ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်း COVID-19 ရောဂါဖြင့် ကွယ်လွန်

Unicode

ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး (ငြိမ်း) ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်း COVID-19 ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်လင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ကြည်ဝင်းသည် ဇန်နဝါရီ ၁၃ ရက် ညပိုင်းတွင် COVID-19 ရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကလေးကျန်းမာပညာ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

အလားတူ ဟင်္သာတပြည်သူ့ဆေးရုံကြီးတွင် သူနာပြုတာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမကြီး ဒေါ်သန်းသန်းစီမှာလည်း COVID-19 ရောဂါဖြင့် ဇန်နဝါရီ ၁၂ ရက်က ကွယ်လွန်သွားခဲ့ကြောင်းနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှ သူနာပြုတာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမကြီး ဒေါ်အေးဝင်းသန်းမှာလည်း COVID-19 ရောဂါဖြင့် ဇန်နဝါရီ ၁၃ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းအတွင်းက COVID-19 ကူးစက်ခံရသည့် လှိုင်မြို့နယ် Fever Clinic မှ တာဝန်ခံဆရာဝန်ကွယ်လွန်ခဲ့သည်။ကွယ်လွန်ခဲ့သူမှာ ဆရာဝန်ကြီး ဒေါက်တာညီညီသျှင်ဖြစ်ပြီး ဇန်နဝါရီ ၃ ရက် နံနက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလဆန်းပိုင်းတွင် ရောဂါကူးစက်ခံခဲ့ရပြီး တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 ဒုတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူအများဆုံးမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး အနည်းဆုံး ကျန်းမာရေးဝန်ထမ်းထောင်နှင့်ချီ ရောဂါကူးစက်ခံခဲ့ရသည်။

ယင်းသို့ကူးစက်ခံရသူများအနက် ပထမဆုံး သေဆုံးခဲ့သူမှာ တာမွေမြို့နယ်မှ ကျန်းမာရေးဦးစီးမှူးဖြစ်ပြီး တိုက်ကြီးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦး၊ လှိုင်သာယာဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့မှာလည်း ရောဂါကူးစက်ခံရပြီးနောက် သေဆုံးခဲ့ကြောင်း သိရသည်။
Eleven News

Zawgyi

ကေလးေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး (ၿငိမ္း) ကေလးအထူးကုဆရာဝန္ႀကီး ေဒါက္တာေအာင္ၾကည္ဝင္း COVID-19 ေရာဂါျဖင့္ ကြယ္လြန္သြားေၾကာင္း ရန္ကုန္ကေလးေဆး႐ုံႀကီးမွ ကေလးအထူးကုဆရာဝန္ႀကီး ေဒါက္တာေက်ာ္လင္းက ၎၏ လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေရးသားေဖာ္ျပထားသည္။

ကေလးအထူးကုဆရာဝန္ႀကီး ေဒါက္တာေအာင္ၾကည္ဝင္းသည္ ဇန္နဝါရီ ၁၃ ရက္ ညပိုင္းတြင္ COVID-19 ေရာဂါျဖင့္ ကြယ္လြန္သြားျခင္းျဖစ္ၿပီး ၎မွာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ကေလးက်န္းမာပညာ အဖြဲ႕ဝင္တစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။

အလားတူ ဟသၤာတျပည္သူ႕ေဆး႐ုံႀကီးတြင္ သူနာျပဳတာဝန္ထမ္းေဆာင္ေနသည့္ သူနာျပဳဆရာမႀကီး ေဒၚသန္းသန္းစီမွာလည္း COVID-19 ေရာဂါျဖင့္ ဇန္နဝါရီ ၁၂ ရက္က ကြယ္လြန္သြားခဲ့ေၾကာင္းႏွင့္ မႏၲေလးျပည္သူ႕ေဆး႐ုံႀကီးမွ သူနာျပဳတာဝန္ထမ္းေဆာင္ေနသည့္ သူနာျပဳဆရာမႀကီး ေဒၚေအးဝင္းသန္းမွာလည္း COVID-19 ေရာဂါျဖင့္ ဇန္နဝါရီ ၁၃ ရက္က ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလဆန္းပိုင္းအတြင္းက COVID-19 ကူးစက္ခံရသည့္ လွိုင္ၿမိဳ႕နယ္ Fever Clinic မွ တာဝန္ခံဆရာဝန္ကြယ္လြန္ခဲ့သည္။ကြယ္လြန္ခဲ့သူမွာ ဆရာဝန္ႀကီး ေဒါက္တာညီညီသွ်င္ျဖစ္ၿပီး ဇန္နဝါရီ ၃ ရက္ နံနက္တြင္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဒီဇင္ဘာလဆန္းပိုင္းတြင္ ေရာဂါကူးစက္ခံခဲ့ရၿပီး တပ္မေတာ္ေဆး႐ုံတြင္ တက္ေရာက္ကုသမႈခံယူေနစဥ္ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

COVID-19 ဒုတိယလွိုင္းတြင္ ေရာဂါကူးစက္ခံရသူအမ်ားဆုံးမွာ က်န္းမာေရးဝန္ထမ္းမ်ားျဖစ္ၿပီး အနည္းဆုံး က်န္းမာေရးဝန္ထမ္းေထာင္ႏွင့္ခ်ီ ေရာဂါကူးစက္ခံခဲ့ရသည္။

ယင္းသို႔ကူးစက္ခံရသူမ်ားအနက္ ပထမဆုံး ေသဆုံးခဲ့သူမွာ တာေမြၿမိဳ႕နယ္မွ က်န္းမာေရးဦးစီးမႉးျဖစ္ၿပီး တိုက္ႀကီးၿမိဳ႕နယ္မွ က်န္းမာေရးဝန္ထမ္းတစ္ဦး၊ လွိုင္သာယာေဆး႐ုံမွ က်န္းမာေရးဝန္ထမ္းတစ္ဦးတို႔မွာလည္း ေရာဂါကူးစက္ခံရၿပီးေနာက္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
Eleven News