တိတ်တိတ်နေတယ်၊ တိတ်ဆိတ်နေတာမဟုတ်ဘူး၊ အရိပ်ကအစဖွက်ထားမှ။

Unicode

“အရေးတော်ပုံ အောင်ခါနီးပြီလေ”

တိတ်တိတ်နေတယ်၊ တိတ်ဆိတ်နေတာမဟုတ်ဘူး၊ အရိပ်ကအစဖွက်ထားမှ။

ခွေးတွေ ပုလ္လင်ပေါ်ကဆင်းမှ တော်လှန်ရေးတုန်းကအကြောင်းတွေ ပြန်ပြောကြမယ်။

အခုတော့ ကျွန်တော်ရယ် ခင်ဗျားရယ်၊ ငါရယ် မင်းရယ်၊ တိတ်တိတ်လေး နေကြမယ်။ နိုင်လိုစိတ်တွေ သယ်ပိုးရင်းပေါ့။

မင်းကို ငါအခု ဂုဏ်မပြုဘူး။ မင်းကို ငါအခု မချီးကျူးဘူး။ မင်းနေရာငါမမေးဘူး။ မင်းနေရာငါမသိဘူး။ မင်းဘာတွေလုပ်နေတာ ငါမသိဘူးပဲ။

မင်းဘယ်သူဆိုတာ ငါမပြောဘူး၊ မင်းဘယ်မှာဆိုတာ ငါမပြောဘူး။ ငါသိလည်း မသိဘူး၊ ငါသိတောင် မသိဘူး။

မင်းတို့တွေ ဆူးမစူးစေကြဖို့ပေါ့ ငါ့ကောင်ရေ။

ငါ စာလေးရေးပြီး ကွန်ကွန်မလုပ်ဘူး၊ ငါ စောက်ရူးမထဘူး။ တိတ်တိတ်လေးနေကြမယ်၊ တိတ်တိတ်လေးခြွေကြမယ်။

နွေဦးဟာ ဖြေးဖြေးလေးလောင်နေတယ်၊ နွေဦးသီချင်းတွေ တိုးတိုးလေး ကျယ်ပြန့်လာတယ်၊

နွေဦးရဲ့အဆန်လေကို အတူတူတက်ပြီး ဟုန်းခနဲ တစ်ချက်ထတောက်ပြီဆိုတာနဲ့၊ ငါ့ကောင်ရေ… မင်းနိုင်ပြီ ငါတို့နိုင်ပြီ ငါတို့တွေနိုင်ပြီကွ။

တိုးတိုးလေး ကျယ်ပြန့်လာပြီး တိတ်တိတ်လေး စုစည်းကြရင်း သတင်းတွေကို ဝှက်ထားလိုက်ရအောင်။ အရေးတော်ပုံ အောင်ခါနီးပြီလေ……
CRD

Zawgyi

“အေရးေတာ္ပုံ ေအာင္ခါနီးၿပီေလ”

တိတ္တိတ္ေနတယ္၊ တိတ္ဆိတ္ေနတာမဟုတ္ဘူး၊ အရိပ္ကအစဖြက္ထားမွ။

ေခြးေတြ ပုလႅင္ေပၚကဆင္းမွ ေတာ္လွန္ေရးတုန္းကအေၾကာင္းေတြ ျပန္ေျပာၾကမယ္။

အခုေတာ့ ကြၽန္ေတာ္ရယ္ ခင္ဗ်ားရယ္၊ ငါရယ္ မင္းရယ္၊ တိတ္တိတ္ေလး ေနၾကမယ္။ နိုင္လိုစိတ္ေတြ သယ္ပိုးရင္းေပါ့။

မင္းကို ငါအခု ဂုဏ္မျပဳဘူး။ မင္းကို ငါအခု မခ်ီးက်ဴးဘူး။ မင္းေနရာငါမေမးဘူး။ မင္းေနရာငါမသိဘူး။ မင္းဘာေတြလုပ္ေနတာ ငါမသိဘူးပဲ။

မင္းဘယ္သူဆိုတာ ငါမေျပာဘူး၊ မင္းဘယ္မွာဆိုတာ ငါမေျပာဘူး။ ငါသိလည္း မသိဘူး၊ ငါသိေတာင္ မသိဘူး။

မင္းတို႔ေတြ ဆူးမစူးေစၾကဖို႔ေပါ့ ငါ့ေကာင္ေရ။

ငါ စာေလးေရးၿပီး ကြန္ကြန္မလုပ္ဘူး၊ ငါ ေစာက္႐ူးမထဘူး။ တိတ္တိတ္ေလးေနၾကမယ္၊ တိတ္တိတ္ေလးေႁခြၾကမယ္။

ေႏြဦးဟာ ေျဖးေျဖးေလးေလာင္ေနတယ္၊ ေႏြဦးသီခ်င္းေတြ တိုးတိုးေလး က်ယ္ျပန႔္လာတယ္၊

ေႏြဦးရဲ႕အဆန္ေလကို အတူတူတက္ၿပီး ဟုန္းခနဲ တစ္ခ်က္ထေတာက္ၿပီဆိုတာနဲ႕၊ ငါ့ေကာင္ေရ… မင္းနိုင္ၿပီ ငါတို႔နိုင္ၿပီ ငါတို႔ေတြနိုင္ၿပီကြ။

တိုးတိုးေလး က်ယ္ျပန႔္လာၿပီး တိတ္တိတ္ေလး စုစည္းၾကရင္း သတင္းေတြကို ဝွက္ထားလိုက္ရေအာင္။ အေရးေတာ္ပုံ ေအာင္ခါနီးၿပီေလ……
CRD

Add a Comment

Your email address will not be published. Required fields are marked *