ချောင်းဆိုးတတ်တဲ့ သားသားမီးမီးတို့အတွက် ဆေးကောင်းတစ်လက်

Unicode

မွေးစကနေ ခြောက်လအတွင်း ချောင်းခြောက်ဆိုးနေပြီး နေရခက်နေတဲ့ သားသားမီးမီး အတွက် အကောင်းဆုံး ချောင်းဆိုးပျောက်ဆေးကတော့ မိခင်နို့ပါတဲ့။ မိခင်နို့လည်းတိုက်၊ ချောင်းဆိုးပျောက်ဆေးလည်း တိုက်သလို ချစ်စရာ့

အရွယ်လေးတွေရဲ့ အသက်အပိုင်း အခြားအလိုက် မိမိဘာသာ အလွယ်တကူ ဖော်စပ်လို့ရတဲ့ ချောင်းဆိုးပျောက် အစွမ်းထက် အိမ်တွင်းဆေးဝါးလေးတွေအကြောင်းလည်း သိရလေအောင် ပြည့်ပြည့်စုံစုံလေး တင်ပြပေးလိုက်ပါတယ် မေမေ၊ ဖေဖေတို့ရေ။

မိခင်နို့ပာာ မချိုလွန်း မပေါ့လွန်း အနေတော်ဖြစ်တဲ့အပြင် အာပာာရဓာတ်ပေါင်းစုံ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးပျောက်စေမယ့် ပဋိပစ္စည်းတွေ ကိုယ်ခံအားတက် စေမယ့် ဓာတ်တွေက

လည်း အလျှံပယ် ပါဝင်ပါတယ်တဲ့။ ဒီတော့ ချောင်းခြောက်ဆိုးနေလို့ မိခင်နို့ တိုက်ကျွေးတာကို မရပ်တန့်လိုက်ပါနဲ့။-ကြက်သွန်ဖြူကို အခြောက်ခံ ညက်နေအောင် အမှုန့်ကြိတ်ပြီး မုန်ညင်းဆီ သန့်သန့်လေးနဲ့ ရောလိုက်ပါ။

ဆီကိုရင်သွေးလေးရဲ့ ရင်ဘတ်နဲ့ခြေဖဝါးတွေကို လိမ်းကျံပေးပါ။-ပင်စိမ်းရွက်ခြောက်လေးတွေကို အမှုန့်ကြိတ်ပါ။ အုန်းဆီထဲကို ရောမွှေလိုက်ပါ။ ချောင်းခြောက်ဆိုးနေတဲ့ လသားအရွယ် သားသားမီးမီးရဲ့ ရင်ဘတ်၊ ခြေဖဝါးနဲ့ လည်ပင်းလေး တွေကို အသာအယာ ပွတ်လိမ်းပေးလို့ ရပါတယ်။

ခြောက်လကနေ ဆယ်လအတွင်း သားသားမီးမီးလေးတွေ အတွက်ကတော့ –-ဆနွင်းမှုန့်စစ်စစ်ကို ရေနွေးလေး အနည်းငယ်ရောပြီး အနှစ်ပြုလုပ်ပါ။ သူလေးရဲ့ ခြေဖဝါးနဲ့ နဖူးတွေကို ပါးပါးလေး လိမ်းကျံပေးပါ။

မုန်လာဥနီဖျော်ရည်က ထူးခြားတဲ့ ကိုယ်ခံအားပြည့်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တာကြောင့် လတ်လတ်ဆတ်ဆတ် ဖျော်စပ်ပြီးတာနဲ့ နေ့စဉ်အနည်းငယ်စီ တိုက်ပေးရင် ချောင်းခြောက်ကို ပျောက်ကင်းစေပါတယ်။-မြန်မာတွေအိမ်မှာ အမြဲရှိတတ်တဲ့

မုန်ညင်းဆီကတော့ အရိုးရှင်းဆုံး အထိရောက်ဆုံးပါတဲ့။ ချောင်းခြောက်ဆိုးပြီး မသက်မသာဖြစ်နေတဲ့ ရင်သွေးလေးကို မုန်ညင်းဆီနွေးလေးနဲ့ နှိပ်နယ်ပေးလိုက်ပါဦး။

ဆယ်လကနေ တစ်နှစ်အောက် အရွယ်လေးတွေအတွက် –-ကွမ်းရွက်၊ ကြက်သွန်နီခြောက်၊ ပင်စိမ်းရွက်ခြောက်လေးတွေကို ရောစပ်ပြီး မှုန့်ညက်နေအောင် ကြိတ်လိုက်ပါ။ အမှုန့်ကို အုန်းဆီစစ်စစ်နဲ့ ရောနှောပြီး ရင်ဘတ်နဲ့ ခြေဖဝါးလေးတွေကို လိမ်းကျံပေးပါ။

