနဲ႕ ေတာ႐ြာ ေလးေတြဆီကို မေရာက္လာ ၾကေသးတဲ့ စစ္ ေဘး ေရွာင္ ျပည္သူ ၅၀၀ ခန့္ ဟာ ဒီ မိုး သည္းၿပီး ေလျပင္းတဲ့ဒဏ္ေတြကိုအခုထိ ခံစားေနၾကရတုန္းလို႔ ဆိုပါတယ္ခင္ဗ်ာ။

ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ မိဘျပည္သူမ်ားနဲ႕ ခ်စ္ပရိသတ္ႀကီးလည္း ခက္ခဲေနတဲ့ သူတို႔ေလးေတြအတြက္ ေအးခ်မ္းတဲ့ ေနရာေလး ျမန္ျမန္ေရာက္နိုင္ေအာင္ ဆုေတာင္းေပးၾကပါဦးဗ်ာ။ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႕ရက္ေလးမ်ားကို ေန႕စဥ္ ပိုင္ဆိုင္နိုင္ၾကပါေစခင္ဗ်ာ။ မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။
Credit

Add a Comment

Your email address will not be published. Required fields are marked *