သူတို့လိုအဖြစ်မျိုး အလှူရှင်တွေ ဘယ်တော့မှမကြုံကြပါစေနဲ့ ဆိုပြီး ပြန်လည်ဆုတောင်းပေးကြတဲ့ စစ်ဘေးရှောင်တွေရဲ့စကားသံ

Unicode

သူတို့လိုအဖြစ်မျိုး အလှူရှင်တွေ ဘယ်တော့မှမကြုံကြပါစေနဲ့ ဆိုပြီး ပြန်လည်ဆုတောင်းပေးကြတဲ့ စစ်ဘေးရှောင်တွေရဲ့စကားသံ

ပြည်တွင်း၊ပြည်ပမှာနေထိုင်ကြတဲ့ မြန်မာလူမျိုးတွေကတော့ လက်ရှိအခြေအနေမှာ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီနေကြတာပဲဖြစ်ပါတယ်။အခုချိန်ထိဆိုရင် စစ်ဘေးရှောင်ပြည်သူတွေလည်း အယောက်ထောင်ကျော်နေပြီဖြစ်သလို တချို့နေရာတွေမှာ ဗုံးတွေကွဲ၊မီးတွေလောင်လို့ ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

စေတနာရှင်တွေကလည်း ဘယ်သူ့ရဲ့အခက်အခဲကိုမဆို မျှဝေခံစားပေးပြီး တတ်နိုင်သလောက်လှူဒါန်းနေကြတာဖြစ်ပါတယ်။ပရဟိတလူငယ်လေးတွေကလည်း စစ်ဘေးရှောင်ပြည်သူတွေထံသွားရောက်ပြီး အစားအသောက်နဲ့ပစ္စည်းတချို့လှူဒါန်းကြသလို အားပေးစကားလေးတွေလည်းပြောပေးခဲ့ကြတာဖြစ်ပါတယ်။

အခုချိန်မှာ ငွေအားတတ်နိုင်တဲ့သူကလည်း ငွေအားပါဝင်ပြီး လုပ်အားတတ်နိုင်တဲ့သူကလည်း မိမိတို့ခွန်အားနဲ့အစွမ်းကုန်ကူညီကြတာဖြစ်ပါတယ်။ပြည်ပရောက်နေကြတဲ့မြန်မာလူမျိုးတွေကလည်း မိမိတို့ရဲ့သွေးချင်းမောင်နှမတွေကို ပစ်မထားကြဘဲ အဝေးကနေလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။

စစ်ဘေးဒုက္ခကိုခံစားနေရတဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေကလည်း အလှူရှင်တွေကို “သူတို့လိုအဖြစ်မျိုးဘယ်တော့မှမကြုံကြပါစေနဲ့”ဆိုပြီး ပြန်လည်ဆုတောင်းပေးကြတာဖြစ်ပါတယ်။နေ့ညမရွေး စိုးရိမ်ထိတ်လန့်နေရပြီး အဆင်ပြေသလိုနေထိုင်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့ဒုက္ခကို ပြည်သူလူထုကလည်း ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း စေတနာရှင်တွေက စစ်ဘေးသင့်ပြည်သူတွေကို တတ်နိုင်သလောက်ကူညီပေးပြီး သူတို့နဲ့အတူရပ်တည်ပေးနေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
crd-original

Zawgyi

သူတို႔လိုအျဖစ္မ်ိဳး အလႉရွင္ေတြ ဘယ္ေတာ့မွမႀကဳံၾကပါေစနဲ႕ ဆိုၿပီး ျပန္လည္ဆုေတာင္းေပးၾကတဲ့ စစ္ေဘးေရွာင္ေတြရဲ႕စကားသံ

ျပည္တြင္း၊ျပည္ပမွာေနထိုင္ၾကတဲ့ ျမန္မာလူမ်ိဳးေတြကေတာ့ လက္ရွိအေျခအေနမွာ တစ္ေယာက္ကိုတစ္ေယာက္ေဖးမကူညီေနၾကတာပဲျဖစ္ပါတယ္။အခုခ်ိန္ထိဆိုရင္ စစ္ေဘးေရွာင္ျပည္သူေတြလည္း အေယာက္ေထာင္ေက်ာ္ေနၿပီျဖစ္သလို တခ်ိဳ႕ေနရာေတြမွာ ဗုံးေတြကြဲ၊မီးေတြေလာင္လို႔ ပ်က္စီးဆုံးရႈံးမႈမ်ားနဲ႕ ႀကဳံေတြ႕ေနရတာျဖစ္ပါတယ္။

ေစတနာရွင္ေတြကလည္း ဘယ္သူ႕ရဲ႕အခက္အခဲကိုမဆို မွ်ေဝခံစားေပးၿပီး တတ္နိုင္သေလာက္လႉဒါန္းေနၾကတာျဖစ္ပါတယ္။ပရဟိတလူငယ္ေလးေတြကလည္း စစ္ေဘးေရွာင္ျပည္သူေတြထံသြားေရာက္ၿပီး အစားအေသာက္နဲ႕ပစၥည္းတခ်ိဳ႕လႉဒါန္းၾကသလို အားေပးစကားေလးေတြလည္းေျပာေပးခဲ့ၾကတာျဖစ္ပါတယ္။

အခုခ်ိန္မွာ ေငြအားတတ္နိုင္တဲ့သူကလည္း ေငြအားပါဝင္ၿပီး လုပ္အားတတ္နိုင္တဲ့သူကလည္း မိမိတို႔ခြန္အားနဲ႕အစြမ္းကုန္ကူညီၾကတာျဖစ္ပါတယ္။ျပည္ပေရာက္ေနၾကတဲ့ျမန္မာလူမ်ိဳးေတြကလည္း မိမိတို႔ရဲ႕ေသြးခ်င္းေမာင္ႏွမေတြကို ပစ္မထားၾကဘဲ အေဝးကေနလႉဒါန္းေပးေနၾကတာျဖစ္ပါတယ္။

စစ္ေဘးဒုကၡကိုခံစားေနရတဲ့ ေသြးခ်င္းညီအစ္ကိုေမာင္ႏွမေတြကလည္း အလႉရွင္ေတြကို “သူတို႔လိုအျဖစ္မ်ိဳးဘယ္ေတာ့မွမႀကဳံၾကပါေစနဲ႕”ဆိုၿပီး ျပန္လည္ဆုေတာင္းေပးၾကတာျဖစ္ပါတယ္။ေန႕ညမေ႐ြး စိုးရိမ္ထိတ္လန႔္ေနရၿပီး အဆင္ေျပသလိုေနထိုင္ေနရတဲ့ စစ္ေဘးေရွာင္ေတြရဲ႕ဒုကၡကို ျပည္သူလူထုကလည္း ကိုယ္ခ်င္းစာေနၾကတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္လည္း ေစတနာရွင္ေတြက စစ္ေဘးသင့္ျပည္သူေတြကို တတ္နိုင္သေလာက္ကူညီေပးၿပီး သူတို႔နဲ႕အတူရပ္တည္ေပးေနတဲ့အေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
crd-original

Add a Comment

Your email address will not be published. Required fields are marked *