လျှို့ဝှက်မဲ မပါဘဲ စင်ပေါ်မှာ မဲချင်း ပြန်ပြိုင်ရဲတယ် ၊ အချိန်မရွေးပဲဆိုတဲ့ ဒေါ်နန်းခင်ထွေးမြင့်

Unicode

စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဒီနေ့ မနက် ၁၀ နာရီမှာ အစိုးရနေအိမ်ကို ပို့ဆောင်ခံရပြီး အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

RFA သတင်းဌာန က ဒေါ်နန်းခင်ထွေးမြင့်ကို ဆက်သွယ်မေးမြန်းခဲ့တဲ့ အင်တာဗျူးမှာ ဒေါ်နန်းခင်ထွေးမြင့်ရဲ့ ပြောကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြလိုက်ရပါတယ်။

ဒီနေ့ အိမ်ကို ၁၀ နာရီခွဲလောက်မှာ ပြန်ရောက်တယ်။ အိမ်ဆိုတာ သူတို့ အစိုးရက ချပေးထားတဲ့အိမ်။ အပြင်တော့ ပေးမထွက်ဘူး။ လုံခြုံရေးတွေ ချထားတယ်။ အကျယ်ချုပ်ပေါ့လေ။

လာခေါ်သွားတဲ့နေ့က ၂၀၂ ကိုခေါ်သွားတာ။ တစ်ညပဲထားတယ်။ အခု လာပြန်ပို့တယ်။ ဘာမှတော့ မမေးဘူး။ သူတို့ရဲ့ ၁/၂၀၂၁ အမိန့်စာကို လာဖတ်ပြတယ်။ တစ်နှစ် အာဏာသိမ်းတယ် ဘာညာပေါ့လေ။

ကျွန်မကို ဘာပြောချင်သေးလဲလို့ မေးတော့ ကျွန်မ တစ်အချက်အနေနဲ့ ကျွန်မ အိမ်ပြန်ချင်တယ်လို့ ပြောလိုက်တယ်။ ပြီးတော့ နှစ်အချက် အနေနဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့တွေ ဘာတွေ ပါတော့

အခု ကျွန်မကို လာခေါ်တဲ့ တပ်မမှူး နဲ့ လျှို့ဝှက်မဲတွေ မပါဘဲနဲ့ပေါ့လေ။ စင်ပေါ်မှာ တက်ပြီး မဲပြိုင်ရဲတယ် အချိန်မရွေးပဲလို ပြောလိုက်တော့ ဘာမှ ပြန်မပြောဘူး။ ဟဲဟဲ ဆို ရယ်ပြီး ပြန်ထွက်သွားတယ်။

ကျွန်မ အိမ်ကိုတော့ မရောက်သေးဘူး သူတို့ထားတဲ့အိမ်မှာနေရတာ။အပြင်က ကျွန်မတူလေးကို တွေ့ချင်တယ်ဆိုတော့ ပေးဝင်ပါ့မယ်လို့ပြောတယ်။

ကျွန်မ အခု ဖုန်းအဆက်အသွယ်လုပ်ခွင့်ရပြီဆိုရင် ကျွန်မရဲ့ ပါတီကို အရင်ဆက်သွယ်မှာပါ။

ကျွန်မတို့ကတော့ အေးအေးချမ်းချမ်းပဲ ပြန်ပြီး တုံ့ပြန်မှာပါ။ မဲသမာမှုနဲ့ ပတ်သက်လို့ ကျွန်မတို့ကို စွပ်စွဲတဲ့ စွပ်စွဲချက်တွေကတော့ သာမန်ပြည်သူတစ်ယောက်တောင် ဒါက မျှတလား မမျှတလား သူတို့ စဥ်းစားတတ်ပါတယ်။

ပြည်သူတွေကို ပြောချင်တာကတော့ နောက်ဆုံးတစ်ခေါက် ကျွန်မတို့ ကြိုးစားကြရဦးမယ်ထင်တယ်။ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူတွေက တခဲနက် ကျွန်မတို့ကို ထောက်ခံခဲ့ကြတယ်။

အခုလည်း ကျွန်မတို့ကို ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ ဝန်းရံကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်မတို့ ညီလို့ကတော့ လူထု ဆန္ဒအတိုင်းဖြစ်စေမှာပါ” လို့ ဒေါ်နန်းခင်ထွေးမြင့်ကဆိုပါတယ်။

Video ကြည့်ရန်

Zawgyi

စစ္တပ္ရဲ႕ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရတဲ့ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ဟာ ဒီေန႕ မနက္ ၁၀ နာရီမွာ အစိုးရေနအိမ္ကို ပို႔ေဆာင္ခံရၿပီး အက်ယ္ခ်ဳပ္နဲ႕ ဆက္လက္ထိန္းသိမ္းခံထားရပါတယ္။

RFA သတင္းဌာန က ေဒၚနန္းခင္ေထြးျမင့္ကို ဆက္သြယ္ေမးျမန္းခဲ့တဲ့ အင္တာဗ်ဴးမွာ ေဒၚနန္းခင္ေထြးျမင့္ရဲ႕ ေျပာၾကားခ်က္ အျပည့္အစုံကို ျပန္လည္ေဖာ္ျပလိုက္ရပါတယ္။

ဒီေန႕ အိမ္ကို ၁၀ နာရီခြဲေလာက္မွာ ျပန္ေရာက္တယ္။ အိမ္ဆိုတာ သူတို႔ အစိုးရက ခ်ေပးထားတဲ့အိမ္။ အျပင္ေတာ့ ေပးမထြက္ဘူး။ လုံၿခဳံေရးေတြ ခ်ထားတယ္။ အက်ယ္ခ်ဳပ္ေပါ့ေလ။

လာေခၚသြားတဲ့ေန႕က ၂၀၂ ကိုေခၚသြားတာ။ တစ္ညပဲထားတယ္။ အခု လာျပန္ပို႔တယ္။ ဘာမွေတာ့ မေမးဘူး။ သူတို႔ရဲ႕ ၁/၂၀၂၁ အမိန႔္စာကို လာဖတ္ျပတယ္။ တစ္ႏွစ္ အာဏာသိမ္းတယ္ ဘာညာေပါ့ေလ။

ကြၽန္မကို ဘာေျပာခ်င္ေသးလဲလို႔ ေမးေတာ့ ကြၽန္မ တစ္အခ်က္အေနနဲ႕ ကြၽန္မ အိမ္ျပန္ခ်င္တယ္လို႔ ေျပာလိုက္တယ္။ ၿပီးေတာ့ ႏွစ္အခ်က္ အေနနဲ႕ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေ႐ြးေကာက္ပြဲ ျပန္က်င္းပဖို႔ေတြ ဘာေတြ ပါေတာ့

အခု ကြၽန္မကို လာေခၚတဲ့ တပ္မမႉး နဲ႕ လွ်ို႔ဝွက္မဲေတြ မပါဘဲနဲ႕ေပါ့ေလ။ စင္ေပၚမွာ တက္ၿပီး မဲၿပိဳင္ရဲတယ္ အခ်ိန္မေ႐ြးပဲလို ေျပာလိုက္ေတာ့ ဘာမွ ျပန္မေျပာဘူး။ ဟဲဟဲ ဆို ရယ္ၿပီး ျပန္ထြက္သြားတယ္။

ကြၽန္မ အိမ္ကိုေတာ့ မေရာက္ေသးဘူး သူတို႔ထားတဲ့အိမ္မွာေနရတာ။အျပင္က ကြၽန္မတူေလးကို ေတြ႕ခ်င္တယ္ဆိုေတာ့ ေပးဝင္ပါ့မယ္လို႔ေျပာတယ္။

ကြၽန္မ အခု ဖုန္းအဆက္အသြယ္လုပ္ခြင့္ရၿပီဆိုရင္ ကြၽန္မရဲ႕ ပါတီကို အရင္ဆက္သြယ္မွာပါ။

ကြၽန္မတို႔ကေတာ့ ေအးေအးခ်မ္းခ်မ္းပဲ ျပန္ၿပီး တုံ႕ျပန္မွာပါ။ မဲသမာမႈနဲ႕ ပတ္သက္လို႔ ကြၽန္မတို႔ကို စြပ္စြဲတဲ့ စြပ္စြဲခ်က္ေတြကေတာ့ သာမန္ျပည္သူတစ္ေယာက္ေတာင္ ဒါက မွ်တလား မမွ်တလား သူတို႔ စဥ္းစားတတ္ပါတယ္။

ျပည္သူေတြကို ေျပာခ်င္တာကေတာ့ ေနာက္ဆုံးတစ္ေခါက္ ကြၽန္မတို႔ ႀကိဳးစားၾကရဦးမယ္ထင္တယ္။ ေ႐ြးေကာက္ပြဲတုန္းကလည္း ျပည္သူေတြက တခဲနက္ ကြၽန္မတို႔ကို ေထာက္ခံခဲ့ၾကတယ္။

အခုလည္း ကြၽန္မတို႔ကို ျပည္သူေတြက ယုံယုံၾကည္ၾကည္နဲ႕ ဝန္းရံၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။

ကြၽန္မတို႔ ညီလို႔ကေတာ့ လူထု ဆႏၵအတိုင္းျဖစ္ေစမွာပါ” လို႔ ေဒၚနန္းခင္ေထြးျမင့္ကဆိုပါတယ္။