KTVကို ဝင်ဖမ်းရာ ကိုကြီးတွေက ထွက်ပြေးသွားပြီး ယွန်းမီနှင့်ချစ်စနိုးတို့ ( ၂ )ဦးဖမ်းဆီးခံရ

zawgyi

မေကြးၿမိဳ႕ ၊ ေအာင္ေမတၱာ(စီ)ရပ္ကြက္ အတြင္း၌ ကပ္ေရာဂါကာလအတြင္း ခြင့္ျပဳခ်က္မရွိဘဲ တရားမဝင္ဖြင့္လွစ္ေနေၾကာင္း သတင္းရရွိခဲ့သည့္ မေကြးကမာၻ KTV ကို ရဲတပ္ဖြဲ႕က မနက္ ၁ နာရီအခ်ိန္တြင္ သက္ေသမ်ားႏွင့္အတူ ဝင္ေရာက္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

KTV အတြင္း K-5 အခန္းထဲမွ သီခ်င္းသီဆိုေနသူ အမ်ိဳးသားမ်ားမွာ ထြက္ေျပးလြတ္ေျမာက္သြားၿပီး သီခ်င္းအကူသီဆိုသူ ယြန္းမီ ႏွင့္ ခ်စ္စႏိုးတို႔ကို ဖမ္းဆီးမိ ခဲ့သည္ဟု ရဲတပ္ဖြဲ႕က သိရသည္။

သက္ေသခံပစၥည္းမ်ား ႏွင့္ ဆိုင္တာဝန္ခံ ႏိုင္လင္း ဆိုသူကို သက္ေသမ်ား ေရွ႕ ေမွာက္တြင္ သက္ေသခံပစၥည္းမ်ားႏွင့္တကြ ထိန္းသိမ္းဖမ္းဆီးခဲ့ေၾကာင္း ၊

ဖမ္းဆီးထားသူမ်ားကို သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒအရ တရားစြဲသြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ က သိရသည္။

ဖမ္းဆီးေရးလုပ္ငန္းတြင္ တိုင္း၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္ ၊ နယ္ေျမ ရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား ၊ အသိသက္ေသမ်ား ပါဝင္ခဲ့ေၾကာင္း သိရွိရသည္။

unicode

မကွေးမြို့ ၊ အောင်မေတ္တာ(စီ)ရပ်ကွက် အတွင်း၌ ကပ်ရောဂါကာလအတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင်ဖွင့်လှစ်နေကြောင်း သတင်းရရှိခဲ့သည့် မကွေးကမ္ဘာ KTV ကို ရဲတပ်ဖွဲ့က မနက် ၁ နာရီအချိန်တွင် သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

KTV အတွင်း K-5 အခန်းထဲမှ သီချင်းသီဆိုနေသူ အမျိုးသားများမှာ ထွက်ပြေးလွတ်မြောက်သွားပြီး သီချင်းအကူသီဆိုသူ ယွန်းမီ နှင့် ချစ်စနိုးတို့ကို ဖမ်းဆီးမိ ခဲ့သည်ဟု ရဲတပ်ဖွဲ့က သိရသည်။

သက်သေခံပစ္စည်းများ နှင့် ဆိုင်တာဝန်ခံ နိုင်လင်း ဆိုသူကို သက်သေများ ရှေ့ မှောက်တွင် သက်သေခံပစ္စည်းများနှင့်တကွ ထိန်းသိမ်းဖမ်းဆီးခဲ့ကြောင်း ၊

ဖမ်းဆီးထားသူများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က သိရသည်။

ဖမ်းဆီးရေးလုပ်ငန်းတွင် တိုင်း၊ ခရိုင် ၊ မြို့နယ် ၊ နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ၊ အသိသက်သေများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။