ထိုင်းရောက် လုပ်သား ၁၇၁ဝ မိသားစုကို မြန်မာအစိုးရ စားသောက်ကုန်ထောက်ပံ့

Unicode

ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ တလာကုပုဇွန်ဈေးအနီးလူနေဆောင်များတွင် အသွားအလာကန့်သတ်ခံထားရသော

မြန်မာရွှေ့ပြောင်းလုပ်သား အိမ်ခန်း (၁၃၅၀) ခန်းနှင့် ထလေထိုင်းငါးဈေးအနီးရှိ အိမ်ခန်း (၃၆၀) ခန်းတို့ကို မြန်မာနိုင်ငံတော်အစိုးရမှ ပြီးခဲ့သည့် ၂၃ ရက်နေ့တွင် စားသောက်ကုန်များထောက်ပံံံ့ခဲ့သည်ဟု ဗန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးစာမျက်နှာတွင်ဖော်ပြထားသည်။

ထို့သို့ထောက်ပံ့ရာတွင် ဆန် ( ၅ ကီလို) ၁၇၁၀ အိတ်၊ ဆီ (၁ လီတာ) ၁၇၁၀ ဘူး၊ ပဲ (၅ဝဝဂရမ်) ၁၇၁၀ အိတ်၊ ကြက်ဥ (၁၅လုံးကတ်)၁၇၁၀ ကတ်၊ စည်သွတ်ဘူး (၁၅၅ ဂရမ်၊ ၁ဝဘူးတွဲ) ၁၇၁၀ တွဲ၊သောက်ရေသန့် (၆ လီတာ) ၁၁၉၇၀ ဘူးပါဝင်သည်ဟု သိရသည်။

အဆိုပါစားသောက်ကုန်များကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်းနှင့်သံရုံးဒုတိယအကြီးအကဲ ဦးစန်းဦးမောင်တို့မှဦးဆောင်ပြီး သွားရောက်ပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

မူရင်း : အလုပ်သမားသံအရရှိရုံး ဓာတ်ပုံ: အလုပ်သမားသံအရာရွိရုံး သတင်း : ရွှေကရင် (ရာမညမြေ)

Zawgyi


မြန်မာရွှေ့ပြောင်းလုပ်သား အိမ်ခန်း (၁၃၅၀) ခန်းနှင့် ထလေထိုင်းငါးဈေးအနီးရှိ အိမ်ခန်း (၃၆၀) ခန်းတို့ကို မြန်မာနိုင်ငံတော်အစိုးရမှ ပြီးခဲ့သည့် ၂၃ ရက်နေ့တွင် စားသောက်ကုန်များထောက်ပံ့ခဲ့သည်ဟု ဗန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးစာမျက်နှာတွင်ဖော်ပြထားသည်။


