ရဲတပ်ဖွဲ့ဖမ်းဆီးတာခံခဲ့ရတဲ့ ရွှေပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် သေဆုံး

Unicode

ရွှေပြည်သာမှာ မနေ့ည မတ်လ ၈ရက်နေ့ ညပိုင်းက စစ်တပ်နဲ့ ရဲတို့ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ရွှေပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဇော်မြတ်လင်းသေဆုံးကြောင်း ဒီနေ့မတ်လ ၉ရက်နေ့ နေ့ခင်းပိုင်းမှာ ရဲက အကြောင်းကြားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူကနေ သိရပါတယ်။

ကိုဇော်မြတ်လင်းဟာ စုအသက်မွေဝမ်းကျောင်းသိပ္ပံ-ရွှေပြည်သာ တာဝန်ခံလည်း ဖြစ်ပါတယ်။ကိုဇော်မြတ်လင်းအပါအဝင် အဲ့ဒီကျောင်းမှာသင်တန်းတက်နေသူ ၇ယောက်လောက်ကိုလည်း ဖမ်းဆီးခဲ့တာပါ။

“ညတုန်းကဖမ်းခံလိုက်ရတယ်။ကျောင်းက ကွန်ပျူတာအလုံး ၅၀ လောက်လဲယူသွားတယ် ကျောင်းမှာသင်တန်းတက်နေတဲ့ကလေး ၆ယောက်လား ၇ ယောက်လားမသိဘူး အဲ့ဒါကိုလည်းဖမ်းတယ်။ကိုဇော်မြတ်လင်းရော အဖမ်းခံရတယ်။

အခု မိသားစုကို ဆက်သွယ်လို့သိရတာ သေပြီလို့သိရတယ်။ ကုတင်၁၀၀၀ ကိုအလောင်းလာထုတ်ပါလို့ မိသားစုကို ဆက်သွယ်လာတယ်လို့ သိရတယ်။ ဒါကြောင့် အလောင်းထုတ်ဖို့ မိသားစုက လုပ်နေကြတယ်”လို့ ကိုဇော်မြတ်လင်းရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကိုဇော်မြတ်လင်း သေဆုံးကြောင်းကိုသာ အကြောင်းကြားလာပြီး ဘာကြောင့်သေဆုံးလဲဆိုတာ မသိရှိရသေးသလို ဘာလို့ ဖမ်းတယ်ဆိုတာလည်း မသိသေးဘူးလို့ အဲ့ဒီ မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။
Credit voiceofmyanmar

Zawgyi

ေ႐ႊျပည္သာမွာ မေန႕ည မတ္လ ၈ရက္ေန႕ ညပိုင္းက စစ္တပ္နဲ႕ ရဲတို႔ရဲ႕ ဖမ္းဆီးျခင္းခံလိုက္ရတဲ့ ေ႐ႊျပည္သာၿမိဳ႕နယ္ ျပည္သူ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ကိုေဇာ္ျမတ္လင္းေသဆုံးေၾကာင္း ဒီေန႕ မတ္လ ၉ရက္ေန႕ ေန႕ခင္းပိုင္းမွာ ရဲက အေၾကာင္းၾကားခဲ့တယ္လို႔ မိသားစုနဲ႕ နီးစပ္သူကေန သိရပါတယ္။

ကိုေဇာ္ျမတ္လင္းဟာ စုအသက္ေမြဝမ္းေက်ာင္းသိပၸံ-ေ႐ႊျပည္သာ တာဝန္ခံလည္း ျဖစ္ပါတယ္။ကိုေဇာ္ျမတ္လင္းအပါအဝင္ အဲ့ဒီေက်ာင္းမွာ သင္တန္းတက္ေနသူ ၇ေယာက္ေလာက္ကိုလည္း ဖမ္းဆီးခဲ့တာပါ။

“ညတုန္းကဖမ္းခံလိုက္ရတယ္။ ေက်ာင္းက ကြန္ပ်ဴတာအလုံး ၅၀ ေလာက္လဲယူသြားတယ္။က်ာင္းမွာသင္တန္းတက္ေနတဲ့ကေလး ၆ ေယာက္လား ၇ ေယာက္လားမသိဘူး အဲ့ဒါကိုလည္းဖမ္းတယ္။ကိုေဇာ္ျမတ္လင္းေရာ အဖမ္းခံရတယ္။

အခု မိသားစုကို ဆက္သြယ္လို႔သိရတာ ေသၿပီလို႔သိရတယ္။ ကုတင္၁၀၀၀ ကိုအေလာင္းလာထုတ္ပါလို႔ မိသားစုကို ဆက္သြယ္လာတယ္လို႔ သိရတယ္။ ဒါေၾကာင့္ အေလာင္းထုတ္ဖို႔ မိသားစုက လုပ္ေနၾကတယ္”လို႔ ကိုေဇာ္ျမတ္လင္းရဲ႕ မိသားစုနဲ႕ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

ကိုေဇာ္ျမတ္လင္း ေသဆုံးေၾကာင္းကိုသာ အေၾကာင္းၾကားလာၿပီး ဘာေၾကာင့္ေသဆုံးလဲဆိုတာ မသိရွိရေသးသလို ဘာလို႔ ဖမ္းတယ္ဆိုတာလည္း မသိေသးဘူးလို႔ အဲ့ဒီ မိသားစုနဲ႕နီးစပ္သူက ဆိုပါတယ္။
Credit voiceofmyanmar