ဗိုလ်ချူပ်ရုပ်ရှင်တွင် ပါဝင်ဖို့ အနုပညာရှင်တချိူ့အား ယုန်လေးက ဖုန်းဆက်တိုက်တွန်း
Unicode
အန်အယ်လ်ဒီ (NLD) တာဝန်ယူခဲ့စဉ် ကာလက သရုပ်ဆောင်လူမင်း ဦးဆောင်ပြီး ကိုဗစ်ပထမလှိုင်းမတိုင်ခင် ရန်ကုန်မြို့မှာ ကန်တော့ပွဲပေးကာ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးခဲ့တာဖြစ်ပြီး
အပြီးသတ်ပြီးစီးနေပြီလဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ MWD ကနေ ခုပဲ ဗိုလ်ချုပ်ရှင်ရှင် ထုတ်လုပ်ရေးအတွက် ပန်းချီစိုးမိုး၊ ဓိရာမိုရ်တို့နဲ့ ပြည်ထဲရေးတရားမဝင် ဝန်ကြီး
ဦးကိုကိုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ် လို့ ဖော်ပြခဲ့ပြီး ရန်ပုံငွေမလောက်တဲ့အတွက် ရန်ပုံငွေထပ်မံရှာဖွေပြီး ရိုက်ကူးရေးပြန်လုပ်မယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။ ရုပ်ရှင်လောကက လူတချိူ့က
အခုလို သတင်းပေးပို့လာပါတယ်။ ”မနေ့က ဖုန်းဆက်တယ်ပေါ့ ယုန်လေးက အဲဒီကအမကို ဖုန်းဆက်တာက ဗိုလ်ချူပ်ရှင်ရှင်မှာ နေရာတစ်နေရာကနေ ပါဝင်ပေးဖို့၊ ဗိုလ်ချူပ်ရှင်ရှင်ဇတ်ကား
ဖြစ်တာမို့ ပရိသတ်တွေရှေ့မှာလည်း မျက်နှာရနိုင်တယ်၊ ပြီးတော့ သူလည်း ပါဝင်ဖို့ရှိတာမို့ ဘာမှ စိတ်ပူစရာမရှိဘူး၊ အရင်အချိန်နဲ့ ဘာမှမတူတော့ဘူး၊ နင်ခေါင်းမာမနေနဲ့၊ နင်ကို အခုကျွေးမှာက
ပရိသတ် ဟုတ်ချင်မှဟုတ်တော့မယ်၊ အခြေအနေနဲ့ အချိန်အခါကြည့်ပြီး လုပ်သင့်တယ်ဆိုပြီး ဖုန်းဆက်တယ်၊ ဒါပေမယ့် ကျမက ပါဝင်ဖို့ဆန္ဒမရှိသလို နောက်ထပ် ပတ်သက်ဖို့လည်း မရှိတော့ဘူး”။
Zawgyi
Add a Comment
Your email address will not be published. Required fields are marked *