အပြင်မှာ တည်ငြိမ်သူဖြစ်ပေမယ့်.. ပရိသတ် တောင်းဆိုမှုအရ အရှက်တွေ ခါချ.. ဖင်တွေဘာတွေ ခါပြနေရတာပါ” ဆိုတဲ့ မမဆောင်း..

Unicode

ချစ်စဖွယ် အမူအယာလေးတွေနဲ့ ပရိသတ်ကို အမြဲဖမ်းစားနိုင်စွမ်း ရှိတဲ့ သရုပ်ဆောင်မင်းသမီး တစ်လက်ကို ဖော်ပြပေးပါဆိုရင် မမဆောင်းကိုပဲ အားလုံးပြေးမြင်မိမယ် ထင်ပါတယ်နော်။

တချိန်က ဗီဒီယိုဇာတ်ကားပေါင်းများစွာသာမက ရုပ်ရှင်တွေပါ ရိုက်ကူးအောင်မြင်ခဲ့တဲ့ မမဆောင်းဟာ ယခုအခါ ချစ်စဖွယ်ဟန်မူယာလေးတွေ အမျိုးမျိုးနဲ့ အွန်လိုင်းကြော်ငြာလေးတွေကို လက်ခံရိုက်ကူးပေးနေတာ တွေ့မြင်ရပါတယ်။

သူကြော်ငြာပုံလေးကို တမျိုးဆန်းပြီး သူမရဲ့အမူအယာလေးက ပရိသတ်ကို အူယားပြီးချစ်ခင်ဖွယ် ဖြစ်စေတာကြောင့် မမဆောင်းကြော်ငြာသမျှ ကုန်ပစ္စည်းတိုင်းဟာ လူစိတ်ဝင်စားမှု မြင့်တက်လာတာကိုလည်း အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲနော်။

ကြော်ငြာရိုက်ကူး သရုပ်ဆောင်နေစဉ်မှာ ဆွဲဆောင်မှုရှိတဲ့ ပရိသတ်အသည်းစွဲမမဆောင်းဟာ အင်တာဗျူးတွေ ဖြေလိုက်ပြီဆိုတိုင်းမှာလည်း ပြောစမှတ်တွင်စေမယ့် စကားလုံးအဆန်းတွေ ဖြစ်ရပ်လေးတွေကို ဖောက်သည်ချပြောပြတတ်သူလည်း ဖြစ်ပြန်ပါတယ်။

ဒီလိုသူမရဲ့ဟန်ပန်အမူအယာတွေနဲ့ ပြောဆိုတတ်မှုလေးတွေကပဲ ပရိသတ်ကို အချစ်ပိုစေလာပြီး အားပေးဝန်းရံသူတွေ ပေါများလာကာ ကိုဗစ်ကာလအကြပ်အတည်းမှာတောင် အနုပညာအလုပ်ဖြစ်တဲ့ ကြော်ငြာပေါင်းများစွာ လက်ခံရိုက်ကူးနိုင်နေတာဖြစ်ပါတယ်။

ဒီတစ်ခါအင်တာဗျူးမှာလည်း မမဆောင်းတစ်ယောက် ဘယ်လိုစကားလုံးလေးတွေနဲ့ ဖြေပြီး ပရိသတ်ရဲ့အသည်းနှလုံးကို ခြွေယူထားလည်း ဖတ်ရှု့ခံစားကြည့်လိုက်ကြပါအုံးနော်. .ဝိတ်ကျသွားရတဲ့ အကြောင်းအရင်းဟာ ဒါ့ကြောင်ပါတဲ့ ” ဆောင်းကလေ ပထမတုန်းက ကိုဗစ်ကို ကာကွယ်တဲ့အနေနဲ့ ဝဝလှလှပဲ နေတာပေါ့နော်.. အခုတော့ အလုပ်တွေက နေ့ကောညကောဆိုတော့ ဝိတ်နည်းနည်းကျသွားတာပါ”

