ပြည်သူမဝယ်တဲ့ထီကို ပညာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနတွေမှာ မဝယ်မနေရဆိုပြီး အတင်းအကြပ်ရောင်းဖို့ကြိုးစားလာတဲ့ စစ်ကောင်စီ

Unicode

ပြည်သူမဝယ်တဲ့ထီကို ပညာရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနတွေမှာ မဝယ်မနေရဆိုပြီး အတင်းအကြပ်ရောင်းဖို့ကြိုးစားလာတဲ့ အကြမ်းဖက်စစ်ကောင်စီ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်မှာ ပြည်သူတွေက စစ်ကောင်စီကိုအယုံအကြည်မရှိတော့ဘဲ

စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတစ်ခုဖြစ်လာနိုင်တဲ့ အောင်ဘာလေထီကို ကံစမ်းဝယ်ယူခြင်းမရှိတာကြောင့် ထီဖွင့်ပွဲတွေကိုနှစ်လတစ်ကြိမ်ပြုလုပ်လာရပြီး ထီဆုကြီးတွေကိုလဲ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ ကျပ်သိန်းတစ်သောင်းခွဲအထိ ဖွင့်ခဲ့ရာမှာကျပ်

သိန်း ငါးထောင်အထိကို လျှော့ချခဲ့ရပါတယ်။ ထီဖွင့်ပွဲကို နှစ်လတစ်ကြိမ် ပြုလုပ်ပေမဲ့ထီထိုးကံစမ်းသူမရှိတာကြောင့် စ.စ်ကောင်စီဟာ အောင်ဘာလေထီလက်မှတ်တွေကို တက္ကသိုလ်၊ဒီဂရီ၊ကောလိပ်တွေကနေတဆင့် လစဉ် ထီရောင်းချဖို့ ပြင်ဆင်လာနေကြပါတယ်။လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi




Add a Comment

Your email address will not be published. Required fields are marked *