မြိတ်မြို့နယ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားကာ နာရီဝက်အကြာ မီးငြှိမ်းသတ်ခဲ့ရ

Unicode

မြိတ်မြို့နယ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားကာ နာရီဝက်အကြာ မီးငြှိမ်းသတ်ခဲ့ရ

တနင်္သာရီတိုင်း၊ မြိတ်မြိ့နယ်အတွင်းရှိ အင်းလေးမြိုင်ရပ်ကွက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နာရီဝက်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

အဆိုပါမြိတ်မြို့နယ်အတွင်းရှိ အင်းလေးမြိုင်ရပ်ကွက်မှာ မီးလောင်ကျွမ်းမှုဖြစ်စဉ်သည် ယနေ့ ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်ကစတင်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁နာရီခွဲအချိန်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်သတင်းအရ မြိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊

ရေသယ်ယာဉ်(၄)စီး၊ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုသို့မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်ခြေ ၁၁လုံးခန့် မီးဘေးသင့်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သတင်းများအရ သိရပါတယ်။

Zawgyi





