တိုက်ပွဲဝင်ရင်း ကျဆုံး သွားခဲ့ရတဲ့ သူရဲကောင်းများရဲ့ ကျန်ရစ် မိသားစု နေအိမ်များဆီသို့ အလှူငွေ ဆယ်သိန်း ကျပ်စီ သွားရောက် လှူဒါန်းခဲ့တဲ့ အဆိုတော် သရုပ်ဆောင် မေ

unicode

မင်္ဂလာပါ ယခုတင်ဆက် ပေးသွားမှာကတော့ အဆိုတော် သရုပ်ဆောင် မေ က တိုက်ပွဲဝင်ရင်း ကျဆုံး သွားခဲ့ရတဲ့ အာဇာနည် သူရဲကောင်းများရဲ့ ကျန်ရစ် မိသားစု နေအိမ်များဆီသို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

မေဟာ သူအပါဝင်စေတနာရှင်အလှူရှင်များနှင့် ပရိသတ်များဆီမှ အတူတူပါဝင် ကုသိုလ်ပြုကြဖို့မြေက်ဥက္ကလာ အတွက် အလှူငွေကောက်ခံခဲ့ပါတယ်။

အံ့သြစွာနဲ့ပဲ လှူဒါန်းသူအများအပြားပါဝင်ကြပြီး အလှူငွေ စုစုပေါင်း တစ်ရာ့တစ်သိန်းခွဲတိတိကို ကောက်ခံရရှိခဲ့ပါတယ်။

ပရိသတ်ကြီးရေ မြန်မာဆိုတာသဒ္ဓါတရားအလွန် ထက်သန်တဲ့ နိုင်ငံဆိုတာအခုတော့ယုံသွားပြီမလား။

မေက အလှူရှင်များလှူဒါန်းထားကြတဲ့ ငွေတွေကိုတကယ်ကို အဆင်မပြေကြတဲ့ လှူဒါန်းသင့်တာတွေကို သူမကသေချာလေး စုံစမ်းပြီးမှသာလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

သူမ သွားရောက်လှူဒါန်းခဲ့တဲ့ နေအိမ်များကတော့ မြောက်ဥက္ကလာမှာ တိုက်ပွဲဝင်ရင်းကျဆုံးသွားကြရတဲ့ ကိုဇော်ဇော်မိုး ၊ ကိုစည်သူရှိန် ၊ ကိုအာကာမိုးနှင့် မြောက်ဥက္ကလာတွင် အရှေ့ဒဂုံမှ ကြွေလွင့်သွားခဲ့ရတဲ့ကိုဝေယံမောင်မောင်၊ မြောက်ဥက္ကလာတွင် သရက်ရွက်ထိခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ကိုဇွဲပြည့်စုံ နှင့် မြောက်ဒဂုံမှ ရှေ့တန်းကနေကာကွယ်ပေးရင်း အသက်ပေးခဲ့ရတဲ့ ကိုချစ်မင်းသူတို့ကို တစ်ဦးလျှင်ဆယ်သိန်း ကျပ် တိတိ စီ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမဟာကျန်ရှိနေတဲ့ အလှူငွေစုစုပေါင်း လေးဆယ့်တစ်သိန်းခွဲကျပ်တိတိကိုလည်း တကယ်လိုအပ်တဲ့ နေရာတွေကိုသေချာလေး ထပ်မံစုံစမ်းပြီးလှူဒါန်းသွားမည် ဖြစ်ကြောင်းကိုလည်းအသိပေးလာပါတယ်။

ဒီလိုနိုင်ငံရေးမတည်ငြိမ်သေးပဲ တိုင်းပြည် မအေးချမ်း သေးသောကြောင့်သွားလာဖို့ ခက်ခဲနေကြောင်း ပြောပြလာပြီး တကယ် လိုအပ်တဲ့နေရာတွေကိုလည်းသေချာလေး စုံစမ်းနေတာမို့ ကြန့်ကြာနေခဲ့ကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။

သူမကသူနဲ့အတူ ပါဝင်ကူညီလှူဒါန်းပေးကြတဲ့ သူငယ်ချင်း ပရိသတ်အာလုံးကိုကျေးဇူးအထူးတင်ရှိကြောင်းကိုလည်း ပြောကြားလာခဲ့ပါတယ်။

ဒီထက်မက အများကြီးလည်းလှူဒါန်းနိုင်ကြဖို့ ကိုလည်း ဆုတောင်း ပေးလိုက်ပါသေးတယ်။

ကျန်ရှိနေတဲ့ အလှူငွေများကိုလည်းလှူဒါန်းပြီးရင်ပြန်လည် မျှဝေပေးသွားမယ်ဆိုတာကိုလည်း တစ်ခါတည်းအသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

မေလေးရေ သူရဲကောင်းများ ကိုယ်စားလည်းကျေးဇူး အထူးတင်ရှိပြီး မေလည်း ဒီထက်မကလှူဒါန်းနိုင်ပြီး အစစအရာရာလည်းဘေးကင်းပါစေနော်။ Source:May