ယခုလိုကြပ်တည်းနေကြသော ကိုဗစ်ကာလမှာအိမ်ပေါ်ကနေနှင်ချခံရတဲ့ အခြေခံလူတန်းစား အိမ်ငှားများအတွက် သိကောင်းစရာ
Unicode
ကိုဗစ်ကာလမှာအိမ်ပေါ်ကနေနှင်ချခံရတဲ့ အခြေခံလူတန်းစား အိမ်ငှားများအတွက်။ ကိုဗစ်ကာလ အိမ်လခမပေးနိုင်လို့ နှင်ချခံနေရတဲ့ အခြေခံလူတန်းစားများအတွက် ဥပဒေအရအိမ်ရှင်က အိမ်သာပိုင်တာ အိမ်ငှါးက လက်ရှိပိုင်ရှင်၊ အိမ်ဌားခွင့်မပြုပဲ အိမ်ထဲဇွတ်ဝင်ရင် ပိုင်နက်ကျူးလွန်မှုပစ္စည်းတွေဆွဲချရင် ဖျက်စီးမှု လက်ရောက်မှုစတာတွေနဲ့ အိမ်ရှင်ကိုတရားစွဲလို့ရတယ်။
သတ်မှတ်အိမ်လခ အပြည့်မပေးနိုင်ရင်တောင် အနည်းအကျဉ်းပေးရင် ချက်ချင်းကြီး နှင်ချလို့မရပါဘူး ဥပဒေအရ လူတယောက်ကို အိမ်ပေါ်ကဆင်းခိုင်းတဲ့ အဆင့်ရောက်အောင် တရားရုံးမှာတရားစွဲပြီး အဆင့်ဆင့်လုပ်ရမှာ အချိန်နှစ်နဲ့ကြာပါတယ်။ မစိုးရိမ်ကြပါနဲ့ အိမ်ဌားတွေ။ တရားရုံးက ဖယ်ပါဆိုတဲ့ ဝရန်းပြမှဖယ်မယ်လို့သာ ပြောလိုက်။ တနှစ်ကတော့ အေးဆေးနေလို့ ရသေးတယ်။ ကိုဗစ်ကာလ ဒုက္ခရောက်နေတဲ့ အခြေခံလူတန်းစားများဖက်မှရေးပေးသည်အိမ်လခပေးနိုင်သေးသည်။
ဒါပေမဲ့ ဒီကာလမှာ ဘယ်လိုအပြောင်းအရွှေ့လုပ်မလဲ။ ဆိုးတဲ့ အိမ်ရှင်။ ဥပဒေအရလဲ အိမ်လခမှန်မှန်ပေးနေလျင် မောင်းချ၍မရပါ။ နောက်လူဌားမလို့ပြော၍ ဥပဒေကခွင့်မပြုပါ။ မဌားချင်လျင်အစကတဲက မဌားပါနှင့်၊ တနှစ်လောက်ဌားပြီး မောင်းချချင်တိုင်း မောင်းချဖို့ ဥပဒေကခွင့်မပြုပါ။
ဒီဥပဒေက အင်္ဂလိပ်ခေတ်မြေပိုင်ရှင်ကြီးများက အခြေခံလူတန်းစား မြန်မာလူမျိုးများကို အနိုင်ကျင့်နေ၍ အင်္ဂလိပ်က အခြေခံလူတန်းစား မြန်မာလူမျိုးများဘက်မှဘကာကွယ်ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ ယခုတိုင်လက်ခံ ကျင့်သုံးနေသည်။ဒါကိုပင် မသိနားမလျင်နက်ကျူးလွန်မှုနှင့် အကျိုးဖျက်ဆီးမှု (လက်ပါလျင် လက်ရောက်မှု ဆဲလျင်ဆဲဆိုမှု ထပ်တိုးမည်)။
ဒါကိုမသိတဲ့အိမ်ဌားတွေက ခံနေတာပါ သိတဲ့နားလည်တဲ့ အိမ်ဌားကတိုင်လို့ တရားခံအဖြစ် အမှုရင်ဆိုင်ရတဲ့ အိမ်ဌားတွေအများကြီးပါ၊ ကိုဗစ်ကာမှာအလုပ်မရှိလို့လက်ထဲပေးစရာ မရှိကြရှာကြတာ(ရှိရက်နှင့်ညစ်ပီးမပေးတဲ့သူကိုမဆိုလိုပါ) အိမ်လခတောင် ပေးစရာမရှိကြ ရှာတာ အိမ်ပြောင်းဖို့ ပိုက်ဆံဘယ်ရှိကြမည်လဲ။
နောက်အိမ်ဌားဖို့ ပိုက်ဆံရှိမှတော့ ယခုသူတို့ နေနေတဲ့အိမ်လခပေးလိုက်ကြမှာပေါ့၊ ကိုဗစ်ကာလ ဒုက္ခရောက်နေတဲ့အခြေခံလူတန်းစားများကို အတင်းမောင်းချနေကြတဲ့ အိမ်ရှင်ဆိုးများကြောင့် ဒီစာကိုရေးသည်။အိမ်ဌားများဘက်ကလဲ မညစ်ကြပါနှင့်။ အထူးပြောလိုသည်က ဆိုးတဲ့အိမ်ရှင်တွေကိုသိစေချင်တာ ညစ်ချင်းညစ် အိမ်ဌားကသာညစ်လို့ရတာ မမောက်မာကြပါနှင့်။ ကိုယ်ချင်းစာကြပါအားလုံးက(နှစ်ဘက်စလုံးပြောတာ)
Zawgyi