လိပ်ခုံးကားလေးရဲ့အစ

zawgyi

လိပ္ခုံးကားေလးရဲ့အစ

၁၉၃၄ခုႏွစ္တြင္ဟစ္တလာက အင္ဂ်င္နီယာတစ္ဦးျဖစ္တဲ့ ဖာဒီနန္​ေပါေရွးနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး ကားတစ္စီး တည္ေဆာက္ခိုင္းတယ္။

အဲ့ဒီအခ်ိန္က ကားေတြဆိုတာ သူေဌးႀကီးေတြပဲ စီးနိုင္တယ္။

ဒါေၾကာင့္ ဂ်ာမနီမွာ ကားစီနိုင္တဲ့သူေတြ အရမ္းနည္းေနေသးတယ္။

ရွိတဲ့ကားေတြကလည္း သူေဌးေတြပဲ စီးနိုင္တဲ့ ဇိမ္ခံကားေတြ။

သူ႔လူမ်ိဳးေတြကို ကားေပါေပါသီသီစီးေစခ်င္တယ္။

ဒါနဲ႔ပဲ ေပါေရွးနဲ႔ ေဆြးေႏြးခဲ့ၾကတာ။

ျပည့္သူ႔ကားလို့အဓိပၸါယ္ရတဲ့Volks Wagenဆိုတဲ့ နာမည္ နဲ႔ ကားတစ္စီးထုတ္ေပးဖို႔။ ကုန္က်စရိတ္ကို ပါတီကပဲက်ခံေပးတယ္။ Beetleကေတာ့ ကားရဲ့ဒီဇိုင္းက ပိုးေတာင္မာ နဲ႔တူလို့ Beetle ျဖစ္သြားရတာ။

ဟစ္တလာက ျပည္သူ႔ေရဒီယိုဆိုၿပီး People’s Radio ကို ထုတ္ေပးခဲ့ေပးေသးပါတယ္။

အခုလည္း ျပည္သူ႔ကား ဟစ္တလာလိုခ်င္တာက မိသားစုတစ္စု တက္နိုင္တဲ့ေစ်းတဲ့ တစ္မိသားစုလုံးစီးလို့ဆန္႔တဲ့ ကားတစ္စီး။

ဒါနဲ႔ပဲ လူႀကီး ၂ ေယာက္ ကေလး ၃ ေယာက္ဆန္႔ရမယ္ ဆိုၿပီး သတ္မွတ္ေပးလိုက္တယ္။

အျမန္ႏွုန္းကို တစ္နာရီကီလို ၁၀၀ ေလာက္ရွိရမယ္။ ဆီစားႏွုန္း ကီလို ၁၀၀ ကို ဆီက ၇ လီတာေလာက္ပဲ ကုန္ရမယ္။ေနာက္ ပစၥည္းအစိတ္အပိုင္းေတြ ပ်က္တဲ့အခါ

ေစ်းသက္သက္သာသာ ျမန္ျမန္ဆန္ဆန္နဲ႔ လဲလွယ္ေပးနိုင္ဖို့ကို ညႊန္ၾကားခဲ့တယ္။

အင္ဂ်င္က ေလအေအးခံ (Air- cooled) စနစ္နဲ႔ ျဖစ္လာပုံကေတာ့ အဲ့ဒီအခ်ိန္အခါတုန္းက ကားရွိတဲ့သူေတြ နည္းသလို အိမ္တိုင္းမွာလည္း ကားထားဖို့ ဂိုေထာင္ေတြ မရွိသေလာက္ ရွားတယ္။ ဂ်ာမနီမွာက ေအးတယ္။ ကားဝယ္ၿပီးရင္ အျပင္ ေလ ေအးေအးထဲမွာပဲ ထားရဖို့မ်ားတယ္။ ဒီေတာ့ အင္ဂ်င္ကို ေရအေအးခံစနစ္နဲ႔ပဲ သုံးလိုက္ရင္ မနက္က်ရင္ အင္ဂ်င္ကူးလန္႔ေတြက ေအးခဲေနလိမ့္မယ္။

စက္ႏွိုးဖို့အတြက္ အင္ဂ်င္ကို အရင္မီးၿမိဳက္ေနရလိမ့္မယ္။

(Anti freezeေတြကလည္း​ေပၚခါစမို႔ စြမ္းေဆာင္ရည္ျမင့္ ေလယာဥ္ေတြမွာပဲ သုံးနိုင္ေသးတယ္။ ေစ်းႀကီးေနဆဲ။)

ဒါနဲ႔ပဲ ေလအေအးခံစနစ္နဲ႔ အင္ဂ်င္နဲ႔ စတင္ခဲ့ရတယ္။

အင္ဂ်င္ကို ေနာက္မွာထားရတာကလဲ အေၾကာင္းရွိတယ္။

ေရွ႕အင္ဂ်င္ ေနာက္ဘက္ကို Drive shaft ေျပးၿပီး ေမာင္းႏွင္တဲ့ ေနာက္ယက္ စနစ္က Drive shaft ေၾကာင့္ တုန္ခါမွုေတြ မ်ားတယ္။ ဒါေၾကာင့္ စြမ္းအင္ဆုံးရွုံးမွုေတြ ရွိတယ္။

ဒီလိုမျဖစ္ေအာင္ဆိုၿပီး ေနာက္အင္ဂ်င္ ေနာက္ယက္ စနစ္ကို ဖန္တီးခဲ့တယ္။

ေနာက္ဆုံးမွာေတာ့ လိမ္ခုံးကား လို့ေခၚတဲ့ Volkswagen Beetle ကားေလးထြက္ေပၚလာခဲ့တယ္။

ေစ်းႏွုန္းကိုလည္း အဲ့ဒီအခ်ိန္ခါက ဆိုင္ကယ္တစ္စီးစာေလာက္ ေစ်းႏွုန္းနဲ႔ ေရာင္းခ်ခဲ့တယ္။

လူႀကိဳက္မ်ားခဲ့တဲ့ ကားတစ္စီးလည္း ျဖစ္ခဲ့ပါတယ္။

အခုခ်ိန္ထိလည္း လူႀကိဳက္မ်ားေနဆဲပါပဲ။

crd

unicode

လိပ်ခုံးကားလေးရဲ့အစ

၁၉၃၄ခုနှစ်တွင်ဟစ်တလာက အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဖာဒီနန်ပေါရှေးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကားတစ်စီး တည်ဆောက်ခိုင်းတယ်။

အဲ့ဒီအချိန်က ကားတွေဆိုတာ သူဌေးကြီးတွေပဲ စီးနိုင်တယ်။

ဒါကြောင့် ဂျာမနီမှာ ကားစီနိုင်တဲ့သူတွေ အရမ်းနည်းနေသေးတယ်။

ရှိတဲ့ကားတွေကလည်း သူဌေးတွေပဲ စီးနိုင်တဲ့ ဇိမ်ခံကားတွေ။

သူ့လူမျိုးတွေကို ကားပေါပေါသီသီစီးစေချင်တယ်။

ဒါနဲ့ပဲ ပေါရှေးနဲ့ ဆွေးနွေးခဲ့ကြတာ။

ပြည့်သူ့ကားလို့အဓိပ္ပါယ်ရတဲ့Volks Wagenဆိုတဲ့ နာမည် နဲ့ ကားတစ်စီးထုတ်ပေးဖို့။ ကုန်ကျစရိတ်ကို ပါတီကပဲကျခံပေးတယ်။ Beetleကတော့ ကားရဲ့ဒီဇိုင်းက ပိုးတောင်မာ နဲ့တူလို့ Beetle ဖြစ်သွားရတာ။

