ပဲလှော်ကြား ဆားညပ်နေတဲ့ ရဲဝန်ထမ်းများနှင့် သူတို့၏ ဇနီးသည်၊ သားသမီးများရဲ့ နောင်ရေး..

Unicode

ပဲလှော်ကြား ဆားညပ်နေတဲ့ ရဲဝန်ထမ်းများသို့..

ယခုအခါတွင် မြန်မာပြည်သူပြည်သားတို့၏ စိတ်နှလုံးသားထဲ၌ ရဲဆိုလျှင် အင်မတန် ရွံမုန်းသောစိတ်များ စတင်သန္ဓေတည်လျက် ရှိနေပါသည်။

မြန်မာနိုင်ငံတွင်လည်း ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာမှာ အလွန်ညှိုးနွမ်းကျဆင်းလျက်ရှိနေပါသည်။ ကလေးငယ်လေးတစ်ဦးက ” ဖေဖေ ရဲတွေက လူဆိုးတွေလားဟင် ” ဟု မေးရာ ဖခင်ဖြစ်သူမှာ အဖြေရှာမရခဲ့ပါ။

ရဲတပ်ဖွဲ့ဝင်များသတိပြုရန်မှာ တပ်မတော်သားများသည် မိမိတို့၏ သားသမီးများကို တပ်တွင်းစာသင်ကျောင်းများ၌ ပညာသင်ယူစေနိုင်သော်လည်း ရဲဝန်ထမ်းများ၏ သားသမီးများမှာမူ ပြည်သူနှင့် ရောနှောကာ စာသင်ကျောင်းများ၌ ပညာသင်ကြားနေရပါသည်။

နောင်အခါ စာသင်ကျောင်းအခန်းဖော်များကြားတွင် ” သူ့အဖေကရဲလေ ” ဆိုသည်နှင့် သူငယ်ချင်းများ၏ ရှောင်ဖယ်ခြင်း၊ အထင်သေးခြင်း၊ ဆရာ / ဆရာမများ၏ စိတ်နာကျင်ခြင်းများကို ရဲဝန်ထမ်းတို့၏ သားသမီးများက ခံစားရရှိနိုင်ပါသည်။

သို့ပါသောကြောင့် ရဲအမှုထမ်းများအနေဖြင့် မိမိတို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော အမှုများကို မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပြည်သူတစ်ဦး

Zawgyi

ပဲေလွာ္ၾကား ဆားညပ္ေနတဲ့ ရဲဝန္ထမ္းမ်ားသို႔..

ယခုအခါတြင္ ျမန္မာျပည္သူျပည္သားတို႔၏ စိတ္ႏွလုံးသားထဲ၌ ရဲဆိုလွ်င္ အင္မတန္ ႐ြံမုန္းေသာစိတ္မ်ား စတင္သေႏၶတည္လ်က္ ရွိေနပါသည္။

ျမန္မာနိုင္ငံတြင္လည္း ရဲတပ္ဖြဲ႕၏ ဂုဏ္သိကၡာမွာ အလြန္ညွိုးႏြမ္းက်ဆင္းလ်က္ရွိေနပါသည္။ ကေလးငယ္ေလးတစ္ဦးက ” ေဖေဖ ရဲေတြက လူဆိုးေတြလားဟင္ ” ဟု ေမးရာ ဖခင္ျဖစ္သူမွာ အေျဖရွာမရခဲ့ပါ။

ရဲတပ္ဖြဲ႕ဝင္မ်ားသတိျပဳရန္မွာ တပ္မေတာ္သားမ်ားသည္ မိမိတို႔၏ သားသမီးမ်ားကို တပ္တြင္းစာသင္ေက်ာင္းမ်ား၌ ပညာသင္ယူေစနိုင္ေသာ္လည္း ရဲဝန္ထမ္းမ်ား၏ သားသမီးမ်ားမွာမူ ျပည္သူႏွင့္ ေရာေႏွာကာ စာသင္ေက်ာင္းမ်ား၌ ပညာသင္ၾကားေနရပါသည္။

ေနာင္အခါ စာသင္ေက်ာင္းအခန္းေဖာ္မ်ားၾကားတြင္ ” သူ႕အေဖကရဲေလ ” ဆိုသည္ႏွင့္ သူငယ္ခ်င္းမ်ား၏ ေရွာင္ဖယ္ျခင္း၊ အထင္ေသးျခင္း၊ ဆရာ / ဆရာမမ်ား၏ စိတ္နာက်င္ျခင္းမ်ားကို ရဲဝန္ထမ္းတို႔၏ သားသမီးမ်ားက ခံစားရရွိနိုင္ပါသည္။

သို႔ပါေသာေၾကာင့္ ရဲအမႈထမ္းမ်ားအေနျဖင့္ မိမိတို႔၏ ဂုဏ္သိကၡာကို ညွိုးႏြမ္းေစေသာ အမႈမ်ားကို မျပဳၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္။
ျပည္သူတစ္ဦး