သတို့သားဆီကိုရဟတ်ယာဉ်နဲ့သွားကာSurpriseလုပ်မယ့်သတို့သမီး ရဟတ်ယာဉ်ပျက်ကျ

zawgyi

သတို႔သားဆီကို ရဟတ္ယာဥ္နဲ႔သြားကာ Surpriseလုပ္မယ့္သတို႔သမီး ရဟတ္ယာဥ္ပ်က္က်

ဘရာဇီးနိုင္ငံ ေဆာ္ေပၚလိုၿမိဳ႕မွာက်င္းပတဲ့ သတို႔သား Udirley Damasceno နဲ႔ သတို႔သမီး Rosemere do Nascimento Silva တို႔ရဲ့ မဂၤလာပြဲကို အထူးဧည့္သည္ေတာ္ သုံးရာသာဖိတ္ၾကားခဲ့ပါတယ္။

ငယ္ခ်စ္ေတြရဲ့ လက္ထပ္ပြဲမွာ သတိုသားနဲ႔သတို႔သမီး ေပ်ာ္ရႊင္ေနၾကမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။

သတို႔သမီး Slivaဟာ မဂၤလာပြဲမွာ ေစာင့္ေနတဲ့ ခ်စ္သူ Udirley ရွိရာကို ရဟတ္ယာဥ္နဲ႔ အေရာက္သြားကာ Surpriseလုပ္ဖို႔ လၽွို႔ဝွက္ႀကံစည္ခဲ့တယ္လို႔ သိရပါတယ္။ ဒီအႀကံအစည္သာ အေကာင္အထည္ေပၚသြားရင္ မဂၤလာဧည္ခံပြဲမွာ သတို႔သားရဲ့ အေပ်ာ္ေတြဟာ ဘယ္ေတာ့မွ​ေမ့နိုင္စရာမရွိေတာ့ဘူးလို႔ သူမကယူဆခဲ့ပါတယ္။

အဲဒီအႀကံအစည္ကိုလည္း အေကာင္အထည္ ေဖာ္ျဖစ္ေအာင္ ေဖာ္ခဲ့ပါတယ္။ ကံမေကာင္းခဲ့ပါဘူး။အဆိုပါရဟတ္ ယာဥ္ကို Slivaရဲ့အစ္ကိုက ေမာင္းႏွင္ၿပီး မဂၤလာပြဲက်င္းပရာကိုေရာက္ဖို႔ မိုင္အနည္းငယ္ အလိုမွာပ်က္က်ခဲ့ပါတယ္။

ေမာင္ႏွမႏွစ္ေယာက္စလုံး ေသဆုံးခဲ့ပါတယ္။ ဒီအထဲမွာ အစစ္ပါသြားတာက Sliva ရဲ့ဗိုက္ထဲက မေမြးဖြားရေသးတဲ့ေျခာက္လအရြယ္ကိုယ္ဝန္ ျဖစ္ပါတယ္။

Udirley ဟာ သတိုသမီး မလာေသးပါလားဆိုၿပီး ေစာင့္ေနခဲ့ပါတယ္။ ဒီအစီအစဥ္ကိုလည္း လုံး၀ မသိခဲ့ပါဘူး။ ရဲတပ္ဖြဲ႕နဲ႔ ေလေၾကာင္းလုံျခဳံေရးေအဂ်င္စီကလည္း ဒီျဖစ္စဥ္ကို စုံစမ္းေနပါတယ္။ လက္တေလာ ထုတ္ျပန္ခ်က္အရ မိုးေတြသည္းထန္စြာရြာသြန္းခဲ့လို႔ ရဟတ္ယာဥ္ဟာ ထိန္းခ်ဳပ္ရခက္ခဲခဲ့ပုံရပါတယ္။

Carlos Eduardo Batistaက ”သတို႔သမီးေတြက ျဖစ္နိုင္ ရင္ရဟတ္ယာဥ္ကို ကိုယ္တိုင္ေမာင္းၿပီး မဂၤလာပြဲကို

ဘယ္သူ႔ကိုမွအသိမေပးပဲ သြားခ်င္က်ပါတယ္ ဒါကေတာ့ ေခတ္ေရစီးေပါ့ “လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္သတို႔သမီးSlivaရဲ့အစီအစဥ္သိတဲ့ သူငယ္ခ်င္းအရင္း သုံးေလးေယာက္လည္းပရိသတ္ထဲမွာ ပါဝင္ေနခဲ့ပါတယ္။ အခ်ိန္ၾကာလာေတာ့မွ သူတို႔လည္း စိုးရိမ္စျပဳလာခဲ့ပုံရပါတယ္။ ပ်က္က်ခဲ့တဲ့ ရဟတ္ယာဥ္ဟာ Robinson 44 အမ်ိဳးအစား ျဖစ္ပါတယ္။ ေလယာဥ္မႉးကေတာ့ သတို႔သမီးရဲ့ အစ္ကို Peterson Pinheiro ျဖစ္ပါတယ္။