လူစိတ်ဝင်စားမှု မြင့်တက်စေခဲ့တဲ့ ဆာဖာကြော်ငြာကိစ္စကတော့ “ဆာဖာကလေ မင်းသမီးသူသူဟန်သာ သူကနိုင်ငံခြားကနေ ဆောင်းနဲ့ကြော်ငြာချင်တယ်ဆိုတော့ ဆောင်းက ရိုက်ပေးလိုက်တာပါ. .သူအရမ်းကျေနပ်တယ်တဲ့အဓိကက လုပ်ငန်းရှင်တွေ ကျေနပ်အောင် ကိုယ်လုပ်ပေးလိုက်တယ်.. အာ့မှာလေ မမဆောင်းကလေ ဆာဖာရှိလို့ရှိရင် ဖင်ခါစရာမလိုတော့ဘူးလို့ ပြောပြီး ဖင်ကို လှုပ်လှုပ်ပြရတာလေ..

မမဆောင်းက အပြင်မှာ အတည်.. အတည်ဆိုပေမယ့် ပရိသတ်က အဲ့လိုချစ်တယ်ဆိုလို့ ကိုယ်လုပ်ပြရတာလေ.. ကိုယ့်မှာကိုယ့်ရဲ့အရှက်ကြီးကို ခွာချပြီး ပေါက်ကရတွေ လုပ်ပြရတာ ဖင်တွေအကုန်လုံး ခါပြနေရတယ်. .ကိုယ့်ရဲ့ဘဝကလည်း အဲ့လိုမျိုး. .တချိန်တုန်းက မင်းသမီးဖြစ်ပြီး အခုကြော်ငြာအပ်ဖြစ်တဲ့ သူသူဟန်သာကလည်း သူကလည်း ကြိုက်တယ်တဲ့.. တချို့ကွန့်မန့် ဆိုးဝါးတာတွေ ဝင်လာလို့ရှိရင် လာလည်း တောင်းပန်တယ်။

ဟာ အရမ်းအားနာတာ မမဆောင်းကလုပ်ချင်လို့ မဟုတ်ဘူး ဒါရိုက်တာကလည်း လုပ်ခိုင်းလို့ သူ့မှာ လုပ်ရတာဆိုပြီးတော့ သူက ဝင်ရှင်းပေးနေတာ ပိုင်ရှင်ကိုယ်တိုင်ကလေ.. ကျေးဇူးလည်းအရမ်းတင်ပါတယ်”ဆိုပြီး ပြောလာခဲ့ပါတယ်။

ကြော်ငြာများရိုက်ကူးရာမှာလည်း “မမဆောင်းက ကိုယ့်အိုင်ဒီယာနဲ့ ကိုယ့်စတိုင်လ်နဲ့ ကိုယ်လုပ်တယ်..ကိုဟ့်အိုင်ဒီယာနဲ့ပဲ ကိုယ်ကြိုးစားတယ်ပေါ့..တစ်ခါတလေကျလို့ရှိရင်တော့ ဒါရိုက်တာတွေကလည်း အကြံပေးတယ် နှစ်ဦးနှစ်ဖက် ညှိညှိနှိုင်းနှိုင်းလုပ်တာပေါ့…ပရိသတ်ကို ပြောချင်တဲ့စကားကတော့ “မမဆောင်း ပြောမှားဆိုးမှားရှိရင် ခွင့်လွှတ်ပေးကြပါလို့.. မမဆောင်းက ပွင့်ပွင့်လင်းလင်း ရှိလို့ ရိုးသားလို့ ချစ်သွားပေးကြတဲ့ ပရိသတ်တွေကိုလည်း မမဆောင်းကျေးဇူးတွေ အများကြီးတင်ပါတယ်

ပရိသတ်အားပေးမှုတွေ အများကြီးရခဲ့လို့လည်း မမဆောင်းနေ့တိုင်း အလုပ်တွေ လက်နဲ့မပြတ်အောင် တောက်လျှောက်လုပ်ခွင့်ရနေတာလည်း အများကြီး ကျေးဇူးတင်ပါတယ်..”လို့ ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်နော်။

Zawgyi

ခ်စ္စဖြယ္ အမူအယာေလးေတြနဲ႕ ပရိသတ္ကို အၿမဲဖမ္းစားနိုင္စြမ္း ရွိတဲ့ သ႐ုပ္ေဆာင္မင္းသမီး တစ္လက္ကို ေဖာ္ျပေပးပါဆိုရင္ မမေဆာင္းကိုပဲ အားလုံးေျပးျမင္မိမယ္ ထင္ပါတယ္ေနာ္။

