စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို လိုအပ်တဲ့အစားအသောက်များ ကိုယ်တိုင်လိုက်လှူဒါန်းခဲ့တဲ့ လင်းအောင်ခေတ်

လင်းအောင်ခေတ်ကတော့ ဒီလူထုလှုပ်ရှားမှုကြီးမှာ ပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်ကာ ရရာနေရာမျိုးစုံကနေ ကူညီအားဖြည့်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လူထုလှုပ်ရှားမှုတွေမှာ ဖြစ်ပျက်နေတဲ့အရာတွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြကာ ဘက်ပေါင်းစုံကနေ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေကလည်း အရင်ထက်တောင်ပိုမိုအားပေးလာကြတာတွေ့ရပါတယ်။

နေ့စဉ်တိုင်းလည်း သူကိုယ်တိုင် လမ်းမပေါ်ထွက်ကာ ဆန္ဒဖော်ထုတ်မှုတွေမှာနည်းမျိုးစုံနဲ့ပါဝင်ခဲ့သလို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ်ခုခံပေးခဲ့တာလည်းတွေ့ရပါတယ်။

ဒါ့အပြင်နွေဦးတော်လှန်ရေးကြီးမှာ အသက်ဆုံးရှုံးသွားကြတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီလည်း ကိုယ်တိုင်သွားရောက်ကာ အလှူငွေများလှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း သူငယ်ချင်းတွေနဲ့စုပေါင်းပြီ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လိုအပ်တဲ့ အစားအသောက် ပစ္စည်းများကို လှူဒါန်းခဲ့တာတွေ့ရပါတယ်။

အလှူပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိသလို လေးစားမိတာအမှန်ပါပဲနော်။

အခုလို ပြည်သူအချင်းချင်း စည်းလုံးညီညွတ်ပြီး တတ်နိုင်သလောက် ကူညီဖေးမနေကြတာလည်းတကယ်ကို ကြက်သီးထစရာ ကောင်းလောက်အောင်ပါပဲနော်။