ပရုတ်ဆီကလည်း ကောင်းမွန်တဲ့ ဆေးတစ်လက်ပါတဲ့။ ပရုတ်ဆီလေးနည်းနည်းနဲ့ အုန်းဆီလေးကို ရောစပ်ပြီး သူလေးရဲ့ ရင်ဘတ်လေးကို အသာအယာ သပ်ချပေးလိုက်ပါနော်။

ရေများများတိုက်ပါ။ ရေ မပူအအေး နွေးနွေးလေး မကြာခဏ တိုက်ကျွေးပါ။ ချွဲကြေ ရင်ချောင်စေပါတယ်နော်။ချောင်းခြောက်ဆိုး ပျောက်ဖို့အတွက် အခြေခံအကျဆုံး လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီမှာပါ။-အမွှေးအမျှင်တွေထွက်တဲ့ မွေးပွအင်္ကျီတွေ၊ တဘက်တွေမသုံးဘဲ ချည်ထည်ကောင်းကောင်း ဝတ်ဆင်ပေးပါ။-အနံ့ပြင်းတဲ့ ပေါင်ဒါတွေ၊ ရေချိုးဆီတွေ မသုံးပါနဲ့။

အိပ်ရာကို သက်သောင့်သက်သာ ဖြစ်ပါစေ။ ပါးပါးလျားလျားစောင်လေးတွေ သုံးပါ။ ကိုယ်ခံအားတက်အောင် များများအိပ်ပါစေ။-မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။-ချောင်းခြောက်ဆိုးတာ မသက်သာရင် ရက်ရှည်လာရင် ဆရာဝန်နဲ့ ပြသဆွေးနွေးဖို့ စီစဉ်ရပါမယ် မေမေတို့ရေ။

Zawgyi

ေမြးစကေန ေျခာက္လအတြင္း ေခ်ာင္းေျခာက္ဆိုးေနၿပီး ေနရခက္ေနတဲ့ သားသားမီးမီး အတြက္ အေကာင္းဆုံး ေခ်ာင္းဆိုးေပ်ာက္ေဆးကေတာ့ မိခင္နို႔ပါတဲ့။ မိခင္နို႔လည္းတိုက္၊ ေခ်ာင္းဆိုးေပ်ာက္ေဆးလည္း တိုက္သလို ခ်စ္စရာ့

အ႐ြယ္ေလးေတြရဲ႕ အသက္အပိုင္း အျခားအလိုက္ မိမိဘာသာ အလြယ္တကူ ေဖာ္စပ္လို႔ရတဲ့ ေခ်ာင္းဆိုးေပ်ာက္ အစြမ္းထက္ အိမ္တြင္းေဆးဝါးေလးေတြအေၾကာင္းလည္း သိရေလေအာင္ ျပည့္ျပည့္စုံစုံေလး တင္ျပေပးလိုက္ ပါတယ္ ေမေမ၊ ေဖေဖတို႔ေရ။

မိခင္နို႔ပာာ မခ်ိဳလြန္း မေပါ့လြန္း အေနေတာ္ျဖစ္တဲ့အျပင္ အာပာာရဓာတ္ေပါင္းစုံ ျပည့္ဝစြာ ပါဝင္ပါတယ္။ ဒါ့အျပင္ ေခ်ာင္းဆိုးေပ်ာက္ေစမယ့္ ပဋိပစၥည္းေတြ ကိုယ္ခံအားတက္ ေစမယ့္ ဓာတ္ေတြက

လည္း အလွ်ံပယ္ ပါဝင္ပါတယ္တဲ့။ ဒီေတာ့ ေခ်ာင္းေျခာက္ဆိုးေနလို႔ မိခင္နို႔ တိုက္ေကြၽးတာကို မရပ္တန႔္လိုက္ပါနဲ႕။-ၾကက္သြန္ျဖဴကို အေျခာက္ခံ ညက္ေနေအာင္ အမႈန႔္ႀကိတ္ၿပီး မုန္ညင္းဆီ သန႔္သန႔္ေလးနဲ႕ ေရာလိုက္ပါ။ ဆီကိုရင္ေသြးေလးရဲ႕ ရင္ဘတ္နဲ႕ေျခဖဝါးေတြကို လိမ္းက်ံေပးပါ။

ပင္စိမ္း႐ြက္ေျခာက္ေလးေတြကို အမႈန႔္ႀကိတ္ပါ။ အုန္းဆီထဲကို ေရာေမႊလိုက္ပါ။ ေခ်ာင္းေျခာက္ဆိုးေနတဲ့ လသားအ႐ြယ္ သားသားမီးမီးရဲ႕ ရင္ဘတ္၊ ေျခဖဝါးနဲ႕ လည္ပင္းေလး ေတြကို အသာအယာ ပြတ္လိမ္းေပးလို႔ ရပါတယ္။

