စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်တော့မည့် မြန်မာကုန်သွယ်ရေးစင်တာ

Unicode

စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ထိရောက်စွာအသုံးချနိုင်ရန် Myanmar Trade Center (Singapore) ကို မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Myanmar Trade Center (Singapore)ကို စင်ကာပူနိုင်ငံမြန်မာသံရုံးက အနီးကပ်ကြီးကြပ်သွားမည် ဖြစ်သည်။ စင်ကာပူနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင် အရှေ့တောင်အာရှဒေသ၏အချက်အချာကျသည့် နေရာတစ်ခုဖြစ် ခြင်း၊ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့်လည်း

စိုက်ပျိုးမြေရှားပါးကာစိုက်ပျိုးရေးထွက်ကုန် အများစုကိုတင်သွင်းနေရသော နိုင်ငံဖြစ်သောကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းများကိုမြင်တွေ့နေရသည်ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့က ဆိုသည်။

“စင်ကာပူကတော့ ပို့နေကျနိုင်ငံလည်းဖြစ်တယ်။ သူတို့ကြိုက်တဲ့ စိန်တစ်လုံးတို့ သခွားမွှေးလိုဟာမျိုးတွေယူနေတာရှိတယ်။ တင်ပို့မယ် ဆိုရင်လည်း တစ်ပတ်လောက်ဆို ရောက်တဲ့နေရာမျိုးဖြစ်တယ်။ စင်ကာပူကလူဦးရေကနည်းတော့ ကျန်တဲ့နိုင်ငံတွေလိုတော့ ပမာဏတော့ သိပ်အများကြီးရောင်းရဖို့ ခက်ခဲမယ်။

ဒါပေမဲ့စားသုံးမှုနဲ့ သူ့ရဲ့ ပိုက်ဆံသုံးနိုင်တဲ့အားကမြင့်တဲ့အခါကျတော့ အခုလိုလုပ်ရင်ဈေးကွက် တစ်ခုတော့ ရသွားနိုင်တယ်” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှအတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

စင်ကာပူနိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် သွင်းကုန်ကန့်သတ်ချက် အများကြီး မရှိကြောင်း၊စိုက်ပျိုးထုတ်လုပ်သည့် အရည်အသွေးသတ်မှတ်ချက် တစ်ခုသာ လိုအပ်သောကြောင့် တင်ပို့ရလွယ်ကူကြောင်း၎င်းက ပြောသည်။

“ဘာသီးနှံမဆို အကုန်ပို့လို့ရတယ်။ နောက်ပြီး စင်ကာပူက တင်ပို့ရတာနီးတော့ တခြားထွက်နေတဲ့သီးနှံတွေ အများကြီးရှိတယ်။ ဒါတွေကိုဈေးကွက်ဖောက်နိုင်ရင် ကောင်းတယ်။ကျွဲကောသီးဆိုတစ်ခါပဲ စင်ကာပူပို့ပြီးဆက်မ ပို့နိုင်ဘူး။

ဒါတွေပြန်တင်ပို့လို့ရတယ်။ နီးနီးနားနား ဈေးကွက်ဖြစ်တော့ ရမည်းသင်းဘက်က စပျစ်သီးတွေဆိုလည်း စင်ကာပူကို ဈေးကွက်ဖောက်လို့ရတဲ့ အနေအထားရှိတယ်”ဟု ဦးကျော်သူက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံကြား ကုန်သွယ်မှုသည် ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်းပေါင်း ၃၈ဝဝ ကျော်သို့ ရောက်ရှိခဲ့ပြီး ပို့ကုန်တန်ဖိုး ကန်ဒေါ်လာသန်း ၇ဝဝ ကျော်ရှိခဲ့ကြောင်း င်းများအရးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများအရ သိရသည်။

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ အိမ်ခြံမြေ၊စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီးပြည်ပရင်းနှီးမြှုပ်နှံသည့် နိုင်ငံများထဲတွင်ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

Zawgyi

စိုက္ပ်ိဳးေရးထြက္ကုန္မ်ား ေဈးကြက္ထိေရာက္စြာအသုံးခ်နိဳင္ရန္ Myanmar Trade Center (Singapore) ကို မၾကာမီ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Myanmar Trade Center (Singapore)ကို စင္ကာပူနိုင္ငံျမန္မာသံ႐ုံးက အနီးကပ္ႀကီးၾကပ္သြားမည္ ျဖစ္သည္။ စင္ကာပူနိုင္ငံသည္ အျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈတြင္ အေရွ႕ေတာင္အာရွေဒသ၏အခ်က္အခ်ာက်သည့္ ေနရာတစ္ခုျဖစ္ ျခင္း၊ ကြၽန္းနိုင္ငံတစ္နိုင္ငံျဖစ္ေသာေၾကာင့္လည္း

