ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုးစတဲ့ အိမ်သုံးပစ္စည်းလေးတွေနဲ့သာ အသက်အန္တရာယ်ကို တတ်နိုင်သလောက်ကာကွယ်နေကြရတဲ့ သူရဲကောင်းတချို့

ပြည်သူတွေကတော့ လူထုလှုပ်ရှားမှု တွေအတွက် လမ်းပေါ်ထွက်နေရပေမယ့် မိမိတို့ရဲ့အသက်အန္တရာယ်လုံခြုံရေးကိုလည်း တတ်နိုင်သလောက် ကာကွယ်နေကြရတာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ တီထွင်ကြံဆနိုင်မှုတွေကလည်း တစ်နေ့တစ်မျိုးမရိုးရဘဲ ဆန်းသစ်နေကြလို့ချီးကျူးစရာကောင်းကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင် ယနေ့ (ဧပြီလ၂ရက်) ထိတောင်မှ ပြည်သူလူထုရဲ့ စည်းလုံးညီညွှတ်မှုတွေကို တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။

ပြည်သူတွေက စွန့်လွှတ်စွန့်စားရဲတဲ့ စိတ်ဓာတ်နဲ့ပါဝင်ဆောင်ရွက်နေကြသော်လည်း အသက်မဆုံးရှုံးဖို့အတွက် အနည်းအကျဉ်း ကျည်ကာနိုင်အောင်လို့ ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုးစတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့သာ ကာကွယ်နေကြတာဖြစ်ပါတယ်။

မိမိတို့မှာရှိတဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီး အများအကျိုးအတွက် လမ်းပေါ်ထွက်နေကြတဲ့ သူရဲကောင်းတွေကို ပြည်သူတွေက ေလးစားနေကြတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း လမ်းပေါ်ထွက်နေကြတဲ့ သူရဲကောင်းတွေအတွက် ပြည်သူလူထုက တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးနေကြတာ ဖြစ်ပါတယ်။

လုံခြုံတဲ့ ပစ္စည်းကိရိယာတွေ မရှိတာကြောင့် အခုလိုမျိုး အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေကိုသာ အားကိုးနေရတဲ့ သူရဲကောင်းတွေအတွက်လည်း ပြည်သူတချို့က အမှတ်တရ ပုံလေးတွေဆွဲပေးပြီး ဂုဏ်ပြုကြတာဖြစ်ပါတယ်။

ပြည်သူတွေကတော့ မိမိတို့ စွမ်းဆောင်နိုင်သလောက်ကို တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးကြရင်းတက်ညီလက်ညီနဲ့ ရှေ့သို့ချီတက်နေကြတာ ဖြစ်ပါတယ်။ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုးစတဲ့ ပစ္စည်းလေးတွေကိုအကာအကွယ်ယူပြီး လမ်းပေါ်ထွက်နေကြတဲ့ သူရဲကောင်းတချို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit : Original uploder