သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်ကို စစ်ကား ၈ စီးဖြင့် ဖမ်းဆီးခေါ်ဆောင်

လူငယ်သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ဧပြီ ၈ ရက် ဒီကနေ့မနက်ပိုင်းက ရဲနဲ့စစ်တပ်က စစ်ကား ၈ စီးနဲ့ရောက်ရှိလာပြီး လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လှစ်ခံထားရတဲ့ အနုပညာရှင်တွေစာရင်းမှာပိုင်တံခွန်ပါဝင်ကြောင်း ဧပြီ ၇ ရက်ကကြေညာအပြီးနောက်တနေ့မှာပဲ ခုလိုဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့အစ်မဖြစ်သူမေချစ်သွေးက သူ့ရဲ့ဖေ့စ်ဘွတ်အင်တာနက် လူမှုကွန်ရက်ပေါ်မှာ မောင်ဖြစ်သူအဖမ်းခံရကြောင်း ရေးသားမျှဝေထားပါတယ်။

“ဒီနေ့ မနက် ၅နာရီမှာရဲနဲ့စစ်သား ကား၈ စီးနဲ့ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ မြောက်ဒဂုံအိမ်မှာလာဖမ်းသွားတာပါ… Speak Out များများလေးလုပ်ပေးကြပါ ကျန်းမာရေးအရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ နေမကောင်း အရမ်းဖြစ်နေလို့အမေတို့ဆီခဏလာနေနေတာပါ”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက်ဆိုသလို အဆိုတော်၊သရုပ်ဆောင်၊ ဒါရိုက်တာစတဲ့ အနုပညာရှင်တွေအေပါအဝင် အွန်လိုင်းပေါ်မှာ လူသိများထင်ရှားကျော်ကြားသူတွေကို ၅၀၅(က)နဲ့အမှုဖွင့်ဝရမ်းထုတ်ကြောင်း စစ်တပ်လက်အောက်ခံ မီဒီယာတွေကတဆင့်ထုတ်ပြန်ထားခဲ့တာကိုတွေ့ရပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုပြီးနိုင်ငံတော်အုပ်ချုပ်ရေးယန္တရားပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေရေး လှုံ့ဆော်တာမျိုးတွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ(CRPH)ကို ထောက်ခံတာတွေကြောင့် အမှုဖွင့်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အနုပညာရှင်တွေသာမက ပရဟိတလုပ်နေသူတွေ၊ ခရီးသွားဘလော့ဂ်ဂါတွေဂျာနယ်လစ်တွေလည်း ပါဝင်လာခဲ့ပြီး အမှုဖွင့်ဖမ်းဝရမ်းထုတ်ခံထားရသူပေါင်း ၁၀၀ ကျော်လောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောမှာတော့ အနုပညာရှင်တွေသာမက ပရဟိတလုပ်နေသူတွေ၊ ခရီးသွားဘလော့ဂ်ဂါတွေဂျာနယ်လစ်တွေလည်း ပါဝင်လာခဲ့ပြီး အမှုဖွင့်ဖမ်းဝရမ်းထုတ်ခံထားရသူပေါင်း ၁၀၀ ကျော်လောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ သရုပ်ဆောင်မင်းသား ရဲတိုက် ဖမ်းဆီးခံခဲ့ရပြီး သရုပ်ဆောင်မင်းသား လူမင်း၊ ဟာသ သရုပ်ဆောင် ဇာဂနာတို့လည်း ဖမ်းဆီးခံထားရပါတယ်။

Source: DVB