အနုပညာအလုပ်တွေကြိုးစားပြီး မိခင်ဖြစ်သူအတွက် စိန်နားကပ်တစ်ရံ ကန်တော့ခဲ့တဲ့ ခင်ရတနာစိုး

Unicode

ပရိသတ်ကြီးရေ .. The Voice Myanmar ပြိုင်ပွဲ ကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ခင်ရတနာစိုးကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့ပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ ကိုဗစ်ကာလကြီးမှာ Show တွေမဆိုနိုင်သေးပေမယ့်လည်း Live Sale လေးတွေရောင်းချပြီးရတဲ့အနုပညာကြေးနဲ့ မိခင်ဖြစ်သူကို ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ဟိုး ငယ်ငယ်လေးကထဲက မိခင်ဖြစ်သူ ကိုသီချင်းဆိုရင်းပိုက်ဆံရှာပြီး ကန်တော့ခဲ့ပေမယ့် အခုချိန်ထိအဖတ်တင်တာရယ်လို့ မဝယ်ပေးဖူးသေးတဲ့အတွက် ဇန်နဝါရီလ (၁၂) ရက်နေ့ညက သူမ Live saleလုပ်ရင်းနဲ့ လုပ်အားခလေးစုပြီး မေမေပူဆာနေတဲ့ ခရမ်းဆွဲစိန်နားကပ်ကိုဝယ်ပေးနိုင်ခဲ့ပါတယ် ။ သမီးအတွက်ဒီအချိန်မှာလိုအပ်တာက ကိုယ်ပိုင်သီချင်းနဲ့

ကိုယ်ပိုင်ကားလေးပါ ဒါပေမယ့် အမေ့ရဲ့ဆန္ဒနဲ့ယှဉ်ရင်တော့ဒါတွေကအရေးမပါပါဘူး ဆိုတဲ့စာသားလေးနဲ့အတူ သူမလိုအပ်နေတာထက် မိခင်ဖြစ်သူလိုချင်နေတာလေးကို ဝယ်ပေးနိုင်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

ခင်ခင်က သူမအမေကို အရမ်းချစ်သလို သူမ အတွက်အလုပ်အကိုင်အဆင်ပြေဖို့အမြဲဆုတောင်းပေးနေပါ ၊ ပွစိပွစိလဲလျော့ပေးပါလို့လည်း ချစ်စဖွယ်တောင်းဆိုထားပါသေးတယ် ။ အသက်ငယ်ငယ်လေးနဲ့မိဘအပေါ် သိတတ်လိမ္မာတဲ့သမီးလေး ခင်ခင်အတွက် ပရိသတ်တွေကလည်း ချီးကျူးလေးစားကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် Source : Khin Yadanar Soe

Zawgyi

ပရိသတ္ႀကီးေရ .. The Voice Myanmar ၿပိဳင္ပြဲ ကေနတဆင့္ ပရိသတ္အားေပးမႈအခိုင္အမာရရွိခဲ့တဲ့ ခင္ရတနာစိုးကေတာ့ အခုဆိုရင္ အႏုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနခဲ့ၿပီျဖစ္ပါတယ္ ။ လတ္တေလာမွာေတာ့ ကိုဗစ္ကာလႀကီးမွာ Show ေတြမဆိုနိုင္ေသးေပမယ့္လည္း Live Sale ေလးေတြေရာင္းခ်ၿပီးရတဲ့အႏုပညာေၾကးနဲ႕ မိခင္ျဖစ္သူကို ျပန္လည္ေက်းဇူးဆပ္နိုင္ခဲ့ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့ပါတယ္ ။

ဟိုး ငယ္ငယ္ေလးကထဲက မိခင္ျဖစ္သူ ကိုသီခ်င္းဆိုရင္းပိုက္ဆံရွာၿပီး ကန္ေတာ့ခဲ့ေပမယ့္ အခုခ်ိန္ထိအဖတ္တင္တာရယ္လို႔ မဝယ္ေပးဖူးေသးတဲ့အတြက္ ဇန္နဝါရီလ (၁၂) ရက္ေန႕ညက သူမ Live saleလုပ္ရင္းနဲ႕ လုပ္အားခေလးစုၿပီး ေမေမပူဆာေနတဲ့ ခရမ္းဆြဲစိန္နားကပ္ကိုဝယ္ေပးနိုင္ခဲ့ပါတယ္ ။ သမီးအတြက္ဒီအခ်ိန္မွာလိုအပ္တာက ကိုယ္ပိုင္သီခ်င္းနဲ႕

ကိုယ္ပိုင္ကားေလးပါ ဒါေပမယ့္ အေမ့ရဲ႕ဆႏၵနဲ႕ယွဥ္ရင္ေတာ့ဒါေတြကအေရးမပါပါဘူး ဆိုတဲ့စာသားေလးနဲ႕အတူ သူမလိုအပ္ေနတာထက္ မိခင္ျဖစ္သူလိုခ်င္ေနတာေလးကို ဝယ္ေပးနိုင္ခဲ့ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္ ။

ခင္ခင္က သူမအေမကို အရမ္းခ်စ္သလို သူမ အတြက္အလုပ္အကိုင္အဆင္ေျပဖို႔အၿမဲဆုေတာင္းေပးေနပါ ၊ ပြစိပြစိလဲေလ်ာ့ေပးပါလို႔လည္း ခ်စ္စဖြယ္ေတာင္းဆိုထားပါေသးတယ္ ။ အသက္ငယ္ငယ္ေလးနဲ႕မိဘအေပၚ သိတတ္လိမၼာတဲ့သမီးေလး ခင္ခင္အတြက္ ပရိသတ္ေတြကလည္း ခ်ီးက်ဴးေလးစားေၾကာင္း မွတ္ခ်က္ေလးေတြ ေရးသားခဲ့ၾကပါတယ္ ။
Source : Khin Yadanar Soe