တခ်ိန္က ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာသာမက ႐ုပ္ရွင္ေတြပါ ရိုက္ကူးေအာင္ျမင္ခဲ့တဲ့ မမေဆာင္းဟာ ယခုအခါ ခ်စ္စဖြယ္ဟန္မူယာေလးေတြ အမ်ိဳးမ်ိဳးနဲ႕ အြန္လိုင္းေၾကာ္ျငာေလးေတြကို လက္ခံရိုက္ကူးေပးေနတာ ေတြ႕ျမင္ရပါတယ္။

သူေၾကာ္ျငာပုံေလးကို တမ်ိဳးဆန္းၿပီး သူမရဲ႕အမူအယာေလးက ပရိသတ္ကို အူယားၿပီးခ်စ္ခင္ဖြယ္ ျဖစ္ေစတာေၾကာင့္ မမေဆာင္းေၾကာ္ျငာသမွ် ကုန္ပစၥည္းတိုင္းဟာ လူစိတ္ဝင္စားမႈ ျမင့္တက္လာတာကိုလည္း အားလုံးမ်က္ျမင္ကိုယ္ေတြ႕ပါပဲေနာ္။

ေၾကာ္ျငာရိုက္ကူး သ႐ုပ္ေဆာင္ေနစဥ္မွာ ဆြဲေဆာင္မႈရွိတဲ့ ပရိသတ္အသည္းစြဲမမေဆာင္းဟာ အင္တာဗ်ဴးေတြ ေျဖလိုက္ၿပီဆိုတိုင္းမွာလည္း ေျပာစမွတ္တြင္ေစမယ့္ စကားလုံးအဆန္းေတြ ျဖစ္ရပ္ေလးေတြကို ေဖာက္သည္ခ်ေျပာျပတတ္သူလည္း ျဖစ္ျပန္ပါတယ္။

ဒီလိုသူမရဲ႕ဟန္ပန္အမူအယာေတြနဲ႕ ေျပာဆိုတတ္မႈေလးေတြကပဲ ပရိသတ္ကို အခ်စ္ပိုေစလာၿပီး အားေပးဝန္းရံသူေတြ ေပါမ်ားလာကာ ကိုဗစ္ကာလအၾကပ္အတည္းမွာေတာင္ အႏုပညာအလုပ္ျဖစ္တဲ့ ေၾကာ္ျငာေပါင္းမ်ားစြာ လက္ခံရိုက္ကူးနိုင္ေနတာျဖစ္ပါတယ္။

ဒီတစ္ခါအင္တာဗ်ဴးမွာလည္း မမေဆာင္းတစ္ေယာက္ ဘယ္လိုစကားလုံးေလးေတြနဲ႕ ေျဖၿပီး ပရိသတ္ရဲ႕အသည္းႏွလုံးကို ေႁခြယူထားလည္း ဖတ္ရႈ႕ခံစားၾကည့္လိုက္ၾကပါအုံးေနာ္. .ဝိတ္က်သြားရတဲ့ အေၾကာင္းအရင္းဟာ ဒါ့ေၾကာင္ပါတဲ့ ” ေဆာင္းကေလ ပထမတုန္းက ကိုဗစ္ကို ကာကြယ္တဲ့အေနနဲ႕ ဝဝလွလွပဲ ေနတာေပါ့ေနာ္.. အခုေတာ့ အလုပ္ေတြက ေန႕ေကာညေကာဆိုေတာ့ ဝိတ္နည္းနည္းက်သြားတာပါ”

လူစိတ္ဝင္စားမႈ ျမင့္တက္ေစခဲ့တဲ့ ဆာဖာေၾကာ္ျငာကိစၥကေတာ့ “ဆာဖာကေလ မင္းသမီးသူသူဟန္သာ သူကနိုင္ငံျခားကေန ေဆာင္းနဲ႕ေၾကာ္ျငာခ်င္တယ္ဆိုေတာ့ ေဆာင္းက ရိုက္ေပးလိုက္တာပါ. .သူအရမ္းေက်နပ္တယ္တဲ့အဓိကက လုပ္ငန္းရွင္ေတြ ေက်နပ္ေအာင္ ကိုယ္လုပ္ေပးလိုက္တယ္.. အာ့မွာေလ မမေဆာင္းကေလ ဆာဖာရွိလို႔ရွိရင္ ဖင္ခါစရာမလိုေတာ့ဘူးလို႔ ေျပာၿပီး ဖင္ကို လႈပ္လႈပ္ျပရတာေလ..

