ဖေဖေ့ ဆီကို သွားမယ် ဆိုပြီး အိတ်ထဲကို ပစ္စည်းတွေ ထည့် နေတဲ့ သားငယ်လေးရဲ့ပုံလေးကို ကြည့်ပြီး စိတ်မ ကောင်းစွာ နဲ့ ရေးသားလာတဲ့ မင်းမော်ကွန်းရဲ့စာလေး

Unicode

ပရိတ်သတ်ကြီးရေ…ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသားချော မင်းမော်ကွန်းဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်း ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီ ထူးချွန်ဆုကြီးကိုထိုက်ထိုက်တန်တန် ရရှိထားတာပဲဖြစ်ပါတယ်နော်။

မင်းမော်ကွန်းက လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ထိပ်ဆုံးကနေပါဝင်ခဲ့တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

မင်းမော်ကွန်းက လူထု လှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေ ကို ဘေးချိတ်ပြီး လူငယ်တွေရဲ့ အနာဂတ်အိမ်မက် တွေ မပျောက်အောင် တာဝန်သိပြည်သူတစ်ယောက် အနေနဲ့စိတ်အားထက်သန်စွာပါဝင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းမပေါ်ထွက်ထွက်ပြီး ပြည်သူလူနဲ့အတူ အမှန်တရားအတွက် တိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်နော်။

အဲ့ဒီလိုပါဝင်ခဲ့တဲ့ အတွက်လည်း ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့် ဝရမ်းထုတ်ခံထားရတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်း သူ့အနေနဲ့ ခြိမ်းခြောက်ခံရမှုတွေရှိနေတာကြောင့်ခုဆိုမိသားစုနဲ့ခွဲခွာကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

ဒီလို တိမ်းရှောင်နေရတဲ့ အချိန်တွေမှာတောင် သူ့ရဲ့လူမှုကွန်ယက်ကနေပြီးသတင်း အချက်အလက်တွေနဲ့အတူပြည်သူတွေ ခွန်အားဖြစ်စေမယ့်စာလေးတွေကိုဝေမျှပေးနေဆဲပါ။

ဒီနေ့မှာဆိုရင်လည်း မင်းမော်ကွန်းရဲ့သားအငယ်ဆုံးလေးက အဖေဖြစ်သူနဲ့ ခွဲခွါနေရတာကြာလာပြီဖြစ်တဲ့အတွက် အဖေကိုအရမ်းလွမ်းတဲ့စိတ်နဲ့

အဖေရှိတဲ့နေရာကိုလိုက်မယ်ဆိုပြီးပြင်ဆင်နေတဲ့သားလေးကိုကြည့်ပြီးဝမ်းနည်းစိတ်မကောင်း ဖြစ်နေရတဲ့အကြောင်းကိုအခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

မင်းမော်ကွန်းက “အဖေဆီသွားချင်လို့ သူ့ဟာသူပစ္စည်း တွေထည့်ထားတယ်တဲ့လေခဏစောင့်ပါဦးသားရယ် အဖေကိုယ်တိုင်တောင်ခုထိဟိုပြေးဒီလွှားနဲ့အတည်တကျမရှိသေးတာကျောပိုးအိပ်တစ်လုံးနဲ့ ကျောတစ် ခင်းစာနေရာကလွဲပြီးတနင့်တပိုးမျှော်လင့်ချက်တွေကလွဲပြီးတစ်စစီလိုက်ပြန်ကောက်နေရတဲ့

ယုံကြည်ချက်တချို့တလေကလွဲပြီးအရင်းအနှီးကြီးလွန်းတဲ့ လိပ်ပြာသန့်သန့်တစ်စုံကလွဲပြီးချစ်ခြင်းမေတ္တာနဲ့ သတိရခြင်းတွေကလွဲပြီးခု ချိန်ထိလမ်းပျောက်နေရုံကလွဲပြီးအဖေ့ဆီမှာဘာမှမရှိလို့

ငါ့သားအတွက်ဘာတစ်ခုမှမတတ်နိုင်သေးတာအဖေ့ကိုခွင့်လွှတ်ပါ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်တင့်စိတ်မကောင်းစွာ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်နော်။
Source : Kyaw Kyaw Htay Lwin’s Fb Acc

Zawgyi

ပရိတ္သတ္ႀကီးေရ…ျပည္သူခ်စ္ အႏုပညာရွင္တစ္ဦးျဖစ္တဲ့ မင္းသားေခ်ာ မင္းေမာ္ကြန္းဟာဆိုရင္ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို က်ရာဇာတ္႐ုပ္တိုင္း ပီျပင္ ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္တဲ့အတြက္ အကယ္ဒမီ ထူးခြၽန္ဆုႀကီးကို ထိုက္ထိုက္တန္တန္ ရရွိထားတာပဲျဖစ္ပါတယ္ေနာ္။

