နာရေးကူညီမှု့အသင်း(ရန်ကုန်) ဥဣဌ ဦးကျော်သူနှင့် ဇနီးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့တရားဆွဲထား…

Unicode

နာရေးကူညီမှု အသင်း (ရန်ကုန်) ဦးစီးတည်ထောင်သူ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ကို စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများကို ကူညီ၍ စစ်ကောင်စီ က ပုဒ်မ ၅၀၅ (က)ဖြင့်

မရမ်းကုန်းမြို့မ စခန်းတွင်အမှုဖွင့် ထားကြောင်း စစ်ကောင်စီက မတ် ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။နာကူရုံးကို မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက် စီးနင်းပြီးရှာဖွေခဲ့ရာ ရုံးတွင်း ပစ္စည်းနှင့် ဝန်ထမ်းတချို့ကို ရိုက်နှက်ခဲ့သေးသည်။ယင်းနေ့တွင် ဦးကျော်သူတို့ ဇနီးမောင်နှံကို မတွေ့ရှိသဖြင့် စစ်ဆေးစရာ စာရွက်များရရှိခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

CDM ဝန်ထမ်းများကို ထောက်ပံ့ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်စုစုပေါင်း ၄၉၈ ဦး တို့ထံမှ ဖေဖော်ဝါရီ ပထမအပတ်မှ မတ်လ ၃ ရက်အထိ ငွေသိန်းခြောက်ထောင့် တစ်ရာကျော် (US 20670) လက်ခံ ခဲ့ကြောင်း စစ်ကောင်စီကစွပ်စွဲသည်။

သိန်းနှစ်သောင်းကျော်ထည့် ဝင်ထားသောFix Deposit ဘဏ်အကောင့် ၆ခုကိုလည်းတွေ့ ရှိခဲ့သည်ဟုဆိုသည်။စစ်ကောင်စီ စွပ်စွဲထားသည့် ဘဏ်သတင်း အချက်အလက် ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြနိုင်ခြင်းမရှိပါ။

လက်ခံ ရရှိငွေများ ကို ဝန်ထမ်းပေါင်း ၂၀၀၈ ဦးအထိ (ကျပ် ၁ သိန်းမှ ၂သိန်းအထိ) သိန်း ၂၈၀၀ ကျော် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း နှင့်ကွန်တိန်နာ ယာဉ်မောင်းများ၊ မီးရထား ဝန်ထမ်းများကိုပါ CDMလုပ်ဆောင်ရန် တိုက်တွန်းချက်များရှိသည်ကို တွေ့ရှိကြောင်းဖော်ပြထားသည်။

နာကူဦးကျော်သူသည် အမြတ်အစွန်းမပါသော လူမှု ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ချက်ကြောင့် ၂၀၁၅ခုနှစ်တွင် အာရှတိုက်၏ နိုဘယ်ဆုဟု တင်စားခံရသော ရာမွန်မက်ဆေးဆေး (Ramon Magsaysay) ဆုရရှိထားသူလည်းဖြစ်သည်။
crd …Mizzima – News in Burmese

Zawgyi

နာေရးကူညီမႈ အသင္း (ရန္ကုန္) ဦးစီး တည္ေထာင္သူ ဦးေက်ာ္သူ ႏွင့္ ဇနီးျဖစ္သူ ေဒၚျမင့္ျမင့္ခင္ေဖ (ခ) ေဒၚေ႐ႊဇီးကြက္တို႔ကို စစ္ေကာင္စီ ဆန႔္က်င္ေရးလႈပ္ရွားမႈ (CDM) တြင္ ပါဝင္သည့္ ဝန္ထမ္းမ်ားကို ကူညီ၍ စစ္ေကာင္စီ က ပုဒ္မ ၅၀၅ (က) ျဖင့္မရမ္းကုန္းၿမိဳ႕မ စခန္းတြင္အမႈဖြင့္ ထားေၾကာင္း စစ္ေကာင္စီက မတ္ ၇ရက္ေန႕တြင္ သတင္းထုတ္ျပန္သည္။

နာကူ႐ုံးကို မတ္လ ၃ ရက္ေန႕တြင္ စစ္ေကာင္စီက ဝင္ေရာက္ စီးနင္းၿပီး ရွာေဖြခဲ့ရာ ႐ုံးတြင္း ပစၥည္းႏွင့္ ဝန္ထမ္း တခ်ိဳ႕ကို ရိုက္ႏွက္ခဲ့ေသးသည္။ယင္းေန႕တြင္ ဦးေက်ာ္သူ တို႔ ဇနီးေမာင္ႏွံကို မေတြ႕ရွိသျဖင့္ စစ္ေဆးစရာ စာ႐ြက္မ်ား ရရွိခဲ့သည္ဟု စစ္ေကာင္စီက ဆိုသည္။

CDM ဝန္ထမ္းမ်ား ကို ေထာက္ပံ့ရန္ ျပည္တြင္း ျပည္ပ ကုမၸဏီ အဖြဲ႕အစည္း ႏွင့္ လူပုဂၢိဳလ္ စုစုေပါင္း ၄၉၈ ဦး တို႔ထံမွ ေဖေဖာ္ဝါရီ ပထမအပတ္မွ မတ္လ ၃ ရက္အထိ ေငြသိန္းေျခာက္ေထာင့္ တစ္ရာေက်ာ္ (US 20670) လက္ခံ ခဲ့ေၾကာင္း စစ္ေကာင္စီ က စြပ္စြဲသည္။

သိန္း ႏွစ္ေသာင္း ေက်ာ္ထည့္ ဝင္ထားေသာ Fix Deposit ဘဏ္အေကာင့္၆ ခုကို လည္းေတြ႕ ရွိခဲ့သည္ဟုဆိုသည္။ စစ္ေကာင္စီ စြပ္စြဲထားသည့္ ဘဏ္သတင္း အခ်က္အလက္ ကို မဇၩိမအေနျဖင့္ သီးျခားအတည္ျပ နိုင္ျခင္းမရွိပါ။

လက္ခံ ရရွိေငြမ်ား ကို ဝန္ထမ္းေပါင္း ၂၀၀၈ ဦးအထိ (က်ပ္ ၁ သိန္းမွ ၂သိန္းအထိ) သိန္း ၂၈၀၀ ေက်ာ္ ေပးအပ္ခဲ့ၿပီး ျဖစ္ေၾကာင္း ႏွင့္ ကြန္တိန္နာ ယာဥ္ေမာင္းမ်ား၊ မီးရထား ဝန္ထမ္းမ်ားကို ပါ CDM လုပ္ေဆာင္ ရန္ တိုက္တြန္းခ်က္ မ်ားရွိသည္ကို ေတြ႕ရွိေၾကာင္း ေဖာ္ျပထားသည္။

နာကူဦးေက်ာ္သူသည္ အျမတ္အစြန္းမပါေသာ လူမႈ ကူညီေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခ်က္ ေၾကာင့္ ၂၀၁၅ ခုႏွစ္တြင္ အာရွတိုက္၏ နိုဘယ္ဆုဟု တင္စားခံရေသာ ရာမြန္မက္ေဆးေဆး (Ramon Magsaysay)ဆုရရွိထားသူလည္းျဖစ္သည္။
crd …Mizzima – News in Burmese