မေတ္တာနဲ့ အုပ်ချုပ်တဲ့ အမေစုကို ချစ်မှာလား (အချိန် 3မိနစ်ပေး ဖတ်ကြည့်ပါ)

Unicode

အမေ့ကိုစတွေ့တဲ့နေ့ကစပြီးဒီနေ့အထိ .မိခင်တယောက်လို နွေးထွေးမှု မိခင်တယောက်ရဲ့မေတ္တာ နဲ့ ပြည်သူတစ်ဦးချင်းအပေါ်မှာထားတဲ့အပြုံးတွေနဲ့ စေတနာတွေမမေ့နိုင်စရာ အကြောင်းတွေက ဘာတွေလဲဆိုတာတွေဖတ်ရှူစရာအဖြစ်ရေးသားဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သဘောကျတာ တစ်ခုက ပြောပြချင်တာကအွန်လိုင်းပေါ်တက်လာတဲ့ပုံတိုင်းသတိထားမိတာ သြင်္ကန်ပုံရိပ်တွေနဲ့ နယ်ခရီးစဉ်ပုံတွေဟာ

တကယ်သမရိုးကျကြည့်မိတိုင်းအနုပညာဆန်တဲ့ ပုံနဲ့ စည်းရုံးရေးခရီးစဉ် အကြောင်းလေ့လာကြည့်လိုက်တိုင်းဘာအရောင်မှမဆိုးထားတဲ့မျက်နှာရဲ့ရိုးရှင်းတဲ့ အပြုံးနဲ့ပကာသနမပါ လူတစ်ဦးချင်းအပေါ် လေးစားစွာ ဆက်ဆံခြင်းကို ကျနော်အနှစ်သက်ဆုံးဟုထင်မြင်ပါတယ်။

ဝတ်ထားတဲ့အဝတ်အစားတွေမထပ်ဘူးအိမ်မှာနေနေ ကမ္ဘာ့အပြင်ဘက်ထွက်ထွက်အရောင်မထပ်ဘူး။တနေ့တမျိုးမရိုးစေရဘူး။စာရေးသူအနေနဲ့ပြောပြရရင်တိုင်းရင်းသားလူမျိုးတွေအပေါ်မှာထားတဲ့အမေစုရဲ့သဘောထားကလဲ ခေတ်အဆက်ဆက်နိမ့်ကျနေတာတွေ အရမ်းတိုးတက်စေချင်တာ အားလုံးအသိဘဲ။

ကောဇောနီခင်းပြီးလမ်းလျှောက်လဲ ပုဝါအရှည်ကို ကိုယ်မှာရုံပြီး ရိုးစင်းစွာ နိုင်ငံတကာစစ်တပ်ရဲ့ဂုဏ်ပြုခြင်းကို အသာတကြည်အလေးပြုခံတာပါဘဲ။ပေးသောမေတ္တာယူသောအပြုံး..အေးချမ်းလှတဲ့ ပြည်သူ့အချစ်တုံးကြီးကနိုင်ငံသူနိုင်ငံသားတို့အပေါ်ထားရှိတဲ့ မေတ္တာတရားတစ်ခုကိုဖတ်ကြည့်ပါအုံး”

အခုလို ကိုဗစ်ကာလကို ဖြတ်သန်းနေကြရတဲ့အချိန်မှာ ကျမလေ ကျမရဲ့ ပြည်သူတွေကို ကျန်းကျန်းမာမာနဲ့ပဲကျော်လွှားစေချင်တယ်။ ကျမတို့ရဲ့ ပြည်သူတွေကို အကြောင်သက်သက်မဲ့တော့ တစ်ယောက်မှအသေမခံနိုင်ဘူး။ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို အထူးဂရုစိုက်ပေးကြပါလို့ ပြောချင်ပါတယ်”

အဲ့ဒီစကားဟာ မေတ္တာရှိတဲ့သူတွေဆီက ကြားရခဲတဲ့စကားမျိုးပါ။ခုအသက်၇၆ရောက်တော့မယ်အသက်အရွယ်နဲ့ မလိုက်အောင် မာန် အပြည့်ပါပဲ ၊ မာန်ဆိုတာ မောက်မာ ထောင်လွှားတာမျိုးကိုပဲ သုံးတာ မဟုတ်ပါဘူး ဆိုတာ သတိချပ်ပါရစေ။

ညဘက်တောင် ကောင်းကောင်းအိပ်ရရဲ့လားမသိဘူးအိပ်မက်ထဲမှာတောင်တိုင်းပြည်အတွက် လူမျိုးအတွက်နောင်လာနောက်သားတွေအတွက်အစီအစဉ်တွေချမှတ် ခရီးတွေမရပ်မနားသွားပြီး

မိန့်ခွန်းတွေ တရစပ်ခြွေနေလေရော့လားမသိဘူးအမေအိုတစ်ယောက်အနစ်နာခံနေတာ တွေးမိတိုင်းမျက်ရည်ဝဲမိတယ် ဒီအမေလုပ်ပေးနေတာနဲ့ ဒီတိုင်းပြည်နဲ့တန်ရဲ့လားလို့မေတ္တာစိတ်ကလေးထားပြီးတွေးကြည့်ပေါ့။#အမေကျန်းမာသက်ရှည်ပါစေ

Zawgyi