မင္းေမာ္ကြန္းက လတ္တေလာ ျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေျခအေနေတြနဲ႕ ပတ္သက္ၿပီး ျပည္သူလူထုနဲ႕အတူ ထိပ္ဆုံးကေနပါဝင္ခဲ့တဲ့ သူတစ္ဦးပဲျဖစ္ပါတယ္။

မင္းေမာ္ကြန္းက လူထု လႈပ္ရွားမႈေတြမွာ ေအာင္ျမင္မႈေတြကို ေဘးခ်ိတ္ၿပီး လူငယ္ေတြရဲ႕ အနာဂတ္အိမ္မက္ ေတြ မေပ်ာက္ေအာင္ တာဝန္သိျပည္သူတစ္ေယာက္ အေနနဲ႕စိတ္အားထက္သန္စြာပါဝင္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လမ္းမေပၚထြက္ထြက္ၿပီး ျပည္သူလူနဲ႕အတူ အမွန္တရားအတြက္ တိုင္ပြဲဝင္ခဲ့တာျဖစ္ပါတယ္ေနာ္။အဲ့ဒီလိုပါဝင္ခဲ့တဲ့ အတြက္ လည္း ပုဒ္မ ၅၀၅(က)နဲ႕အမႈဖြင့္

ဝရမ္းထုတ္ခံထားရတာပဲျဖစ္ပါတယ္။ဒါ ေၾကာင့္လည္း သူ႕အေနနဲ႕ ၿခိမ္း ေျခာက္ ခံရမႈေတြရွိေနတာေၾကာင့္ခုဆို မိသားစုနဲ႕ခြဲခြာကာ တိမ္းေရွာင္ေနရတာလည္းျဖစ္ပါတယ္။

ဒီလို တိမ္းေရွာင္ေနရတဲ့ အခ်ိန္ေတြမွာေတာင္ သူ႕ရဲ႕လူမႈကြန္ယက္ကေနၿပီးသတင္း အခ်က္အလက္ေတြနဲ႕အတူျပည္သူေတြ ခြန္အားျဖစ္ေစမယ့္စာေလးေတြ ကိုေဝမွ်ေပးေနဆဲပါ။

ဒီေန႕မွာဆိုရင္လည္း မင္းေမာ္ကြန္းရဲ႕သားအငယ္ဆုံးေလးက အေဖျဖစ္သူနဲ႕ ခြဲခြါေနရတာၾကာလာၿပီျဖစ္တဲ့အတြက္ အေဖကိုအရမ္းလြမ္းတဲ့စိတ္နဲ႕အေဖရွိတဲ့ေနရာကိုလိုက္မယ္ဆိုၿပီးျပင္ဆင္ေနတဲ့သားေလးကိုၾကည့္ၿပီးဝမ္းနည္းစိတ္မေကာင္း ျဖစ္ေနရတဲ့အေၾကာင္းကိုအခုလိုပဲေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။

မင္းေမာ္ကြန္းက “အေဖဆီသြားခ်င္လို႔ သူ႕ဟာသူပစၥည္း ေတြထည့္ထားတယ္တဲ့ေလခဏေစာင့္ပါဦးသားရယ္ အေဖကိုယ္တိုင္ေတာင္ခုထိဟိုေျပးဒီလႊားနဲ႕အတည္တက်မရွိေသးတာေက်ာပိုးအိပ္တစ္လုံးနဲ႕ ေက်ာတစ္ ခင္းစာေနရာကလြဲၿပီးတနင့္တပိုးေမွ်ာ္လင့္ခ်က္ေတြကလြဲၿပီးတစ္စစီလိုက္ျပန္ေကာက္ေနရတဲ့

ယုံၾကည္ခ်က္တခ်ိဳ႕တေလကလြဲၿပီးအရင္းအႏွီးႀကီးလြန္းတဲ့ လိပ္ျပာသန႔္သန႔္တစ္စုံကလြဲၿပီးခ်စ္ျခင္းေမတၱာနဲ႕ သတိရျခင္းေတြကလြဲၿပီးခု ခ်ိန္ထိလမ္းေပ်ာက္ေန႐ုံကလြဲၿပီးအေဖ့ဆီမွာဘာမွမရွိလို႔

ငါ့သားအတြက္ဘာတစ္ခုမွမတတ္နိုင္ေသးတာအေဖ့ကိုခြင့္လႊတ္ပါ” ဆိုၿပီး သူ႕ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေနတစ္တင့္စိတ္မေကာင္းစြာ ေျပာျပလာခဲ့တာပဲ ျဖစ္ပါတယ္။ဖတ္ရႈေပးတဲ့ပရိတ္သတ္တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ရွိပါတယ္ေနာ္။
Source : Kyaw Kyaw Htay Lwin’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *