ပြည်သူအားလုံး ခက်ခဲပြီးစိတ်သောကရောက်နေကြချိန် အသက်ကြီးကြီး လင်မယား ၂ ယောက်ကို မတန်တဆဈေး တောင်းလိုက်တဲ့ YBS ၆၅

မတရားမတောင်းကြပါနဲ့ ခုချိန်အားလုံးက ခက်ခဲပြီး စိတ်သောကရောက်နေရတဲ့ချိန်မှာ တော်ရုံဘဲကောင်းပါတယ် YBS ၆၅ ရေ။

ဒီနေ့ကွား ယုဇနပလာဇာ ရှေ့ Bus car မှတ်တိုင်ကနေ YBS 65 Bus လာလို့ ပြေးတက်တယ်။တစ်ယောက် ၃၀၀ ဆိုပြီး Driver က တောင်းတယ်။

ကျွန်တော်လည်း အကြွေမပါတာနဲ့ ၁၀၀၀ တန်ပေးပြီး ပြန်အမ်းငွေရပ်စောင့်နေတော့ အသက်လဲကြီးပြီ လင်မယားနှစ်ယောက် အထုတ်ကိုယ်စီတေ ကိုင်ပြီး တက်လာတယ်။

ယာဉ်မောင်းက ဟား! အထုတ်တေကလဲ ကြီးလိုက်တာ တျောက်ကို ၁၀၀၀/ ၂၀၀၀ ပေးဆိုပြီးတောင်းတယ်။

လင်မယားနှစ်ယောက်က တျောက်မျက်နှာတျောက်ကြည့်ပြီး မျက်နှာမကောင်း ဖြစ်သွားကြတယ်။ ဦးလေးကြီးကလဲတူလေးရယ် ၁၅၀၀ ထားလိုက်ပါပြောတာကို ဟား! မရဘူး အထုတ်တေနဲ့ ၂၀၀၀ ပေး ဆိုပြီတောင်းတယ်။

Bus ကလဲထွက်နေပြီ ဆိုတော့ ဦးလေးကြီးကလဲ ၂၀၀၀ ပေးလိုက်တယ်! ပြောချင်တာက ခုချိန် bus car ပေါ်လူလဲသိပ်ရှိတာမဟုတ်ဘူး။

နေရာတေမှ လွတ်နေတာအများကြီး အထုတ်လဲ ဘယ်လောက်မှမကြီးဘူး တျောက် ၅၀၀ တော်ပြီပေါ့။ သူများတေ ခုချိန် free ride တောင်လုပ်နေတာ အခုဟာကလွန် လွန်းပါတယ်ကွာ။

ခေတ်ကာလ မကောင်းတဲ့ချိန် အဲ့လို ခေါင်းပုံမဖျက်ကြပါနဲ့။ မတရားမတောင်းကြပါနဲ့ခုချိန်အားလုံးက ခက်ခဲပြီး စိတ်သောကရောက်နေရတဲ့ချိန်မှာ တော်ရုံဘဲကောင်းပါတယ် ybs ၆၅ ရေး! (6N-8923).