ဟစ်တလာက ပြည်သူ့ရေဒီယိုဆိုပြီး People’s Radio ကို ထုတ်ပေးခဲ့ပေးသေးပါတယ်။

အခုလည်း ပြည်သူ့ကား ဟစ်တလာလိုချင်တာက မိသားစုတစ်စု တက်နိုင်တဲ့ဈေးတဲ့ တစ်မိသားစုလုံးစီးလို့ဆန့်တဲ့ ကားတစ်စီး။

ဒါနဲ့ပဲ လူကြီး ၂ ယောက် ကလေး ၃ ယောက်ဆန့်ရမယ် ဆိုပြီး သတ်မှတ်ပေးလိုက်တယ်။

အမြန်နှုန်းကို တစ်နာရီကီလို ၁၀၀ လောက်ရှိရမယ်။ ဆီစားနှုန်း ကီလို ၁၀၀ ကို ဆီက ၇ လီတာလောက်ပဲ ကုန်ရမယ်။နောက် ပစ္စည်းအစိတ်အပိုင်းတွေ ပျက်တဲ့အခါ

ဈေးသက်သက်သာသာ မြန်မြန်ဆန်ဆန်နဲ့ လဲလှယ်ပေးနိုင်ဖို့ကို ညွှန်ကြားခဲ့တယ်။

အင်ဂျင်က လေအအေးခံ (Air- cooled) စနစ်နဲ့ ဖြစ်လာပုံကတော့ အဲ့ဒီအချိန်အခါတုန်းက ကားရှိတဲ့သူတွေ နည်းသလို အိမ်တိုင်းမှာလည်း ကားထားဖို့ ဂိုထောင်တွေ မရှိသလောက် ရှားတယ်။ ဂျာမနီမှာက အေးတယ်။ ကားဝယ်ပြီးရင် အပြင် လေ အေးအေးထဲမှာပဲ ထားရဖို့များတယ်။ ဒီတော့ အင်ဂျင်ကို ရေအအေးခံစနစ်နဲ့ပဲ သုံးလိုက်ရင် မနက်ကျရင် အင်ဂျင်ကူးလန့်တွေက အေးခဲနေလိမ့်မယ်။

စက်နှိုးဖို့အတွက် အင်ဂျင်ကို အရင်မီးမြိုက်နေရလိမ့်မယ်။

(Anti freezeတွေကလည်းပေါ်ခါစမို့ စွမ်းဆောင်ရည်မြင့် လေယာဉ်တွေမှာပဲ သုံးနိုင်သေးတယ်။ ဈေးကြီးနေဆဲ။)

ဒါနဲ့ပဲ လေအအေးခံစနစ်နဲ့ အင်ဂျင်နဲ့ စတင်ခဲ့ရတယ်။

အင်ဂျင်ကို နောက်မှာထားရတာကလဲ အကြောင်းရှိတယ်။

ရှေ့အင်ဂျင် နောက်ဘက်ကို Drive shaft ပြေးပြီး မောင်းနှင်တဲ့ နောက်ယက် စနစ်က Drive shaft ကြောင့် တုန်ခါမှုတွေ များတယ်။ ဒါကြောင့် စွမ်းအင်ဆုံးရှုံးမှုတွေ ရှိတယ်။

ဒီလိုမဖြစ်အောင်ဆိုပြီး နောက်အင်ဂျင် နောက်ယက် စနစ်ကို ဖန်တီးခဲ့တယ်။

နောက်ဆုံးမှာတော့ လိမ်ခုံးကား လို့ခေါ်တဲ့ Volkswagen Beetle ကားလေးထွက်ပေါ်လာခဲ့တယ်။

ဈေးနှုန်းကိုလည်း အဲ့ဒီအချိန်ခါက ဆိုင်ကယ်တစ်စီးစာလောက် ဈေးနှုန်းနဲ့ ရောင်းချခဲ့တယ်။

လူကြိုက်များခဲ့တဲ့ ကားတစ်စီးလည်း ဖြစ်ခဲ့ပါတယ်။

အခုချိန်ထိလည်း လူကြိုက်များနေဆဲပါပဲ။

crd