စိုက္ပ်ိဳးေျမရွားပါးကာစိုက္ပ်ိဳးေရးထြက္ကုန္ အမ်ားစုကိုတင္သြင္းေနရေသာ နိုင္ငံျဖစ္ေသာေၾကာင့္ ႏွစ္နိုင္ငံၾကား ကုန္သြယ္မႈျမႇင့္တင္နိုင္မည့္ အခြင့္အလမ္းမ်ားကိုျမင္ေတြ႕ေနရသည္ဟု ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရး အဖြဲ႕က ဆိုသည္။

“စင္ကာပူကေတာ့ ပို႔ေနက်နိဳင္ငံလည္းျဖစ္တယ္။ သူတို႔ႀကိဳက္တဲ့ စိန္တစ္လုံးတို႔ သခြားေမႊးလိုဟာမ်ိဳးေတြယူေနတာရွိတယ္။ တင္ပို႔မယ္ ဆိုရင္လည္း တစ္ပတ္ေလာက္ဆို ေရာက္တဲ့ေနရာမ်ိဳးျဖစ္တယ္။ စင္ကာပူကလူဦးေရကနည္းေတာ့ က်န္တဲ့နိုင္ငံေတြလိုေတာ့ ပမာဏေတာ့ သိပ္အမ်ားႀကီးေရာင္းရဖို႔ ခက္ခဲမယ္။

ဒါေပမဲ့စားသုံးမႈနဲ႕ သူ႕ရဲ႕ ပိုက္ဆံသုံးနိုင္တဲ့အားကျမင့္တဲ့အခါက်ေတာ့ အခုလိုလုပ္ရင္ေဈးကြက္ တစ္ခုေတာ့ ရသြားနိုင္တယ္” ဟု ျမန္မာနိုင္ငံ သစ္သီးဝလံ စိုက္ပ်ိဳးထုတ္လုပ္ ေရာင္းခ်သဴမ်ားအသင္းမွအတြင္းေရးမႉး ဦးေက်ာ္သူက ေျပာသည္။

စင္ကာပူနိုင္ငံသို႔ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား တင္ပို႔ရာတြင္ သြင္းကုန္ကန႔္သတ္ခ်က္ အမ်ားႀကီး မရွိေၾကာင္း၊စိုက္ပ်ိဳးထုတ္လုပ္သည့္ အရည္အေသြးသတ္မွတ္ခ်က္ တစ္ခုသာ လိုအပ္ေသာေၾကာင့္ တင္ပို႔ရလြယ္ကူေၾကာင္း၎က ေျပာသည္။

“ဘာသီးႏွံမဆို အကုန္ပို႔လို႔ရတယ္။ ေနာက္ၿပီး စင္ကာပူက တင္ပို႔ရတာနီးေတာ့ တျခားထြက္ေနတဲ့သီးႏွံေတြ အမ်ားႀကီးရွိတယ္။ ဒါေတြကိုေဈးကြက္ေဖာက္နိုင္ရင္ ေကာင္းတယ္။ကြၽဲေကာသီးဆိုတစ္ခါပဲ စင္ကာပူပို႔ၿပီးဆက္မ ပို႔နိုင္ဘူး။

ဒါေတြျပန္တင္ပို႔လို႔ရတယ္။ နီးနီးနားနား ေဈးကြက္ျဖစ္ေတာ့ ရမည္းသင္းဘက္က စပ်စ္သီးေတြဆိုလည္း စင္ကာပူကို ေဈးကြက္ေဖာက္လို႔ရတဲ့ အေနအထားရွိတယ္”ဟု ဦးေက်ာ္သူက သုံးသပ္ေျပာဆိုသည္။

ျမန္မာနိုင္ငံႏွင့္ စင္ကာပူနိုင္ငံၾကား ကုန္သြယ္မႈသည္ ၂ဝ၁၉-၂ဝ၂ဝဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာသန္းေပါင္း ၃၈ဝဝ ေက်ာ္သို႔ ေရာက္ရွိခဲ့ၿပီး ပို႔ကုန္တန္ဖိုး ကန္ေဒၚလာသန္း ၇ဝဝ ေက်ာ္ရွိခဲ့ေၾကာင္း င္းမ်ားအရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနစာရင္းမ်ားအရ သိရသည္။

စင္ကာပူနိုင္ငံသည္ ျမန္မာနိုင္ငံတြင္ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္မႈ၊ အိမ္ၿခံေျမ၊စြမ္းအင္ႏွင့္ ကုန္ထုတ္လုပ္မႈ က႑မ်ားတြင္ ရင္းႏွီးျမႇုပ္ႏွံမႈ ျပဳလုပ္ထားၿပီးျပည္ပရင္းႏွီးျမႇုပ္ႏွံသည့္ နိုင္ငံမ်ားထဲတြင္ရင္းႏွီးျမႇုပ္ႏွံမႈ အမ်ားဆုံး ျပဳလုပ္ထားေသာ နိုင္ငံတစ္နိုင္ငံျဖစ္သည္။