ပြည့်မီတဲ့ targetရောက်အောင် ရောင်းချနိုင်ခြင်းမရှိတဲ့ အရောင်းဝန်ထမ်းများကို အဝတ်မပါဘဲ ပတ်ပြေးခိုင်းကာ အပြစ်ပေးခဲ့တဲ့ ကုမ္ပဏီ

Unicode

စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီသည် သူတို့၏ ရောင်းလိုအား ဝယ်လိုအား စာရင်းအင်းများကို အမြဲတွက်ချက်တတ်ကြသည်။ စာရင်း၏ အခြေအနေပေါ်မူတည်၍ ကုမ္ပဏီဝန်ထမ်းများကိုbounsပေးခြင်း အပြစ်ပေးတို့ကို ပြုလုပ်လေ့ရှိပါသည်။

ကုမ္ပဏီများသည် bounsပေးသည့်အခါများတွင် လစာပိုပေးခြင်း ပစ္စည်းလက်ဆောင်များ ပေးခြင်းတို့ပြုလုပ်တတ်ပြီး ရောင်းလိုအားမကောင်းသည့်အခါများတွင် အချိန်ပိုဆင်းခိုင်းစေခြင်း လစာဖြတ်ခြင်းတို့ကို ပြုလုပ်တတ်ပေသည်။

ယခုတွင်တော့ တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုသည် ရောင်းချရမည့် targetအရေအတွက်ကို ရောက်ရှိခြင်းမရှိသည့် ဝန်ထမ်းများကို အပြစ်ပေးပုံဟာ အလွန်ပင် အရုပ်ဆိုး အကျီးတန်လှသည်။

ထိုကုမ္ပဏီမှ သူဌေးသည် ရောင်းချရမည့် targetမပြည့်မီသည့် ဝန်ထမ်းများကို အဝတ်မပါဘဲ စျေးဝယ်တစ်ခုလုံးကို ပတ်ပြေးခိုင်းကာ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဟာလည်း အပြစ်ပေးခံရသော ဝန်ထမ်းများကို အခြေအနေများမေးမြန်းကာ သူဌေးအား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

Zawgyi




ထိုကုမ္ပဏီမှ သူဌေးသည် ရောင်းချရမည့် targetမပြည့်မီသည့် ဝန်ထမ်းများကို အဝတ်မပါဘဲ ဈေးဝယ်တစ်ခုလုံးကို ပတ်ပြေးခိုင်းကာ အပြစ်ပေးခဲ့ခြင်းဖြစ်သည်။
