ကြည့်မြင့်တိုင်မြို့နယ် ဗားကရာ ငှက်ပျောတန်း ဆိပ်ကမ်းတွင် ရေနစ်သေဆုံးနေသည့် အလောင်းတစ်လောင်း တွေ့ရှိ

Unicode

ကြည့်မြင့်တိုင်မြို့နယ် ဗားကရာ ငှက်ပျောတန်းဆိပ်ကမ်းတွင် ရေနစ်သေဆုံးနေသည့် အလောင်း တစ်လောင်းအား ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့သည်။

ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲကျော်ခန့်တွင် ကြည့်မြင့်တိုင်မြို့နယ် ဗားကရာ ငှက်ပျောတန်းဆိပ်ကမ်းတွင် အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ခဲ့သည်။

သေဆုံးနေသည့် အလောင်းမှာ အမျိုးသား အလောင်းဖြစ်ပြီး အသက်သုံးဆယ်ဝန်းကျင် အရွယ်ဖြစ်ကာ ဒိုက်ဖက်များနှင့်အတူ မျောပါလာခြင်း ဖြစ်ကြောင်း အခင်းဖြစ်ရာသို့ သွားရောက်ခဲ့သည့် အားမာန်လူငယ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ သတင်းစရတာက ဒိုက်ဖက်တွေနဲ့အတူ အလောင်းက မျောလာတာ။ အဲ့နားက လှေမောင်းတဲ့ သူတွေက ဒိုက်ဖက်တွေကို ရှင်းပေးထားတယ်။ ကျွန်တော်တို့ ရောက်တော့ အလောင်းက ဆိပ်ကမ်းဘက်ကို

ရောက်နေပါပြီ။ ဒဏ်ရာ အသေးစိတ်ကတော့ ဆေးရုံက စစ်ပြီးမှ သိရမှာ။ ကျွန်တော်တို့ ရောက်တော့ မြင်တဲ့ပုံအရ ပြင်ပဒဏ်ရာတွေ မရှိပါဘူး။ ရေနစ်သေဆုံးတာပါ” ဟု အားမာန်လူငယ် ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဉီးက ပြောကြားသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများအပြင် ရွှေတိုင် “Rescue” လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့၊ အားမာန်လူငယ် ပရဟိတအသင်း၊

ပရဟိတ နှလုံးသားအသင်း (ရန်ကုန်) တို့မှ ပူးပေါင်းကူညီခဲ့ပြီး အလောင်းအား အဖြူရောင် နာရေးကူညီမှုအသင်းမှ ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
Source: Elevel Media Group
ဓာတ်ပုံ – အားမာန်လူငယ်ပရဟိတအသင်း

Zawgyi

ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္ ဗားကရာ ငွက္ေပ်ာတန္းဆိပ္ကမ္းတြင္ ေရနစ္ေသဆုံးေနသည့္ အေလာင္း တစ္ေလာင္းအား ဇန္နဝါရီ ၂၁ ရက္ နံနက္ပိုင္းက ေတြ႕ရွိခဲ့သည္။

ဇန္နဝါရီ ၂၁ ရက္ နံနက္ ၇ နာရီခြဲေက်ာ္ခန႔္တြင္ ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္ ဗားကရာ ငွက္ေပ်ာတန္းဆိပ္ကမ္းတြင္ အေလာင္းတစ္ေလာင္း ေတြ႕ရွိေၾကာင္း သတင္းရသျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ သြားေရာက္ခဲ့သည္။

ေသဆုံးေနသည့္ အေလာင္းမွာ အမ်ိဳးသား အေလာင္းျဖစ္ၿပီး အသက္သုံးဆယ္ဝန္းက်င္ အ႐ြယ္ျဖစ္ကာ ဒိုက္ဖက္မ်ားႏွင့္အတူ ေမ်ာပါလာျခင္း ျဖစ္ေၾကာင္း အခင္းျဖစ္ရာသို႔ သြားေရာက္ခဲ့သည့္ အားမာန္လူငယ္ ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဉီး၏ ေျပာၾကားခ်က္အရ သိရသည္။

“ကြၽန္ေတာ္တို႔ သတင္းစရတာက ဒိုက္ဖက္ေတြနဲ႕အတူ အေလာင္းက ေမ်ာလာတာ။ အဲ့နားက ေလွေမာင္းတဲ့ သူေတြက ဒိုက္ဖက္ေတြကို ရွင္းေပးထားတယ္။ ကြၽန္ေတာ္တို႔ ေရာက္ေတာ့ အေလာင္းက ဆိပ္ကမ္းဘက္ကို

ေရာက္ေနပါၿပီ။ ဒဏ္ရာ အေသးစိတ္ကေတာ့ ေဆး႐ုံက စစ္ၿပီးမွ သိရမွာ။ ကြၽန္ေတာ္တို႔ ေရာက္ေတာ့ ျမင္တဲ့ပုံအရ ျပင္ပဒဏ္ရာေတြ မရွိပါဘူး။ ေရနစ္ေသဆုံးတာပါ” ဟု အားမာန္လူငယ္ ပရဟိတအသင္းမွ တာဝန္ရွိသူ တစ္ဉီးက ေျပာၾကားသည္။

အခင္းျဖစ္ပြားရာေနရာသို႔ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအျပင္ ေ႐ႊတိုင္ “Rescue” လူမႈကူညီ ကယ္ဆယ္ေရးအဖြဲ႕၊ အားမာန္လူငယ္ ပရဟိတအသင္း၊

ပရဟိတ ႏွလုံးသားအသင္း (ရန္ကုန္) တို႔မွ ပူးေပါင္းကူညီခဲ့ၿပီး အေလာင္းအား အျဖဴေရာင္ နာေရးကူညီမႈအသင္းမွ ယာဥ္ျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့သည္။
Source: Elevel Media Group
ဓာတ္ပုံ – အားမာန္လူငယ္ပရဟိတအသင္း