အမေရိကန်ရှိချင်းလူမျိုးများမှ အလှမယ်သူဇာ၀င့်လွင်အားဂုဏ်ပြုပွဲကျင်းပပေး

Unicode

၆၉ ကြိမ်မြောက်မယ်စကြာ၀ဠာပြိုင်ပွဲ (Miss Universe) ပြိုင်ပွဲတွင်ယှဉ်ပြိုင်ခဲ့သည့်အလှမယ်သူဇာ၀င့်လွင်အား အမေရိကန်နိုင်ငံ၊ဖလော်ရီဒါပြည်နယ်ရှိ

ချင်းလူမျိုးများမှပြိုင်ပွဲအပြီးဂုဏ်ပြုပွဲကျင်းပပေးသလိုလိုအပ်သည့်အကူအညီအချို့ပေးသည်ဟု၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ယနေ့ရေးသားဖော်ပြထားသည်။

“ဖလော်ရီဒါ(Florida)မှာရှိတဲ့ချစ်ရတဲ့ချင်းလူမျိုးတွေကသူဇာ့ကိုဂုဏ်ပြုပွဲလေးပြုလုပ်ပေးပီး

အားပေးစကားတွေရောလိုအပ်ရင်သုံးဖို့တွေရောပေးတဲ့အတွက်အရမ်းဝမ်းသာပီးကျေးဇူးလဲအရမ်းတင်ပါတယ်။

ပွဲမှာလိုအပ်တဲ့အရာတွေအခက်အခဲတွေရောပီးတော့NC winner ရတာလဲချင်းလူမျိုးတွေရဲ့ကျေးဇူးတွေကြောင့်ပါပဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင် “ဟုရေးသားထားသည်။

ယင်းပြိုင်ပွဲကြီးတွင် ချင်းပြည်နယ်၊ဟားခါးမြို့ကိုကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် Miss Universe Myanmar အလှမယ် သူဇာ၀င့်လွင်သည်

ချင်းတိုင်ရင်းသားရိုးရာ၀တ်စုံဖြင့် National Costume နိုင်ငံ့ကိုယ်စားပြုရိုးရာဝတ်စုံဆုရရှိခဲ့ခြင်းဖြစ်သည်။ယင်း၀တ်စုံကိုလည်းအမေရိကန်ရှိချင်းလူမျိူးများမှကူညီပေးခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကြီးတွင်အလှမယ်သူဇာ၀င့်လွက်အနေဖြင့် နောက်ဆုံးအဆင့်စကာတင် Top 21ထိရောက်ရှိခဲ့သည့်အတွက်

မယ်စကြာ၀ဠာပြိုင်ပွဲ၀င်ပြိုင်ခဲ့သည့်မြန်မာ့သမိုင်းတစ်လျှောက် ပထမဆုံး‌ဖြစ်ကြောင်းသိရသည်။ mizzima

Zawgyi

၆၉ ႀကိမ္ေျမာက္ မယ္စၾကာ၀ဠာၿပိဳင္ပြဲ (Miss Universe) ၿပိဳင္ပြဲတြင္ယွဥ္ၿပိဳင္ခဲ့သည့္ အလွမယ္သူဇာ၀င့္လြင္အား အေမရိကန္နိုင္ငံ၊ဖေလာ္ရီဒါျပည္နယ္ရွိ

ခ်င္းလူမ်ိဳးမ်ားမွၿပိဳင္ပြဲအၿပီးဂုဏ္ျပဳပြဲက်င္းပေပးသလိုလိုအပ္သည့္အကူအညီအခ်ိဳ႕ေပးသည္ဟု

၎၏လူမႈကြန္ယက္စာမ်က္ႏွာတြင္ ယေန႕ေရးသားေဖာ္ျပထားသည္။

“ဖေလာ္ရီဒါ(Florida)မွာရွိတဲ့ခ်စ္ရတဲ့ခ်င္းလူမ်ိဳးေတြကသူဇာ့ကိုဂုဏ္ျပဳပြဲေလးျပဳလုပ္ေပးပီးအားေပးစကားေတြေရာ လိုအပ္ရင္သုံးဖို႔ေတြေရာေပးတဲ့အတြက္အရမ္းဝမ္းသာပီးေက်းဇူးလဲအရမ္းတင္ပါတယ္

ပြဲမွာလိုအပ္တဲ့အရာေတြအခက္အခဲေတြေရာ ပီးေတာ့NC winnerရတာလဲခ်င္းလူမ်ိဳးေတြရဲ႕ေက်းဇူးေတြေၾကာင့္ပါပဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္ “ဟု ေရးသားထားသည္။

ယင္းၿပိဳင္ပြဲႀကီးတြင္ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ကို ကိုယ္စားျပဳယွဥ္ၿပိဳင္ခဲ့သည့္ Miss Universe Myanmar အလွမယ္ သူဇာ၀င့္လြင္သည္

ခ်င္းတိုင္ရင္းသားရိုးရာ၀တ္စုံျဖင့္ National Costume နိုင္ငံ့ကိုယ္စားျပဳရိုးရာဝတ္စုံဆု ရရွိခဲ့ျခင္းျဖစ္သည္။ယင္း၀တ္စုံကိုလည္းအေမရိကန္ရွိခ်င္းလူမ်ိဴးမ်ားမွကူညီေပးခဲ့ျခင္းျဖစ္သည္။

ယင္းၿပိဳင္ပြဲႀကီးတြင္ အလွမယ္သူဇာ၀င့္လြက္အေနျဖင့္ ေနာက္ဆုံးအဆင့္ စကာတင္ Top 21 ထိေရာက္ရွိခဲ့သည့္အတြက္

မယ္စၾကာ၀ဠာၿပိဳင္ပြဲ၀င္ၿပိဳင္ခဲ့သည့္ ျမန္မာ့သမိုင္းတစ္ေလွ်ာက္ ပထမဆုံး‌ျဖစ္ေၾကာင္းသိရသည္။ mizzima

Add a Comment

Your email address will not be published. Required fields are marked *