Bubble Tea ကြိုက်တဲ့ လူငယ်လေးတဦးရဲ့ အူထဲမှာ ကျောက်ခဲလုံးသဖွယ် ပိတ်နေလို့ ဖယ်ရှားပေးခဲ့ရတဲ့အဖြစ်

Unicode

Bubble Tea ကြိုက်တဲ့ လူငယ်လေးတဦးရဲ့ အူထဲမှာ ကျောက်ခဲလုံးသဖွယ် ပိတ်နေလို့ ဖယ်ရှားပေးခဲ့ရတဲ့အဖြစ် တရုတ်နိုင်ငံမှ အမည်မဖော်လိုတဲ့ဆယ်ကျော်သက်ကောင်လေးတဦးဟာ

Bubble Tea ကို ကြိုက်တာကြောင့် မကြာခဏသောက်ဖြစ်နေခဲ့ပြီး ပုလဲလုံးလို့ လူသိများတဲ့ စေးကပ်တဲ့သာကူလုံးတွေကိုလည်း အမြဲထည့်သောက်နေခဲ့တာပါ။

အသက် ၁၃ နှစ်အရွယ် အဆိုပါဆယ်ကျော်သက်ဟာ စင်ရှန်ဆေးတက္ကသိုလ် ဆေးရုံကို ဝမ်းမသွားဘဲဗိုက်အောင့်တဲ့ ဝေဒနာနဲ့ ရောက်လာခဲ့ကာ ဆရာဝန်တွေက သူရဲ့အူထဲမှာ ၂ စင်တီမီတာနဲ့ ၃ စင်တီမီတာရှိတဲ့မာကျောစုဖွဲ့နေတဲ့အရာနှစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။

သာကူလုံးတွေကို အူကအစာခြေစွန့်ပစ်နိုင်စွမ်း မရှိတာကြောင့် အူထဲမှာတင် သာကူလုံးတွေ စုဖွဲ့မာကျောနေခဲ့တာလို့ ကုသပေးခဲ့တဲ့ ဒေါက်တာ ကျန်းဟိုင်ယန်က ဆိုပါတယ်။ လူနာဟာ Bubble Tea နှစ်ခြိုက်တာကြောင့် တစ်ပတ်တစ်ကြိမ်လောက် ဝယ်သောက်နေခဲ့တာဖြစ်ပြီး

အထဲမှာထည့်ထားတဲ့ သာကူလုံးတွေကိုလည်း မဝါးနေတော့ဘဲ တစ်ခါတည်းမျိုချပစ်လိုက်တဲ့ အကျင့်ရှိနေတာလို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လတုန်းကလည်း တရုတ်ပြည် ကြက်ကျန်းပြည်နယ်က ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးမှာလည်း သာကူလုံးတွေ အူထဲအစာမကြေဘဲ စုဖွဲ့ပိတ်ဆို့နေခဲ့တာကြောင့် (၅) ရက်မျှ ဝမ်းမသွားနိုင်ခဲ့ဘဲ အလားတူ ကုသမှုမျိုး ခံယူခဲ့ရသေးတယ်လို့ သိရပါတယ်။

Zawgyi

Bubble Tea ႀကိဳက္တဲ့ လူငယ္ေလးတဦးရဲ႕ အူထဲမွာ ေက်ာက္ခဲလုံးသဖြယ္ ပိတ္ေနလို႔ ဖယ္ရွားေပးခဲ့ရတဲ့အျဖစ္ တ႐ုတ္နိုင္ငံမွ အမည္မေဖာ္လိုတဲ့ဆယ္ေက်ာ္သက္ေကာင္ေလးတဦးဟာ

Bubble Tea ကို ႀကိဳက္တာေၾကာင့္ မၾကာခဏေသာက္ျဖစ္ေနခဲ့ၿပီး ပုလဲလုံးလို႔ လူသိမ်ားတဲ့ ေစးကပ္တဲ့သာကူလုံးေတြကိုလည္း အၿမဲထည့္ေသာက္ေနခဲ့တာပါ။

အသက္ ၁၃ ႏွစ္အ႐ြယ္ အဆိုပါဆယ္ေက်ာ္သက္ဟာ စင္ရွန္ေဆးတကၠသိုလ္ ေဆး႐ုံကို ဝမ္းမသြားဘဲဗိုက္ေအာင့္တဲ့ ေဝဒနာနဲ႕ ေရာက္လာခဲ့ကာ ဆရာဝန္ေတြက သူရဲ႕အူထဲမွာ ၂ စင္တီမီတာနဲ႕ ၃ စင္တီမီတာရွိတဲ့မာေက်ာစုဖြဲ႕ေနတဲ့အရာႏွစ္ခုကို ေတြ႕ရွိခဲ့ၾကပါတယ္။

သာကူလုံးေတြကို အူကအစာေျခစြန႔္ပစ္နိုင္စြမ္း မရွိတာေၾကာင့္ အူထဲမွာတင္ သာကူလုံးေတြ စုဖြဲ႕မာေက်ာေနခဲ့တာလို႔ ကုသေပးခဲ့တဲ့ ေဒါက္တာ က်န္းဟိုင္ယန္က ဆိုပါတယ္။ လူနာဟာ Bubble Tea ႏွစ္ၿခိဳက္တာေၾကာင့္ တစ္ပတ္တစ္ႀကိမ္ေလာက္ ဝယ္ေသာက္ေနခဲ့တာျဖစ္ၿပီး

အထဲမွာထည့္ထားတဲ့ သာကူလုံးေတြကိုလည္း မဝါးေနေတာ့ဘဲ တစ္ခါတည္းမ်ိဳခ်ပစ္လိုက္တဲ့ အက်င့္ရွိေနတာလို႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္ ဇြန္လတုန္းကလည္း တ႐ုတ္ျပည္ ၾကက္က်န္းျပည္နယ္က ၁၄ ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦးမွာလည္း သာကူလုံးေတြ အူထဲအစာမေၾကဘဲ စုဖြဲ႕ပိတ္ဆို႔ေနခဲ့တာေၾကာင့္ (၅) ရက္မွ် ဝမ္းမသြားနိုင္ခဲ့ဘဲ အလားတူ ကုသမႈမ်ိဳး ခံယူခဲ့ရေသးတယ္လို႔ သိရပါတယ္။