ပရဟိတငွေ(၃၅)သိန်း ခိုးယူထွက်ပေးသွားတဲ့ သူကို ဖမ်းဆီးပေးထားတဲ့ ဒလမြို့ရဲစခန်းမှနယ်ထိန်းကို ကျေးဇူးစကားဆိုလိုက်တဲ့ ဒိန်းဒေါင်

Unicode

ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့လက်ရှိမှာအနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်လျက်ရှိပါတယ်။ သူဟာချွန်တွန်းပရဟိတအဖွဲ့လေးကိုတည်ထောင်ပြီး အမှန်တကယ်လိုအပ်တဲ့နေရာတွေနဲ့ မှီခိုမဲ့ဘိုးဘွားတွေအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတာကိုတွေ့ရပါတယ်။

ဒိန်းဒေါင်ကတော့စိတ်သဘောထားဖြူစင်ပြီး အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်သူတစ်ယောက်ပါ။ ဒါ့အပြင်မိဘကိုပြုစုလုပ်ကျွေးနေတဲ့ သားလိမ္မာလေးတစ်ယောက်လည်းဖြစ်သလို အလှူအတန်းဆိုလည်းရှေ့ဆုံးကပါဝင်ဆောင်ရွက်တတ်ပါတယ်။

ဒီနေ့မှာတော့ သူရဲ့ ပရတိတငွေတွေကို လိမ်ပြီး ခိုးသွားတဲ့ ကောင်လေးကို ဖမ်းပေးတဲ့ ဦးရဲကြီးကို ကျေးဇူးတင်ကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတစ်ဆင့် “မိပါပြီ ဒလမြို့မရဲစခန်းမှနယ်ထိန်းကိုရန်အောင်အားကျေးဇူးအထူးတင်ပါသည်” လို့ ဖော်ပြထားပါတယ်။
Source:Dain Daung

Zawgyi



Source:Dain Daung