မမေဆာင္းက အျပင္မွာ အတည္.. အတည္ဆိုေပမယ့္ ပရိသတ္က အဲ့လိုခ်စ္တယ္ဆိုလို႔ ကိုယ္လုပ္ျပရတာေလ.. ကိုယ့္မွာကိုယ့္ရဲ႕အရွက္ႀကီးကို ခြာခ်ၿပီး ေပါက္ကရေတြ လုပ္ျပရတာ ဖင္ေတြအကုန္လုံး ခါျပေနရတယ္. .ကိုယ့္ရဲ႕ဘဝကလည္း အဲ့လိုမ်ိဳး. .တခ်ိန္တုန္းက မင္းသမီးျဖစ္ၿပီး အခုေၾကာ္ျငာအပ္ျဖစ္တဲ့ သူသူဟန္သာကလည္း သူကလည္း ႀကိဳက္တယ္တဲ့.. တခ်ိဳ႕ကြန့္မန့္ ဆိုးဝါးတာေတြ ဝင္လာလို႔ရွိရင္ လာလည္း ေတာင္းပန္တယ္။

ဟာ အရမ္းအားနာတာ မမေဆာင္းကလုပ္ခ်င္လို႔ မဟုတ္ဘူး ဒါရိုက္တာကလည္း လုပ္ခိုင္းလို႔ သူ႕မွာ လုပ္ရတာဆိုၿပီးေတာ့ သူက ဝင္ရွင္းေပးေနတာ ပိုင္ရွင္ကိုယ္တိုင္ကေလ.. ေက်းဇူးလည္းအရမ္းတင္ပါတယ္”ဆိုၿပီး ေျပာလာခဲ့ပါတယ္။

ေၾကာ္ျငာမ်ားရိုက္ကူးရာမွာလည္း “မမေဆာင္းက ကိုယ့္အိုင္ဒီယာနဲ႕ ကိုယ့္စတိုင္လ္နဲ႕ ကိုယ္လုပ္တယ္..ကိုဟ့္အိုင္ဒီယာနဲ႕ပဲ ကိုယ္ႀကိဳးစားတယ္ေပါ့..တစ္ခါတေလက်လိဳ႕ရွိရင္ေတာ့ ဒါရိုက္တာေတြကလည္း အႀကံေပးတယ္ ႏွစ္ဦးႏွစ္ဖက္ ညွိညွိႏွိုင္းႏွိုင္းလုပ္တာေပါ့…ပရိသတ္ကို ေျပာခ်င္တဲ့စကားကေတာ့ “မမေဆာင္း ေျပာမွားဆိုးမွားရွိရင္ ခြင့္လႊတ္ေပးၾကပါလို႔.. မမေဆာင္းက ပြင့္ပြင့္လင္းလင္း ရွိလို႔ ရိုးသားလို႔ ခ်စ္သြားေပးၾကတဲ့ ပရိသတ္ေတြကိုလည္း မမေဆာင္းေက်းဇူးေတြ အမ်ားႀကီးတင္ပါတယ္

ပရိသတ္အားေပးမႈေတြ အမ်ားႀကီးရခဲ့လို႔လည္း မမေဆာင္းေန႕တိုင္း အလုပ္ေတြ လက္နဲ႕မျပတ္ေအာင္ ေတာက္ေလွ်ာက္လုပ္ခြင့္ရေနတာလည္း အမ်ားႀကီး ေက်းဇူးတင္ပါတယ္..”လို႔ ေက်းဇူးတင္စကား ေျပာၾကားသြားခဲ့ပါတယ္ေနာ္။