ေျခာက္လကေန ဆယ္လအတြင္း သားသားမီးမီးေလးေတြ အတြက္ကေတာ့ –-ဆႏြင္းမႈန႔္စစ္စစ္ကို ေရေႏြးေလး အနည္းငယ္ေရာၿပီး အႏွစ္ျပဳလုပ္ပါ။ သူေလးရဲ႕ ေျခဖဝါးနဲ႕ နဖူးေတြကို ပါးပါးေလး လိမ္းက်ံေပးပါ။

မုန္လာဥနီေဖ်ာ္ ရည္က ထူးျခားတဲ့ ကိုယ္ခံအားျပည့္ဓာတ္ေတြ ျပည့္ဝစြာ ပါဝင္တာေၾကာင့္ လတ္လတ္ဆတ္ဆတ္ ေဖ်ာ္စပ္ၿပီးတာနဲ႕ ေန႕စဥ္အနည္းငယ္စီ တိုက္ေပးရင္ ေခ်ာင္းေျခာက္ကို ေပ်ာက္ကင္းေစပါတယ္။

-ျမန္မာေတြအိမ္မွာ အၿမဲရွိတတ္တဲ့မုန္ညင္းဆီကေတာ့ အရိုးရွင္းဆုံး အထိေရာက္ဆုံးပါတဲ့။ ေခ်ာင္းေျခာက္ဆိုးၿပီး မသက္မသာျဖစ္ေနတဲ့ ရင္ေသြးေလးကို မုန္ညင္းဆီေႏြးေလးနဲ႕ ႏွိပ္နယ္ေပးလိုက္ပါဦး။

ဆယ္လကေန တစ္ႏွစ္ေအာက္ အ႐ြယ္ေလးေတြအတြက္ –-ကြမ္း႐ြက္၊ ၾကက္သြန္နီေျခာက္၊ ပင္စိမ္း႐ြက္ေျခာက္ေလးေတြကို ေရာစပ္ၿပီး မႈန႔္ညက္ေနေအာင္ ႀကိတ္လိုက္ပါ။ အမႈန႔္ကို အုန္းဆီစစ္စစ္နဲ႕ ေရာေႏွာၿပီး ရင္ဘတ္နဲ႕ ေျခဖဝါးေလးေတြကို လိမ္းက်ံေပးပါ။

ပ႐ုတ္ဆီကလည္း ေကာင္းမြန္တဲ့ ေဆးတစ္လက္ပါတဲ့။ ပ႐ုတ္ဆီေလးနည္းနည္းနဲ႕ အုန္းဆီေလးကို ေရာစပ္ၿပီး သူေလးရဲ႕ ရင္ဘတ္ေလးကို အသာအယာ သပ္ခ်ေပးလိုက္ပါေနာ္။

ေရမ်ားမ်ားတိုက္ပါ။ ေရ မပူအေအး ေႏြးေႏြးေလး မၾကာခဏ တိုက္ေကြၽးပါ။ ခြၽဲေၾက ရင္ေခ်ာင္ေစပါတယ္ေနာ္။ေခ်ာင္းေျခာက္ဆိုး ေပ်ာက္ဖို႔အတြက္ အေျခခံအက်ဆဳံး လိုက္နာသင့္တဲ့အခ်က္ေတြကေတာ့ ဒီမွာပါ။-အေမႊးအမွ်င္ေတြထြက္တဲ့ ေမြးပြအကၤ်ီေတြ၊ တဘက္ေတြမသုံးဘဲ ခ်ည္ထည္ေကာင္းေကာင္း ဝတ္ဆင္ေပးပါ။-အနံ႕ျပင္းတဲ့ ေပါင္ဒါေတြ၊ ေရခ်ိဳးဆီေတြ မသုံးပါနဲ႕။

အိပ္ရာကို သက္ေသာင့္သက္သာ ျဖစ္ပါေစ။ ပါးပါးလ်ားလ်ားေစာင္ေလးေတြ သုံးပါ။ ကိုယ္ခံအားတက္ေအာင္ မ်ားမ်ားအိပ္ပါေစ။-မိခင္နို႔ ဆက္လက္တိုက္ေကြၽးပါ။-ေခ်ာင္းေျခာက္ဆိုးတာ မသက္သာရင္ ရက္ရွည္လာရင္ ဆရာဝန္နဲ႕ ျပသေဆြးေႏြးဖို႔ စီစဥ္ရပါမယ္ ေမေမတို႔ေရ။