မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း ဒဏ်ရာရသွား တဲ့သူကိုသွားကယ်ရင်း အသက်ပေး သွား ခဲ့ရတဲ့ တောင် ဒဂုံကဦးပေတိုး

မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း ဒဏ်ရာရသွား တဲ့သူကိုသွားကယ်ရင်း အသက်ပေးသွား ခဲ့ရတဲ့တောင် ဒဂုံကဦးပေတိုးလက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေမှာဆိုရင် အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။

ပြည်သူလူထု ကတော့ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို အမြဲအောက်မေ့သတိရနေပြီးကျန်ရစ် သူမိသားစုဝင် တွေကိုလည်း ဂရုစိုက်ပေးကြ တာဖြစ်ပါတယ်။

မတ်လ(၂၈)ရက်နေ့၊ညပိုင်းမှာ ကျည်ထိသွားတဲ့သူကိုသွားကယ်ရင်ရ ကျဆုံးသွားတဲ့ တောင်ဒဂုံ ကဦးပေ တိုးဆိုရင် မသန်စွမ်း ဖြစ်သော်လည်း အမေအိုကြီးကို Taxiမောင်းပြီး လုပ်ကျွေးပြုစုနေတဲ့ သားလေးတစ်ယောက်ဖြစ်ပါတယ်။

ဦးပေတိုးတို့ ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးကလည်း စိတ်ဓာတ်အရမ်းကောင်းပြီး ရပ်ကွက်ထဲမှာဘာလုပ်လုပ် အားတက်သရော ကူညီပေးတတ်တဲ့ ဦးပေတိုးအကြောင်းကို ပြောပြထားသေးတာဖြစ်ပါတယ်။

ဦးပေတိုးက မသန်စွမ်းဖြစ်ပေမယ့်လည်း လူထုလှုပ်ရှားမှုတွေ မှာဆိုရင် တက်တက်ကြွကြွ နဲ့ပါဝင်အားဖြည့်ပေးတာဖြစ်ပါတယ်။

လမ်းပေါ်မှာ ကားပိတ်တဲ့ Campaign လုပ်တုန်းကဆို ရင်လည်း “ကားတွေရပ်ကြ ၊ ရပ်ကြဆိုတော့ သူ့ရဲ့ကားကို ထိပ်ဆုံးကနေ ကန့်လန့်ကြီးရပ်တဲ့ သားဖြစ်သူအကြောင်းကို မိခင်ကပြောပြပြီး ငိုနေခဲ့တာ ဖြစ်ပါ တယ်။

မသန်စွမ်းတဲ့ သားလေးကိုပဲ အားကိုးနေရတဲ့ အမေအိုကြီးကတော့ အခုဆိုရင် တစ်ယောက်တည်းပဲ ကျန်ခဲ့ပြီးအကူ အညီလိုအပ်နေတာဖြစ်ပါတယ်။

စေတနာရှင် ပြည်သူတချို့ကလည်း ကျန်ရစ်သူမိခင်ကြီးကို စာနာသနားပြီး လိုအပ်သမျှ အကူအညီတွေကိုတတ်နိုင်သလောက် ထောက်ပံ့ပေး နေကြတာဖြစ်ပါတယ်။

ကျဆုံးသူရဲကောင်းဦးပေတိုးရဲ့မိခင်ကြီးကို ကူညီချင်တယ်ဆိုရင်တော့ (09898152212)(09420720257)ကို ဆက်သွယ်မေးမြန်းပြီး လှူဒါန်းလို့ရပါတယ်ဆိုတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit:မူရင်းရေးသားသူ