မင်းတပ်မြို့ကို အရမ်းလှူချင်တာကြောင့် ကမ်းလှမ်းလာတဲ့အ လုပ်ကို ဘယ်လောက်ရရ လက်ခံလိုက်တဲ့အကြောင်း ပြောပြလာတဲ့ ဟန်နာယူရီ

Unicode

မြန်မာ့နွေဦးတော်လှန်ရေးမှာ အစွမ်းကုန်ကြိုးစားပါဝင်ခဲ့တဲ့ ဟန်နာယူရီကတော့ လက်ရှိမှာကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ် ပြီး ကိုယ့်နိုင်ငံအတွက် Speak out တွေအများကြီး လုပ်ပေးနေသူပဲဖြစ်ပါတယ်။

မြန်မာအရေးနဲ့ ပက်သက်ပြီးတော့လည်း သတင်းအမှန်တွေကို အင်တာဗျူးဖြေပေးကာ ကမ္ဘာကသိအောင် ချပြပေးနေတာ ဖြစ်ပါတယ်။ သူမက လူအားရော၊ငွေအားပါ တတ်နိုင်သလောက်ပါ ဝင်ကူညီအားဖြည့်ပေးနေတာကိုလည်းတွေ့ရပါတယ်။

သူမကို ဝေဖန်တိုက်ခိုက်တဲ့သူတွေ ရှိနေပေမယ့်လည်း ရှေ့ဆက်ပြီးအမှန် တရားဘက်ကနေ ရပ်တည်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို အလုပ်ကမ်းလှမ်းတဲ့သူရှိတာကြောင့် မင်းတပ်ကိုလှူခွင့်ရတော့မှာမို့ ဝမ်းသာပီတီဖြစ်နေတာကို ပြောပြပေးလာတာ ဖြစ်ပါတယ်။

ကျွန်မက ကျွန်မအရင်ကအလုပ်တွေဆို အရမ်းချီးများပါတယ် ကျွန်မ managers တွေကလည်းအရမ်းစစ်ပေးတာ တော်ရုံမလုပ်ပါဘူး အဆင်ပြေမှလုပ်ဖြစ်တာပါ အခုအခြေအနမှာ income လည်းမရှိဘူး။ 100000အလိုက် သွားရိုက်ကူးရေးသွားလုပ်ပါမယ် wall ပေါ်တစ်ရက်မပျက်

speak outလုပ်ခဲ့တာရက် 100 ကျော်ပြီ ဒီထက်ပိုကူညီပေးချင်တယ် မလုပ်ပေးနိုင်တာကို ပိုအရမ်းစိတ်အားငယ်ပါတယ် ကျွန်မရဲ့SNS တွေမှာကိုးရီးယာလူမျိုးfollowersတွေထောင်ချီတက်နေပါတယ် မြန်မာကိုဘယ်လို ထိရောက်အောင်ကူညီမလဲ donationsလုပ်ပေးဖို့ တိုက်တွန်းနေပါတယ်။

Korea မှာ အခြေခံအလုပ်သမားတွေတောင် တစ်လ ဝမ် 2.8 သန်းရပါတယ်။ ကျွန်မတို့ကို လှူဖို့ ၁သိန်း /၃သိန်းလောက်က သူတို့အတွက် တစ်ခါအပြင်ထွက်စားလောက်ပါပဲ။ ဒါကြောင့်ညိုးငယ်စွာပဲ Korea ပြည်သူတွေ မြန်မာကိုပိုက်ဆံနည်းနည်းလှူပေးဖို့တောင်းနေပါတယ်။

Media တွေ YouTube channel တွေအများကြီး ကဆက်သွယ်လာပေမဲ့ ကျွန်မကို အခကြေးငွေမပေးကြပါဘူး ဖြေပေးရင် မြန်မာကိုဘယ်လောက် လှူပေးမလဲညှိပေမဲ့ အချို့ကမပေးချင်တဲ့အတွက် ကျွန်မတို့ရဲ့မတရားမှုတွေကိုသာချပြဖို့ အခမဲ့သွားဖြေခဲ့ပါတယ်။

Korea life ကအရမ်း ခက်ခဲပါတယ်အ စစအရာရာ အရမ်းဈေးများပါတယ် ကျွန်မကိုယ်ကျွန်မတောင် မနည်းရုန်းနေရတာပါ အခုအခက်ခဲတွေကြားထဲက ဒီရောက်လာပြီး ပထမဆုံးပိုက်ဆံရတော့မှာ မင်းတပ်ကို လှူလို့ရတော့မှာကိုဝမ်းသာလွန်းလို့ပါ ပြောပြတာပါ။

တစ်နာရီခွဲလောက်ကြာမယ်တဲ့ပြောပါတယ် အခုချိန်မှာဒီလိုဖြစ်တည်မှုတွေနှမ့်ချပြီး နေနေရပေမဲ့ တော်လှန်ရေး အောင်မြင်ချိန်ကျအလုပ်တွေအများကြီးကို အရင်လို ဝံ့ကြွားစွာပြန်လုပ်မယ် ပိုအောင်မြင်အောင် ကြိုးစားဖို့ ကိုယ့်ကိုယုံကြည်ပါတယ်။

တော်လှန်ရေး အောင်မြင်တဲ့ထိ ကျန်းကျန်းမာမာဘေးကင်းပြီး ကျွန်မနဲ့ အတူတူရှိပေးပါနော်ဆိုပြီး သူမရဲ့လူမူကွန်ယက် စာ မျက်နှာထက်တွင် ရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။ သူ များနိုင်ငံကနေ အခုလိုကိုယ့်တိုင်းပြည်အကျိုးအတွက် အလုပ်ကနေဘယ် လောက်ပဲရရလက်ခံပြီး အလှူပြုပေးမှာမို့ ယိင်းကိုပရိ သတ်တွေက ကျေးဇူးတင်ပြီးဆုတောင်းစကားတွေပြောပေးနေကြတာကိုတွေ့ရပါတယ်။

ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေတဲ့ ယိင်းကို အားလုံးကချစ်ခင် လေးစားနေကြတာပဲဖြစ်ပါတယ်နော်။မူးရင်းရေးသားသူကိုခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *