တရုတ်တွင် ကိုဗစ်စစ်ဆေးရာ၌ စအိုကနေ နမူနာယူ၍ စစ်ဆေးမည်

Unicode

ပေကျင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ တရုတ်နိုင်ငံမှာ စအိုကတဆင့် ဓာတ်ခွဲစမ်းသပ်မှုတွေကို ပြုလုပ်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက အသက် ၉ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးမှာ ကိုဗစ်ကူးစက်တာကို တွေ့ရှိခဲ့ရပြီးနောက်မှာ နှာခေါင်း၊

အာခေါင်နဲ့ စအိုတို့ကတဆင့် ဓာတ်ခွဲစမ်းသပ်မှုအမျိုးမျိုးကို တရုတ်က လုပ်ဆောင်ခဲ့ပြီး စအိုကတဆင့် စမ်းသပ်မှုဟာ ပိုမိုတိကျနိုင်တယ်လို့သိရပါတယ်။ပေကျင်း ယူအန်း ဆေးရုံက ကူးစက်ရောဂါဆိုင်ရာတာဝန်ခံလက်ထောက်ဒါရိုက်တာလီ က ဗိုင်းရပ်စ်ဟာ မစင်တွေအတွင်းမှာ ပိုမိုကြာရှည်စွာရှင်သန်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

စမ်းသပ်မှုတချို့မှာတော့ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရသူတွေအတွက် ဗိုင်းရပ်စ်ဟာ လည်ချောင်းအတွင်းမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှိနိုင်ပြီး ဒီအတွက်ကြောင့် မှားယွင်းတဲ့ရလဒ်တွေထွက်ပေါ်ကာ ဆိုးကျိုးရှိနိုင်တယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်လည်ရှိလာခဲ့တဲ့ တရုတ်မှာတော့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရပြီး တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဝီဘို မှာတော့ စအိုကတဆင့် ဓာတ်ခွဲစမ်းသပ်မှုကို လှောင်ပြောင်နေကြပါတယ်။ အသုံးပြုသူတစ်ဦးက “တရုတ်ကို ငါမြန်မြန်ပြန်ရောက်လာတာ ကံကောင်းတာပဲ” လို့ ပြောဆိုခဲ့ပြီး ရွံရှာစရာအဖြစ် ရှုတ်ချခဲ့ပါတယ်။

တရုတ်ဗဟိုရုပ်မြင်သံကြားနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လီက စအိုကနေ ဓာတ်ခွဲစမ်းသပ်မှုဟာ ပိုမိုတိကျနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း နှာခေါင်းနဲ့ အာခေါင်တို့ပတ်ယူတာလောက် အဆင်ပြေမှုမရှိတာကြောင့် ကျယ်ပြန့်စွာအသုံးပြုဖို့အတွက်တော့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေကလည်း ဒီလိုစမ်းသပ်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေကြကာ ဝူဟန်တက္ကသိုလ်က လက်ထောက်ဒါရိုက်တာရန် က “အစောချေစနစ်ထက် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ခံရကြောင်းကို သက်သေပြခဲ့ပြီးဖြစ်လို့ အထိရောက်ဆုံးစမ်းသပ်မှုဟာ နှာခေါင်းနဲ့ လည်ချောင်းတွေကသာဖြစ်ပါတယ်” လို့ ဂလိုဘယ်သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။တရုတ်ကျန်းမာရေးပညာရှင်တွေကလည်း ဒီအပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ကြပါတယ်။

လက်ရှိမှာတော့ တရုတ်ဟာ နိုင်ငံတကာက ရောက်ရှိလာခဲ့သူတွေကို တင်းကျပ်တဲ့စည်းမျဉ်းတွေ သတ်မှတ်ထားပြီး ပြည်တွင်းကူးစက်မှုမရှိစေဖို့အတွက် တော်တော်လေးသတိထားကိုင်တွယ်နေကြပါတယ်။တရုတ်ကိုရောက်လာသူတွေဟာ ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးမှုသက်သေခံလက်မှတ်တွေကို ပြသဖို့လိုအပ်နေပြီး သတ်မှတ်ထားတဲ့ နေရာတွေ၊ ဟိုတယ်တွေမှာ ၁၄ရက်ကြာ ကွာရန်တင်းဝင်ရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

Zawgyi

ေပက်င္းက ထြက္ေပၚလာတဲ့ သတင္းေတြအရ တ႐ုတ္နိုင္ငံမွာ စအိုကတဆင့္ ဓာတ္ခြဲစမ္းသပ္မႈေတြကို ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္အတြင္းက အသက္ ၉ ႏွစ္အ႐ြယ္ ေက်ာင္းသားေလးတစ္ဦးမွာ ကိုဗစ္ကူးစက္တာကို ေတြ႕ရွိခဲ့ရၿပီးေနာက္မွာ ႏွာေခါင္း၊

အာေခါင္နဲ႕ စအိုတို႔ကတဆင့္ ဓာတ္ခြဲစမ္းသပ္မႈအမ်ိဳးမ်ိဳးကို တ႐ုတ္က လုပ္ေဆာင္ခဲ့ၿပီး စအိုကတဆင့္ စမ္းသပ္မႈဟာ ပိုမိုတိက်နိဳင္တယ္လို႔သိရပါတယ္။ေပက်င္း ယူအန္း ေဆး႐ုံက ကူးစက္ေရာဂါဆိုင္ရာတာဝန္ခံလက္ေထာက္ဒါရိုက္တာလီ က ဗိုင္းရပ္စ္ဟာ မစင္ေတြအတြင္းမွာ ပိုမိုၾကာရွည္စြာရွင္သန္နိုင္တယ္လို႔ ေလ့လာေတြ႕ရွိခဲ့ရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

စမ္းသပ္မႈတခ်ိဳ႕မွာေတာ့ ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံေနရသူေတြအတြက္ ဗိုင္းရပ္စ္ဟာ လည္ေခ်ာင္းအတြင္းမွာ ၃ ရက္ကေန ၅ ရက္အထိ ရွိနိုင္ၿပီး ဒီအတြက္ေၾကာင့္ မွားယြင္းတဲ့ရလဒ္ေတြထြက္ေပၚကာ ဆိုးက်ိဳးရွိနိုင္တယ္လို႔ သိရပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈေတြ ျပန္လည္ရွိလာခဲ့တဲ့ တ႐ုတ္မွာေတာ့ ျပန္လည္ထိန္းခ်ဳပ္နိုင္ဖို႔ ႀကိဳးစားေနရၿပီး တ႐ုတ္ျပည္တြင္းသုံး လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ ဝီဘို မွာေတာ့ စအိုကတဆင့္ ဓာတ္ခြဲစမ္းသပ္မႈကို ေလွာင္ေျပာင္ေနၾကပါတယ္။ အသုံးျပဳသူတစ္ဦးက “တ႐ုတ္ကို ငါျမန္ျမန္ျပန္ေရာက္လာတာ ကံေကာင္းတာပဲ” လို႔ ေျပာဆိုခဲ့ၿပီး ႐ြံရွာစရာအျဖစ္ ရႈတ္ခ်ခဲ့ပါတယ္။

တ႐ုတ္ဗဟို႐ုပ္ျမင္သံၾကားနဲ႕ ေတြ႕ဆုံခဲ့တဲ့ အင္တာဗ်ဴးမွာ လီက စအိုကေန ဓာတ္ခြဲစမ္းသပ္မႈဟာ ပိုမိုတိက်နိဳင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ႏွာေခါင္းနဲ႕ အာေခါင္တို႔ပတ္ယူတာေလာက္ အဆင္ေျပမႈမရွိတာေၾကာင့္ က်ယ္ျပန႔္စြာအသုံးျပဳဖို႔အတြက္ေတာ့ ခက္ခဲလိမ့္မယ္လို႔ ဆိုပါတယ္။

ကြၽမ္းက်င္သူေတြကလည္း ဒီလိုစမ္းသပ္မႈနဲ႕ပတ္သက္ၿပီး အျငင္းပြားေနၾကကာ ဝူဟန္တကၠသိုလ္က လက္ေထာက္ဒါရိုက္တာရန္ က “အေစာေခ်စနစ္ထက္ အသက္ရႉလမ္းေၾကာင္းကတဆင့္ ကူးစက္ခံရေၾကာင္းကို သက္ေသျပခဲ့ၿပီးျဖစ္လို႔ အထိေရာက္ဆုံးစမ္းသပ္မႈဟာ ႏွာေခါင္းနဲ႕ လည္ေခ်ာင္းေတြကသာျဖစ္ပါတယ္” လို႔ ဂလိုဘယ္သတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။တ႐ုတ္က်န္းမာေရးပညာရွင္ေတြကလည္း ဒီအေပၚမွာ ေဝဖန္မႈေတြရွိခဲ့ၾကပါတယ္။

လက္ရွိမွာေတာ့ တ႐ုတ္ဟာ နိုင္ငံတကာက ေရာက္ရွိလာခဲ့သူေတြကို တင္းက်ပ္တဲ့စည္းမ်ဥ္းေတြ သတ္မွတ္ထားၿပီး ျပည္တြင္းကူးစက္မႈမရွိေစဖို႔အတြက္ ေတာ္ေတာ္ေလးသတိထားကိုင္တြယ္ေနၾကပါတယ္။တ႐ုတ္ကိုေရာက္လာသူေတြဟာ ကိုဗစ္ကင္းစင္ေၾကာင္း စစ္ေဆးမႈသက္ေသခံလက္မွတ္ေတြကို ျပသဖို႔လိုအပ္ေနၿပီး သတ္မွတ္ထားတဲ့ ေနရာေတြ၊ ဟိုတယ္ေတြမွာ ၁၄ရက္ၾကာ ကြာရန္တင္းဝင္ရမယ္လို႔လည္း သတ္မွတ္ထားပါတယ္။