လူမင်း၊ ပြေတီဦး အပါအဝင် အနုပညာရှင် ၆ ဦးကို ဖမ်းဝရမ်းထုတ်

Unicode

လူမင်း၊ ပြေတီဦး အပါအဝင် အနုပညာရှင် ၆ ဦးကို ဖမ်းဝရမ်းထုတ်

စစ်တပ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြည်သူတွေနဲ့အတူ ကန့်ကွက်ဆန္ဒပြနေတဲ့ အနုပညာရှင် ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဏကြီး၊ ကိုပေါက်နဲ့ အဆိုတော်အနဂ္ဂ တို့ ၆ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီကနေ့မှာ ကြေညာပါတယ်။

သူတို့တွေဟာ ထင်ပေါ်ကျော်ကြားမှုကိုသုံးပြီး နိုင်ငံဝန်ထမ်းတွေ ဆူပူဆန္ဒပြလာအောင် လှုံဆော်ပေးနေသူတွေလို့လည်း စွပ်စွဲလိုက်တာပါ။

သရုပ်ဆောင် ပြေတီဦးက ” လက်နက်နဲ့ အနိုင်ကျင့်တာကို လုံးဝလက်မခံနိုင်ဘူး၊ ဒီလိုစနစ်မျိုး ဒီလိုအခြေအနေမျိုးကို လုံးဝလက်မခံနိုင်လို့ ဆန္ဒပြရတာ၊ ကိုယ့်နိုင်ငံအတွက် အရမ်းထိခိုက်ဝမ်းနည်းရတယ်” လို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေစဉ် RFA ကိုပြောပါတယ်။

ရုပ်ရှင်အနုပညာရှင်တချို့ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပေါင်းပြီး အာဏာဖီဆန်ရေး CDM လူထု လှုပ်ရှားမှုပါဝင်တဲ့ အစိုးရဝန်ထမ်းတွေအတွက် စားဝတ်နေရေးအဆင်ပြေနိုင်ဖို့ ငွေကြေးထောက်ပံ့တာတွေလည်း လုပ်နေသလို၊ ဆန္ဒပြပွဲတွေမှာလည်း စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ကြဖို့ ဦးဆောင်ဟောပြောနေကြတာဖြစ်ပါတယ်။
Source: RFA
Credit: RFA

Zawgyi

လူမင္း၊ ေျပတီဦး အပါအဝင္ အႏုပညာရွင္ ၆ ဦးကို ဖမ္းဝရမ္းထုတ္

စစ္တပ္အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဆန႔္က်င္ေၾကာင္း ျပည္သူေတြနဲ႕အတူ ကန႔္ကြက္ဆႏၵျပေနတဲ့ အႏုပညာရွင္ ၆ ဦးကို အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဝရမ္းထုတ္လိုက္ပါတယ္။

သ႐ုပ္ေဆာင္ လူမင္း၊ ေျပတီဦး၊ ဒါရိုက္တာ ဝိုင္း၊ ဏႀကီး၊ ကိုေပါက္နဲ႕ အဆိုေတာ္အနဂၢ တို႔ ၆ ဦးကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅-က နဲ႕ တရားစြဲၿပီး ဖမ္းဝရမ္းထုတ္ထားတယ္လို႔ စစ္ေကာင္စီက ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႕ ဒီကေန႕မွာ ေၾကညာပါတယ္။

သူတို႔ေတြဟာ ထင္ေပၚေက်ာ္ၾကားမႈကိုသုံးၿပီး နိုင္ငံဝန္ထမ္းေတြ ဆူပူဆႏၵျပလာေအာင္ လႈံေဆာ္ေပးေနသူေတြလို႔လည္း စြပ္စြဲလိုက္တာပါ။

သ႐ုပ္ေဆာင္ ေျပတီဦးက ” လက္နက္နဲ႕ အနိုင္က်င့္တာကို လုံးဝလက္မခံနိုင္ဘူး၊ ဒီလိုစနစ္မ်ိဳး ဒီလိုအေျခအေနမ်ိဳးကို လုံးဝလက္မခံနိုင္လို႔ ဆႏၵျပရတာ၊ ကိုယ့္နိုင္ငံအတြက္ အရမ္းထိခိုက္ဝမ္းနည္းရတယ္” လို႔ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႕က တ႐ုတ္သံ႐ုံးေရွ႕မွာ ဆႏၵျပေနစဥ္ RFA ကိုေျပာပါတယ္။

႐ုပ္ရွင္အႏုပညာရွင္တခ်ိဳ႕ဟာ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႕ ပြင့္လင္း လူ႕အဖြဲ႕အစည္းနဲ႕ ေပါင္းၿပီး အာဏာဖီဆန္ေရး CDM လူထု လႈပ္ရွားမႈပါဝင္တဲ့ အစိုးရဝန္ထမ္းေတြအတြက္ စားဝတ္ေနေရးအဆင္ေျပနိုင္ဖို႔ ေငြေၾကးေထာက္ပံ့တာေတြလည္း လုပ္ေနသလို၊ ဆႏၵျပပြဲေတြမွာလည္း စစ္အာဏာသိမ္းလုပ္ရပ္ကို ဆန႔္က်င္ ကန႔္ကြက္ၾကဖို႔ ဦးေဆာင္ေဟာေျပာေနၾကတာျဖစ္ပါတယ္။
Source: RFA
Credit: RFA