သူမကိုယ်တိုင်ဖွင့်ထားတဲ့ ကုသိုလ်ဖြစ်သားဖွားဆေးခန်းမှာ မွေးဖွားခဲ့တဲ့ကလေးလေးကိုချီပြီး ပျော်မဆုံးဖြစ်နေတဲ့ နီနီခင်ဇော်

Unicode

အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်ချောလေး နီနီခင်ဇော်ကိုပရိသတ်ကြီးချစ်ကြမယ်ထင်ပါတယ်။သူဟာ အချိန်ခဏလေးတွင်းမှာတင် အောင်မြင်တဲ့မိန်းကလေးအဆိုတော်တစ်ယောက်ဖြစ်လာကာ ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပါတယ်။သူရဲ့သီချင်းလေးတွေဟာ လူငယ်တွေကြား ရေပန်းစားပြီ အမိုက်စားသီချင်းတွေပါမက သီချင်းအေးအေးလေးတွေပါ ကြိုက်နှစ်သက်အားပေးကြတာတွေ့ရပါတယ်။

သူမကတော့ သီချင်းတွေ ဆက်တိုက်ဆိုနေတာဖြစ်ပြီး အနုပညာအလုပ်တွေလည်း မနားတမ်းလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ နီနီက လတ်တလောအခြေအနေတွေအရ CDM လုပ်နေတဲ့သူငယ်ချင်းတွေအတွက် ကုသိုလ်ဖြစ်သားဖွားဆေးခန်းလေးကိုဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။

အခုလည်း သူဖွင့်ပေးထားတဲ့ကုသိုလ်ဖြစ်သားဖွားဆေးခန်းမှာ အဆင်ပြေပြေနဲ့ မွေးဖွားခဲ့တဲ့ ကလေးလေးကိုချီပြီး ပျော်မဆုံးဖြစ်နေတဲ့ ပုံလေးတွေနဲ့အတူ “ယနေ့မြောက်ဥက္ကလာ (ဆ) ရပ်ကွက် ကုသိုလ်ဖြစ် *အခမဲ့*သားဖွားခန်းလေးမှာ CDM လုပ်နေကြတဲ့

အထူးကု OG ဆရာဝန်တွေ ဖွားပေးလိုက်တဲ့ ကလေးပါ နီနီ သူငယ်ချင်း ဆရာဝန် CDM လုပ်ပြီးနောက်ပိုင်း ကိုယ်ထူကိုယ်ထဖွင့်ထားပေးတာပါ အခက်အခဲတွေကြားထဲနေ့တိုင်းဖွားပေးခဲ့တဲ့ CDM Doctors  များ Respect ပါ” ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါရစေ။

Zawgyi



