“မင်းတပ်” ဟာ ချင်းပြည်နယ် (တောင်ပိုင်း)က သိပ်လှတဲ့ မြို့ကလေးပါ

Unicode

“မင်းတပ်” ဟာ
ချင်းပြည်နယ် (တောင်ပိုင်း)က သိပ်လှတဲ့မြို့ကလေးပါ

တောတောင်ထူထပ်ပြီး ပေ5000 နီးပါးမြင့်တာမို့
နွေခေါင်ခေါင်မှာတောင် ရာသီဥတုအေးမြတယ်ရန်ကုန်သူ / ရန်ကုန်သားတွေ သိပ်သဘောကျတဲ့မြို့ကလေးဆိုလည်းမမှားဘူး

အရပ်သားအစိုးရလက်ထက် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတာနှင့်အမျှ ခရီးသွားလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာပါတယ်

မင်းတပ်မြို့ကလေးဟာ မကွေးတိုင်းဒေသကြီး၊ အညာ ပခုက္ကူမြို့၊ကျောက်ထုမြို့တို့မှတဆင့် လမ်းသင့်သော တောင်ပေါ်မြို့ကလေးမို့အာဏာမသိမ်းခင်အချိန်ထိ ဧည့်သည်အဝင်/အထွက်တွေနဲ့စည်ကားခဲ့ဖူးပါတယ်

မင်းတပ်မြို့ အပါအဝင် ချင်းမြို့လေးတွေဟာတောင်ဇလပ်ပန်းတွေရဲ့ အလှကြောင့် နာမည်ကြီးပြီးချယ်ရီပန်းတွေနဲ့လည်းထင်ရှားပြန်တယ် ချင်းတောင်တန်းမှာ ပွင့်သောချယ်ရီပန်းတွေဟာရှမ်းတောင်တန်းမှာ ပွင့်သောချယ်ရီပန်းတွေထက်စောပြီးပွင့်ကြတယ်

တောင်ဇလပ်ပန်းနဲ့ အောက်ချင်းငှက်ကို ပြည်နယ်ရဲ့သင်္ကေတ အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်မင်းတပ်မြို့၊ မင်းတပ်နယ်မှ တိုင်းရင်းသား/သူ အပေါင်း ဘေးအန္တရာယ်ကင်းဝေးကြပါစေ
Photo-crd

Zawgyi

“မင်းတပ်” ဟာ





Photo-crd

Add a Comment

Your email address will not be published. Required fields are marked *