ရဲတပ်ဖွဲ့အား ကိုအောင်ကြီးက တရားစွဲထားသည့်အမှုကို အပြီးစစ်ဆေးမည့်ရက် ကြေညာလိုက်ပြီ

Unicode

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး တရားခံဟု ယူဆသည့် ယာဉ်မောင်း အောင်ကြီး မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ မမှန်မကန် တရားစွဲဆိုခံရသည့်အတွက် နစ်နာကြေးငွေ ကျပ်သိန်း ၅ ထောင် ရလိုမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုရန် ဒက္ခိဏသီရိခရိုင် တရားရုံးသို့ အဆိုပြုလွှာတင်သွင်းခဲ့ရာ ရုံးတော်မှ ဒီဇင်ဘာလ ၁၈ ရက်နေ့က လက်ခံခဲ့ပါတယ်။

ထိုသို့ ရုံးတော်မှ လက်ခံခဲ့သည့်အတွက် ဇန်နဝါရီလ ၁၅ ရက် နေ့တွင် ရဲတပ်ဖွဲ့မှ ငြင်းချက်သမ္မန်စာကို ဒုတိယရဲမှူးကြီး ဝင်းမြင့်မှ လာရောက်ခဲ့ကြောင်း အောင်ကြီးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။အဲဒီတော့ သူက တရားသူကြီးရှေ့မှာစပြီးတော့ အမှုရဲ့သဘောသဘာဝပြောတယ်။

ပြောပြီးတော့ ရုံးချိန်းကတော့ လေးပတ် စပြီးတော့ခွာလိုက်ပါတယ်။ ဒီအမှုရဲ့အမျိုးအစားကို သတ်မှတ်တဲ့အခါမှာတော့ ရက်ပေါင်း ၅၄၀ တွင်း အပြီးစစ်ရမယ့်အမှုလို့ သတ်မှတ်ပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောပါတယ်။ ရက်ပေါင်း ၅၄၀ အတွင်း အပြီး စစ်ဆေးမည်ဆိုသော်လည်း ပြသနာ တစ်စုံတစ်ခု ပေါ်ပေါက်ပါက တရားလွှတ်တော်ချုပ်ရုံးထိ တက်ရပါက ရက်ပေါင်း ၅၄၀ ကျော်နိုင်ကြောင်း သိရပါတယ်။

“တခါတခါမှာ မူလရုံးကနေစစ်လိုက်တဲ့ စာရွက်စာတန်းတခု တင်သွင်းသင့်မသွင်းသင့် စသဖြင့် ပြဿနာတခုခုပေါ်လာရင် အဲတာတွေကို အပေါ်ရုံးတွေ အဆင့်ဆင့်တက်လို့ တရားလွှတ်တော်ချုပ်အထိတက်ရတယ်ဆိုရင် ၅၄၀ ကလည်းကျော်သွားတတ်တယ်” ဟု ဦးခင်မောင်ဇော်ကပြောပါတယ်။ ယင်း အမှု နှင့်ပတ်သက်ပြီးတရားလို အောင်ကြီးအနေဖြင့် ညှိနှိုင်းလိုခြင်း မရှိပဲ အဆုံးထိသာ လုပ်ဆောင်လိုကြောင်း ပြောပါတယ်။

ကျွန်တော်ဘက်က ဘာမှ သိပ်ထွေထွေထူးထူးပြောစရာမရှိပါဘူး။ အစောက အဘပြောသွားသလို စေ့စပ်ညှိနှိုင်းရမယ်တဲ့။ ကျွန်တော့ဘက်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းမလားတဲ့။ကျွန်တော်က မညှိနှိုင်းဘူးလို့ ပြောတယ်။သူတို့ကလည်း မညှိနှိုင်းဘူးလို့ ပြောပါတယ်။ဒါကတော့ မညှိနှိုင်းချင်ဘူးဆိုတာက အဆုံးထိပဲ သွားချင်တာပေါ့နော့” ဟု အောင်ကြီးကပြောပါတယ်။

လာမည့် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီး အဆိုပါနေ့တွင် ကိုယ်စားလှယ်စာများ တင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လက နေပြည်တော် ကောင်စီနယ်မြေသပြေကုန်းတွင်ဖွင့်လှစ်ထားသည့်

Wisdom Hill မူကြိုကျောင်းတွင်ကလေးငယ်လေး တစ်ဦးအား မဖွယ်မရာ ပြုလုပ်သည့်အတွက် မိခင်ကိုယ်တိုင်မှ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ကျောင်း ကြီးကြပ်ရေးမှုး ၏ ကားမောင်းသူ ယာဉ်မောင်းအောင်ကြီးကို သံသယ တရားခံ အဖြစ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ထိုသို့ ဖမ်းဆီးပြီးအမှု ပေါ်ပေါက်ခြင်းမရှိသည့်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ယာဉ်မောင်းအောင်ကြီးကို ဒက္ခိဏသီရိခရိုင်တရားရုံးမှ တရားရှင်ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

Zawgyi

ဗစ္တိုးရီးယားအမႈႏွင့္ပတ္သက္ၿပီး တရားခံဟု ယူဆသည့္ ယာဥ္ေမာင္း ေအာင္ႀကီး မွ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ မွ မမွန္မကန္ တရားစြဲဆိုခံရသည့္အတြက္ နစ္နာေၾကးေငြ က်ပ္သိန္း ၅ ေထာင္ ရလိုမႈျဖင့္ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကို တရားစြဲဆိုရန္ ဒကၡိဏသီရိခရိုင္ တရား႐ုံးသို႔ အဆိုျပဳလႊာတင္သြင္းခဲ့ရာ ႐ုံးေတာ္မွ ဒီဇင္ဘာလ ၁၈ ရက္ေန႕က လက္ခံခဲ့ပါတယ္။

