မြန်မာနိုင်ငံရဲ့ ပထမဆုံးမှန်တံတားနဲ့ အပန်းဖြေစခန်း လာမယ့်နှစ် နောင်ချိုမှာ ဖွင့်လှစ်နိုင်ဖို့လျာထား…

zawgyi

ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး မွန္တံတားနဲ႔ အပန္းေျဖစခန္းကို

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲခ႐ိုင္ ေေနာင္ခ်ိဳၿမိဳ႕နယ္မွာ

တည္ေဆာက္ေနၿပီး လာမယ့္ႏွစ္ျဖစ္တဲ့ ၂၀၂၂ ခုႏွစ္မွာ

ဖြင့္လွစ္ႏိုင္ဖို႔လ်ာထားတယ္လို႔ ခ်ယ္ရီမူဆယ္ကုမၸဏီ၏

ဒါ႐ိုက္တာ (အဖြဲ႕၀င္)ျဖစ္သူ မလင္းလင္းထက္ဦး က

ေျပာပါတယ္။

အဲဒီစီမံကိန္းကို လက္ရွိမွာ လမ္းပိုင္းဆိုင္ရာမ်ား

စတင္လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

စီမံကိန္းမွာ ျပည္တြင္းက စိတ္၀င္စားတဲ့ စီးပြားေရး

လုပ္ငန္းရွင္ေတြကိုလည္း အက်ိဳးတူဖိတ္ေခၚထားၿပီး

ရင္းႏွီးျမႇဳပ္ႏွံမႈေငြ ေဒၚလာ ငါးသန္းေအာက္

ခန္႔မွန္းထားတယ္လို႔ သိရပါတယ္။

ဒီမွန္တံတားစီမံကိန္းကို ဂုတ္ထိပ္တံတားႀကီးရဲ႕

၁ ဒသမ ၇၅ ကီလိုမီတာအနီးဝန္းက်င္မွာ စီစဥ္

တည္ေဆာက္ေနၿပီး ၁၇ ဧကေက်ာ္ က်ယ္ဝန္းေသာ

ေနရာမွာ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံက ပညာရွင္ေတြ

အင္ဂ်င္နီယာေတြနဲ႔ တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။

မွန္သားျပင္ ေလွ်ာက္လမ္းတံတားက အျမင့္ ၁၆၀ ေပ၊

အလ်ား ၂၀၀ ေပႏွင့္ အက်ယ္ ၁၂၀ ေပ ရွိမယ္လို႔သိရၿပီး

လုံၿခဳံေရး ေကာင္းမြန္မႈကို အဓိကထားၿပီး ႏို၀င္ဘာမွာ

စတင္ေဖာ္ေဆာင္ေနၿပီျဖစ္တယ္လို႔ သူက ေျပာပါတယ္။

ဒီမွန္တံတားႀကီး ၿပီးဆုံးရင္ အပန္းေျဖအနားယူစရာေတြ

စိတ္လႈပ္ရွားေပ်ာ္႐ႊင္ဖြယ္ဖန္တီးမႈေတြ သက္တန္႔ေလွ်ာစီးနဲ႔

သဘာ၀နားခိုရန္တဲအိမ္ေတြ ပါရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

 

ဒီေနရာကို ေန႔စဥ္လည္ပတ္သူဦးေရ ၁၀၀၀ ေက်ာ္

ခန္႔မွန္းထားၿပီး ေဒသခံျပည္သူေတြအတြက္

အလုပ္အကိုင္အခြင့္အလမ္းေတြကို ဖန္တီး

ေပးႏိုင္မယ္လို႔ မလင္းလင္းထက္ဦး က ေျပာပါတယ္။

unicode

မြန်မာနိုင်ငံရဲ့ ပထမဆုံး မှန်တံတားနဲ့ အပန်းဖြေစခန်းကို

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်မှာ

တည်ဆောက်နေပြီး လာမယ့်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာ

ဖွင့်လှစ်နိုင်ဖို့လျာထားတယ်လို့ ချယ်ရီမူဆယ်ကုမ္ပဏီ၏

ဒါရိုက်တာ (အဖွဲ့ဝင်)ဖြစ်သူ မလင်းလင်းထက်ဦး က

ပြောပါတယ်။

အဲဒီစီမံကိန်းကို လက်ရှိမှာ လမ်းပိုင်းဆိုင်ရာများ

စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

စီမံကိန်းမှာ ပြည်တွင်းက စိတ်ဝင်စားတဲ့ စီးပွားရေး

လုပ်ငန်းရှင်တွေကိုလည်း အကျိုးတူဖိတ်ခေါ်ထားပြီး

ရင်းနှီးမြှုပ်နှံမှုငွေ ဒေါ်လာ ငါးသန်းအောက်

ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ဒီမှန်တံတားစီမံကိန်းကို ဂုတ်ထိပ်တံတားကြီးရဲ့

၁ ဒသမ ၇၅ ကီလိုမီတာအနီးဝန်းကျင်မှာ စီစဉ်

တည်ဆောက်နေပြီး ၁၇ ဧကကျော် ကျယ်ဝန်းသော

နေရာမှာ တရုတ်နဲ့ မြန်မာနိုင်ငံက ပညာရှင်တွေ

အင်ဂျင်နီယာတွေနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

မှန်သားပြင် လျှောက်လမ်းတံတားက အမြင့် ၁၆၀ ပေ၊

အလျား ၂၀၀ ပေနှင့် အကျယ် ၁၂၀ ပေ ရှိမယ်လို့သိရပြီး

လုံခြုံရေး ကောင်းမွန်မှုကို အဓိကထားပြီး နိုဝင်ဘာမှာ

စတင်ဖော်ဆောင်နေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီမှန်တံတားကြီး ပြီးဆုံးရင် အပန်းဖြေအနားယူစရာတွေ

စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ဖန်တီးမှုတွေ သက်တန့်လျှောစီးနဲ့

သဘာဝနားခိုရန်တဲအိမ်တွေ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေရာကို နေ့စဉ်လည်ပတ်သူဦးရေ ၁၀၀၀ ကျော်

ခန့်မှန်းထားပြီး ဒေသခံပြည်သူတွေအတွက်

အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီး

ပေးနိုင်မယ်လို့ မလင်းလင်းထက်ဦး က ပြောပါတယ်။