NLD ပါတီ ဖျက်သိမ်းဖို့ စဉ်းစားဆောင်ရွက်သွားမယ်လို့ ရွေးကော် ဥက္ကဋ္ဌ ပြောလာ

Unicode

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုအစိုးရအဖွ​ဲ့နဲ့ အာဏာပိုင်တွေဝင်ရောက်စွက်ဖက်တဲ့အထောက်အထားတွေကိုသတင်းစာတွေမှာဖော်ပြခဲ့ပြီဖြစ်ပြီး မကြာမီမှာ မဲစာရင်းတွေစစ်ဆေးပြီးစီးမှာဖြစ်သလို

အဲဒီလို ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ဖျက်သိမ်းဖို့နဲ့ ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အဖြစ်စစ်ဆေးစဉ်းစားဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကပြောလိုက်ပါတယ်။

“အဲဒီလို ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ဘယ်လိုလုပ်မလဲ၊ပါတီကိုဖျက်မလား။ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေသည် နိုင်ငံတော်သစ္စာဖောက်အနေနဲ့အရေးယူရမလား။စစ်ဆေးစဉ်းစားဆောင်ရွက်မှာဖြစ်ပါတယ်”လို့သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ မေ၂၁ ရက်မှာ နေပြည်တော်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာပြုလုပ်တဲ့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပွဲမှာခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

တွေ့ဆုံပွဲကို ဒီနေ့မနက် ၉ နာရီခန့်မှာပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီ ၉၁ပါတီကို ဖိတ်ကြားခဲ့တဲ့အနက်ဘယ်နှပါတီတက်ရောက်တယ်ဆိုတာတော့မသိရသေးပါဘူး။

ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLDတို့ကတော့တက်ရောက်ခြင်းမရှိပါဘူး။
Source: BBC
ဓာတ်ပုံ-WHO news agency

Zawgyi

ၿပီးခဲ့တဲ့ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုအစိုးရအဖြ​ဲ့နဲ႕ အာဏာပိုင္ေတြ ဝင္ေရာက္စြက္ဖက္တဲ့အေထာက္အထားေတြကို သတင္းစာေတြမွာေဖာ္ျပခဲ့ၿပီျဖစ္ၿပီး မၾကာမီမွာ မဲစာရင္းေတြစစ္ေဆးၿပီးစီးမွာ ျဖစ္သလို

အဲဒီလို ဥပေဒနဲ႕မညီ ႀကိဳတင္ႀကံစည္ေဆာင္႐ြက္ခဲ့တဲ့ NLD ပါတီကို ဖ်က္သိမ္းဖို႔နဲ႕ ေဆာင္႐ြက္ခဲ့တဲ့ပုဂၢိဳလ္ေတြကို နိုင္ငံေတာ္သစၥာေဖာက္အျဖစ္ စစ္ေဆးစဥ္းစားေဆာင္႐ြက္သြားမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသိန္းစိုးက ေျပာလိုက္ပါတယ္။

“အဲဒီလို ဥပေဒနဲ႕မညီ ႀကိဳတင္ႀကံစည္ေဆာင္႐ြက္ခဲ့တဲ့ NLD ပါတီကို ဘယ္လိုလုပ္မလဲ၊ ပါတီကို ဖ်က္မလား။ ေဆာင္႐ြက္ခဲ့တဲ့ပုဂၢိဳလ္ေတြသည္ နိုင္ငံေတာ္သစၥာေဖာက္အေနနဲ႕ အေရးယူရမလား။ စစ္ေဆး စဥ္းစားေဆာင္႐ြက္မွာျဖစ္ပါတယ္” လို႔ သူက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒီေန႕ ေမ ၂၁ ရက္မွာ ေနျပည္ေတာ္က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွာ ျပဳလုပ္တဲ့ နိုင္ငံေရးပါတီေတြနဲ႕ေတြ႕ဆုံပြဲမွာခုလိုေျပာၾကားလိုက္တာျဖစ္ပါတယ္။
ေတြ႕ဆုံပြဲကို ဒီေန႕မနက္ ၉ နာရီခန႔္မွာျပဳလုပ္ခဲ့တာျဖစ္ၿပီး နိုင္ငံေရးပါတီ ၉၁ ပါတီကို ဖိတ္ၾကားခဲ့တဲ့အနက္ ဘယ္ႏွပါတီတက္ေရာက္တယ္ဆိုတာေတာ့ မသိရေသးပါဘူး။

ဒါေပမဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD နဲ႕ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ CNLD တို႔ကေတာ့ တက္ေရာက္ျခင္းမရွိပါဘူး။
Source: BBC
ဓာတ္ပုံ-WHO news agency

Add a Comment

Your email address will not be published. Required fields are marked *