ထိုသို႔ ႐ုံးေတာ္မွ လက္ခံခဲ့သည့္အတြက္ ဇန္နဝါရီလ ၁၅ ရက္ ေန႕တြင္ ရဲတပ္ဖြဲ႕မွ ျငင္းခ်က္သမၼန္စာကို ဒုတိယရဲမႉးႀကီး ဝင္းျမင့္မွ လာေရာက္ခဲ့ေၾကာင္း ေအာင္ႀကီးဘက္မွ အမႈလိုက္ပါေဆာင္႐ြက္ေပးသူ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။အဲဒီေတာ့ သူက တရားသူႀကီးေရွ႕မွာစၿပီးေတာ့ အမႈရဲ႕သေဘာသဘာဝေျပာတယ္။

ေျပာၿပီးေတာ့ ႐ုံးခ်ိန္းကေတာ့ ေလးပတ္ စၿပီးေတာ့ခြာလိုက္ပါတယ္။ ဒီအမႈရဲ႕အမ်ိဳးအစားကို သတ္မွတ္တဲ့အခါမွာေတာ့ ရက္ေပါင္း ၅၄၀ တြင္း အၿပီးစစ္ရမယ့္အမႈလို႔ သတ္မွတ္ပါတယ္” ဟု ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ ရက္ေပါင္း ၅၄၀ အတြင္း အၿပီး စစ္ေဆးမည္ဆိုေသာ္လည္း ျပသနာ တစ္စုံတစ္ခု ေပၚေပါက္ပါက တရားလႊတ္ေတာ္ခ်ဳပ္႐ုံးထိ တက္ရပါက ရက္ေပါင္း ၅၄၀ ေက်ာ္နိုင္ေၾကာင္း သိရပါတယ္။

“တခါတခါမွာ မူလ႐ုံးကေနစစ္လိုက္တဲ့ စာ႐ြက္စာတန္းတခု တင္သြင္းသင့္မသြင္းသင့္ စသျဖင့္ ျပႆနာတခုခုေပၚလာရင္ အဲတာေတြကို အေပၚ႐ုံးေတြ အဆင့္ဆင့္တက္လို႔ တရားလႊတ္ေတာ္ခ်ဳပ္အထိတက္ရတယ္ဆိုရင္ ၅၄၀ ကလည္းေက်ာ္သြားတတ္တယ္” ဟု ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။ ယင္း အမႈ ႏွင့္ပတ္သက္ၿပီးတရားလို ေအာင္ႀကီးအေနျဖင့္ ညွိႏွိုင္းလိုျခင္း မရွိပဲ အဆုံးထိသာ လုပ္ေဆာင္လိုေၾကာင္း ေျပာပါတယ္။

ကြၽန္ေတာ္ဘက္က ဘာမွ သိပ္ေထြေထြထူးထူးေျပာစရာမရွိပါဘူး။ အေစာက အဘေျပာသြားသလို ေစ့စပ္ညွိႏွိုင္းရမယ္တဲ့။ ကြၽန္ေတာ့ဘက္ကေန ဒီကိစၥနဲ႕ ပတ္သက္ၿပီး ညွိႏွိုင္းမလားတဲ့။ကြၽန္ေတာ္က မညွိႏွိုင္းဘူးလို႔ ေျပာတယ္။သူတို႔ကလည္း မညွိႏွိုင္းဘူးလို႔ ေျပာပါတယ္။ဒါကေတာ့ မညွိႏွိုင္းခ်င္ဘူးဆိုတာက အဆုံးထိပဲ သြားခ်င္တာေပါ့ေနာ့” ဟု ေအာင္ႀကီးကေျပာပါတယ္။

လာမည့္ ႐ုံးခ်ိန္းကိုေတာ့ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႕ကို ျပန္လည္ခ်ိန္းဆိုထားၿပီး အဆိုပါေန႕တြင္ ကိုယ္စားလွယ္စာမ်ား တင္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ မတ္လက ေနျပည္ေတာ္ ေကာင္စီနယ္ေျမသေျပကုန္းတြင္ဖြင့္လွစ္ထားသည့္

Wisdom Hill မူႀကိဳေက်ာင္းတြင္ကေလးငယ္ေလး တစ္ဦးအား မဖြယ္မရာ ျပဳလုပ္သည့္အတြက္ မိခင္ကိုယ္တိုင္မွ ရဲစခန္းသို႔ အမႈဖြင့္တိုင္ၾကားခဲ့ရာ ေက်ာင္း ႀကီးၾကပ္ေရးမႈး ၏ ကားေမာင္းသူ ယာဥ္ေမာင္းေအာင္ႀကီးကို သံသယ တရားခံ အျဖစ္ ဖမ္းဆီးခဲ့ျခင္း ျဖစ္ပါတယ္။ထိုသို႔ ဖမ္းဆီးၿပီးအမႈ ေပၚေပါက္ျခင္းမရွိသည့္အတြက္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၈ ရက္ေန႕က ယာဥ္ေမာင္းေအာင္ႀကီးကို ဒကၡိဏသီရိခရိုင္တရား႐ုံးမွ တရားရွင္ျပန္လႊတ္ေပးခဲ့ျခင္း ျဖစ္ပါတယ္။