အယ်နီညိုမှာ ဒီရောဂါကြောင့် အများကြီး သေနိုင်ပါတယ် သတိထားကြပါ

Unicode

ညနေ ကတောင်ဖြစ်သေးတယ် တံတွေး ခန်းပြီး လူက မိုက်ကနဲပဲ ရေပြေးသောက် လိုက်မှသ က် သာတယ် အယ်နီညိုမှာ ဒီရောဂါ ကြောင့် အ များ ကြီးသေ နိုင်ပါ တယ်။ အဲ့တာ ကတော့

Heat Stroke ဆိုတဲ့ အပူလျှပ်တဲ့ ရောဂါပေါ့ ကျွ န်တော် ဖြစ်ဖူးပါတယ်။ ကားစီးနေရင်း ခန္ဓာကိုယ်တစ်ခုလုံး ပူလာပါတယ်။ ပါးစပ်နှာခေါင်း မျက်စိတွေက အစပေါ့။ ပြီးတော့ ဒီလောက် ပူနေတာကို

ချွေးက မထွက်ဘူး။ ခေါင်းတွေမူး ခြေတွေလက်တွေ တုန်လာတယ်။ ဖြစ်တာက ဥက္ကံမြို့ အကျော်ဖလုံရွာ နားမှာ။ Express ပေါ်မှာ နာရီ တွက် ကြည့် မိတယ်။ နောက် မိနစ်၂၀ မှတိုက်ကြီး ရောက်

 မယ်။ ရေသန့်ဗူးကို သောက်ပါတယ်။ မရ။ သော က်ပြီး တာ နဲ့ ပါးစပ် ထဲမှာ တံတွေး မရှိ တော့ပါ။ခြောက်ကပ် သွားပါတယ်။ ရေလဲကုန်ပြီ။ ပေလို့ မရတော့ ကားစပါယ်ယာ ခေါ်ပြီး ဓါတ်ဆားထုပ်

ဘယ်သူ့မှာ ပါလည်းဆိုပြီး အကူအညီ တောင်းပါတယ်။ ဓါတ်ဆား နှစ်ထုပ် ရပါတယ်။ ရေဗူး တွေလည်း ရပါတယ်။ သောက်လိုက် တော့ပါးစပ် မှာတံတွေး ပြန်ထွက် လာပါတယ်။ မူးတာ မပျောက်

နှလုံးခုန် မြန်တာ နဲနဲသက်သာ ပါတယ်။ မူးတာနဲ့ခြေတွေ လက်တွေ ကတော့ ကပ်နေ တုန်းပါ။ တို က်ကြီး မှာဆင်းပြီး အနီးဆုံးက ဆေးခန်းကို ကျွန် တော်ပြေးပါတယ်။ ဟိုရောက်တော့ ဆရာဝန် ကို Heat Stroke မိတာ ထင်တယ် လို့ပြောပါတယ်။

သွေးချိန်တော့ ၅၀/၄၀ ကိုကျ သွားပါပြီ။ ဆရာဝ န် မလေးက ချက်ချင်း ဒရစ်ချိတ် ဆယ်လူ ပေးပြီပေါ့။ ရှင့်ဆုံးဖြတ်ချက် မှန်တယ်။ မဟုတ် ရင် အ သက် အန္တရာယ် နီးတယ်တဲ့။ ဒရစ်ချိတ် ပြီးတော့

၆၀/၇၀ ပြန်တက် လာတယ်။ သတိရှိ လို့ပါ။ ပေရင် သေပါတယ်။ ဒါကြောင့် ချွေးမထွက်ပဲ တကိုလယ်လုံး ပူလာမယ် တံတွေး ဆုတ်သွားရင် သ တိ ထားပါ။ မရှက်ပါနဲ့။ ရေ ဖျော်ရည် ဓါတ်ဆား

ရေသောက်ပါ။ အချိန် မဆွဲပါနဲ့။ ရောက်တဲ့နေရာ က ကျန်းမာရေး ဌာနာမှာ ဒရစ်ချိတ်ပါ ဓါတ်ဆား ကတော့ နေရာတိုင်း ရှိပါတယ်။ ချက်ချင်းသော က်ပါလို့ ဖြစ်ဖူးတာကို တင်ပြပါတယ်။ အယ်နီညို

မှာ ကိုယ့်ဟာကိုယ် Heat Stroke ဖြစ်တာ မသိရ င် ဒုက္ခနဲ့ လှလှ တွေ့မှာပါ။ သတိ ထား ပေးကြပါ။ပေလို့ မရပါ။ ၁၅မိနစ် အတော အတွင်း Body heat ကို ၄၀အောက် ပြန်မချနိင်ရင် ဆိုးရွားသွား

နိင်ပါတယ်။ ရေ ဖျော်ရည် ဓါတ်ဆား အဓိကပါ။ မဟုတ်တဲ့ ဆေးတွေ လျှောက် တိုက် ရင် အဖျားဆေးတွေ သောက်မိရင် အဆင်းဘီး တပ်သလို ထိန်းရတော့မှာမဟုတ်ပါ။ ဒါကြောင့် အပူလျှပ်

တာကို ဖျားတာ နဲ့ရောမှာ စိုးလို့ပါ။ ဒီလို အချိန်မှာ ကျန်းမာ ရေးကိုလဲ ဂရုစိုက်ကြပါ။ နီးစပ်ရာလည်း သတိပေးပါ။ လာမှာနော် အယ်နီညိုနဲ့ အ တူ Heat Stroke တဲ့။ ။ Ko Myat Oo (ထပ်ဆင့်ဖြန့်ဝေပါ )

Add a Comment

Your email address will not be published. Required fields are marked *