သမီးလေး ပက်သက်ပြီး ပရိတ်သတ်တွေက ဖေဖေလို့ စနောက်ပြီး ခေါ်ကြတဲ့ အပေါ် စိတ်မဆိုးပါဘူးလို့ ပြောပြလာခဲ့တဲ့ လူကြမ်း သရုပ်ဆောင် မင်းမင်း

Unicode

ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းကတော့ လတ်တလောမှာ သူ့ရဲ့သမီးလေး ဇင်စန္ဒာထွန်းကို ပရိသတ်တွေရှေ့ ပွဲထုတ်လာခဲ့ပါတယ်

ဒီလောက်ထိ ပရိသတ်တွေက သမီးလေးကို အသိမှတ်ပြုကြလိမ့်မယ်လို့ မထင်ထားခဲ့ပေမယ့် အခုလို အများကြီးအ ားပေးကြတဲ့အပေါ် လူကြမ်းသရုပ်ဆောင် မင်းမင်းက ဝမ်းသာဂုဏ်ယူနေတာပါ

ဖေဖေ လို့ပရိသတ်တွေဝိုင်းစကြတဲ့အပေါ်မှာလည်း စိတ်မဆိုးသလို သမီးလေးအလှည့်ကျမှ ပဲ ပွဲထုတ် ခွင့်ရပြီး လမ်းကြောင်းတစ်ခုပေါ်ရောက်လာတာကို အရမ်းပီတိဖြစ်မတဲ့ အကြောင်းနဲ့

ကိုမင်းမင်းက သူတို့ခေတ်အခါက ဒီလိုဖြစ်ဖို့ကို အရမ်းကြိုးစားခဲ့ရတာဆိုပေမယ့် သမီးလေးက အချိန်တိုလေးအတွင်းမှာ ပရိသတ်တွေရဲ့အားပေးမှု အများကြီးရလာတယ်ဆိုတာ သမီးလေးရဲ့ စန်းကြောင့်ပါလို့လည်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ်

သမီးလေး ဇင်စန္ဒာထွန်းကလည်း အားပေးတဲ့သူတွေများလာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသလို ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ရင် အောင်မြင်မယ်ဆိုတာကို နားလည်လာတဲ့အပြင် အားပေးတဲ့သူတွေကလည်း အများကြီးရှိနေတော့ ထပ်ပြီးကြိုးစားသွားမှာပါလို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်

လူကြမ်းသရုပ်ဆောင် ကိုမင်းမင်းကတော့ သမီးလေးကိုအနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်လာအောင် တတ်နိုင်သလောက် ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့လည်း ဆယ်လီကမ္ဘာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်
Credit

Zawgyi






Credit