ပ်ံသန္းလို႔ ဆယ့္ငါးမိနစ္အၾကာပ်က္က်ခဲ့တာ ျဖစ္ပါတယ္။

crd

unicode

သတို့သားဆီကို ရဟတ်ယာဉ်နဲ့သွားကာ Surprise လုပ်မယ့်သတို့သမီး ရဟတ်ယာဉ်ပျက်ကျ

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာကျင်းပတဲ့ သတို့သား Udirley Damasceno နဲ့ သတို့သမီး Rosemere do Nascimento Silva တို့ရဲ့ မင်္ဂလာပွဲကို အထူးဧည့်သည်တော် သုံးရာသာဖိတ်ကြားခဲ့ပါတယ်။

ငယ်ချစ်တွေရဲ့ လက်ထပ်ပွဲမှာ သတိုသားနဲ့သတို့သမီး ပျော်ရွှင်နေကြမယ်ဆိုတာကတော့ သေချာပါတယ်။

သတို့သမီး Slivaဟာ မင်္ဂလာပွဲမှာ စောင့်နေတဲ့ ချစ်သူ Udirley ရှိရာကို ရဟတ်ယာဉ်နဲ့ အရောက်သွားကာ Surpriseလုပ်ဖို့ လျှို့ဝှက်ကြံစည်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြံအစည်သာ အကောင်အထည်ပေါ်သွားရင် မင်္ဂလာဧည်ခံပွဲမှာ သတို့သားရဲ့ အပျော်တွေဟာ ဘယ်တော့မှမေ့နိုင်စရာမရှိတော့ဘူးလို့ သူမကယူဆခဲ့ပါတယ်။

အဲဒီအကြံအစည်ကိုလည်း အကောင်အထည် ဖော်ဖြစ်အောင် ဖော်ခဲ့ပါတယ်။ ကံမကောင်းခဲ့ပါဘူး။အဆိုပါရဟတ် ယာဉ်ကို Slivaရဲ့အစ်ကိုက မောင်းနှင်ပြီး မင်္ဂလာပွဲကျင်းပရာကိုရောက်ဖို့ မိုင်အနည်းငယ် အလိုမှာပျက်ကျခဲ့ပါတယ်။

မောင်နှမနှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။ ဒီအထဲမှာ အစစ်ပါသွားတာက Sliva ရဲ့ဗိုက်ထဲက မမွေးဖွားရသေးတဲ့ခြောက်လအရွယ်ကိုယ်ဝန် ဖြစ်ပါတယ်။

Udirley ဟာ သတိုသမီး မလာသေးပါလားဆိုပြီး စောင့်နေခဲ့ပါတယ်။ ဒီအစီအစဉ်ကိုလည်း လုံး၀ မသိခဲ့ပါဘူး။ ရဲတပ်ဖွဲ့နဲ့ လေကြောင်းလုံခြုံရေးအေဂျင်စီကလည်း ဒီဖြစ်စဉ်ကို စုံစမ်းနေပါတယ်။ လက်တလော ထုတ်ပြန်ချက်အရ မိုးတွေသည်းထန်စွာရွာသွန်းခဲ့လို့ ရဟတ်ယာဉ်ဟာ ထိန်းချုပ်ရခက်ခဲခဲ့ပုံရပါတယ်။

Carlos Eduardo Batistaက ”သတို့သမီးတွေက ဖြစ်နိုင် ရင်ရဟတ်ယာဉ်ကို ကိုယ်တိုင်မောင်းပြီး မင်္ဂလာပွဲကို

ဘယ်သူ့ကိုမှအသိမပေးပဲ သွားချင်ကျပါတယ် ဒါကတော့ ခေတ်ရေစီးပေါ့ “လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်သတို့သမီးSlivaရဲ့အစီအစဉ်သိတဲ့ သူငယ်ချင်းအရင်း သုံးလေးယောက်လည်းပရိသတ်ထဲမှာ ပါဝင်နေခဲ့ပါတယ်။ အချိန်ကြာလာတော့မှ သူတို့လည်း စိုးရိမ်စပြုလာခဲ့ပုံရပါတယ်။ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ Robinson 44 အမျိုးအစား ဖြစ်ပါတယ်။ လေယာဉ်မှူးကတော့ သတို့သမီးရဲ့ အစ်ကို Peterson Pinheiro ဖြစ်ပါတယ်။

ပျံသန်းလို့ ဆယ့်ငါးမိနစ်အကြာပျက်ကျခဲ့တာ ဖြစ်ပါတယ်။

crd