စိတ်ဖိစီးမှုနဲ့ ကိုက်ခဲမှုတွေ ပျောက်ဖို့ ဧရာမ ကျွဲမျှော့ကြီးတွေ ကို အိမ်မှာ မွေးကြသတဲ့
Unicode
စိတ်ဖိစီးမှုနဲ့ နာကျင်ကိုက်ခဲမှုတွေပျောက်ဘို့အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ “ ဧရာမကျွဲမျှော့ “ ကြီးတွေကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်အသွေးအသားကိုကြွေးပြီးမွေးမြူထားကြတယ်ဆိုတဲ့သတင်းဆောင်းပါးလေးဖတ်လိုက်ရတော့အတော်ကိုလန့်သွားတယ်ဗျ
လူသားတွေဟာအိမ်မွေးတိရိစ္ဆာန်တွေကို မျိုးစုံမွေးမြူတတ်ကြပါတယ် ၊ ခွေး ကြောင် ငှက် စတဲ့ချစ်စရာအကောင်လေးတွေမွေးမြူတတ်ကြသလို တစ်ချို့သောသူတွေကကြံကြံဖန်ဖန် ပုသင်ညိုစိမ်း ၊ လိပ် ၊ ပင့်ကူ ၊ ပိုးတောင်မာ ( Beetles ) စတဲ့ ထူးဆန်းတဲ့အကောင်လေးတွေလည်းမွေးမြူကြတာလည်းရှိကြပါတယ် ။
ဒါပေမယ့် ဘယ်လိုမှထင်မထားတဲ့ “ ကျွဲမျှော့ “ ကြီးတွေကိုတော့အိမ်မွေးတရိစ္ဆာန်အဖြစ်မွေးမြူထားတဲ့သူတွေကိုတွေ့မြင်လိုက်ရတော့ ကြက်သီးဖျန်းဖျန်းထိမိပါတယ် ၊ စာရေးသူအကြောက်ဆုံးသတ္တဝါသည်အနှိီအကောင်များသာဖြစ်တော့သည် ကြောက်တာထက်ရွံရှာမိတာပါ မျှော့ဆိုတဲ့သတ္တဝါဟာ သွေးကိုအစာအဖြစ်စုပ်ယူရမှအသက်ရှင်သန်ရသလို မွေးမြူကြတဲ့သူတွေကလည်း သူတို့ရဲ့အသွေးကို ချစ်စနိုးနဲ့စုပ်ယူစေပြီးယုယုယယ မွေးမြူထားကြတယ်ဆိုဘဲ
မျှော့တွေဟာ အင်းအိုင်နဲ့ရေငြိမ် ၊ ရေသေအိုင်များအကြားမှာနေထိုင်ပေါက်ဖွားမျိုးပွါးလေ့ရှိပြီးအခြားတိရစ္ဆာန်များနှင့်လူသားများရဲ့ကိုယ်ခန္ဓာမှာ တွယ်ကပ်ပြီး သွေးများကို Head Sucker ဖြင့်စုတ်ယူလေ့ရှိသည် ဒီလို မွေးမြူထားတာဟာဥရောပအနောက်နိုင်ငံများမှာ အထူးအဆန်းမဟုတ်တော့သလို လူသားတွေအတွက်လည်း သူတို့ရဲ့သွေးတွေကိုစုပ်ယူလာတာဟာနှစ်ပေါင်း ၂၅၀၀ နီးပါးရှိခဲ့သလို ၁၉ ရာစုနှစ်ကတည်းက ဆေးဘက်ဆိုင်ရာအရ အနာရောဂါအမျိုမျိုးကိုရှေးဟောင်းကုထုံး “ မျှော့ကုထုံး “ ဖြင့်အသုံးပြုလာကြတာလို့ဆိုပါတယ် ။
ဒီလို မွေးမြူထားတာဟာဥရောပအနောက်နိုင်ငံများမှာ အထူးအဆန်းမဟုတ်တော့သလို လူသားတွေအတွက်လည်း သူတို့ရဲ့သွေးတွေကိုစုပ်ယူလာတာဟာနှစ်ပေါင်း ၂၅၀၀ နီးပါးရှိခဲ့သလို ၁၉ ရာစုနှစ်ကတည်းက ဆေးဘက်ဆိုင်ရာအရ အနာရောဂါအမျိုမျိုးကိုရှေးဟောင်းကုထုံး “ မျှော့ကုထုံး “ ဖြင့်အသုံးပြုလာကြတာလို့ဆိုပါတယ် ။
ဒါ့အပြင် လိပ်ခေါင်းရောဂါ ( Hemorrhoid ) ကိုလည်း စုပ်ယူနည်းနဲ့ကုသလို့ပြန်ဝင်သွားတာလည်းရှိခဲ့ဘူးတယ်လို့ဆိုပါတယ် သို့သော် ယနေ့သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်အဖြေရှာချက်အရ “ မျှော့ကုထုံး “ နဲ့ လူနာကိုသွေးစုပ်ကုသနည်းဟာ အကောင်းဆုံးရွေးချယ်မှုမဟုတ်သလို ရောဂါပိုးမွှားကူးစက်ခံရမှုရှိနိုင်တာကြောင့်အသက်အန္တရာယ်စိုးရိမ်ရပါတယ် ။
မည်သိုပင်ဖြစ်စေကာမူ မျက်မှောက်ခေတ်မှာတော့မျှော့များကို Plastic Surgery ခွဲစိတ်ကုသတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းအောင် အသုံးပြုကြတယ်လို့ ဗြိတိသျှကျန်းမာရေး ၀န်ဆောင်မှုဌာနမှဖော်ပြခဲ့ပါတယ် ။
မျှော့တွေဟာသွေးတစ်ခါစုပ်ထားပြီးရင် ၆ လအကြာအသက်ရှင်နေနိုင်ပါတယ် ၊ မိနစ် ၂၀ အကြာသွေးစုပ်ခံထားရတဲ့နေရာကနေသွေးယိုစိမ့်စီးထွက်မှုဟာ ၁၈ နာရီအထိကြာမြင့်ခဲ့တယ်လို့ သိပ္ပံသုသေသနကျောင်းသားတစ်ဦးမှတ်တမ်းထားပါတယ် မျှော့ကိုမွေးမြူထားတဲ့သူတွေကတော့ မျှော့တွေသွေးစုပ်ပြီးရင် စိတ်ဖိစီးမှုနဲ့ ကိုယ်လက်ကိုက်ခဲတာတွေပြေလျော့သွားတယ်လို့ဆိုပါတယ် ။ Source : Si Thu Maung
Zawgyi
ဒါပေမယ့် ဘယ်လိုမှထင်မထားတဲ့ “ ကျွဲမျှော့ “ ကြီးတွေကိုတော့အိမ်မွေးတရိစ္ဆာန်အဖြစ်မွေးမြူထားတဲ့သူတွေကိုတွေ့မြင်လိုက်ရတော့ ကြက်သီးဖျန်းဖျန်းထိမိပါတယ် ၊ စာရေးသူအကြောက်ဆုံးသတ္တဝါသည်အနှီအကောင်များသာဖြစ်တော့သည် ကြောက်တာထက်ရွံရှာမိတာပါ မျှော့ဆိုတဲ့သတ္တဝါဟာ သွေးကိုအစာအဖြစ်စုပ်ယူရမှအသက်ရှင်သန်ရသလို မွေးမြူကြတဲ့သူတွေကလည်း သူတို့ရဲ့အသွေးကို ချစ်စနိုးနဲ့စုပ်ယူစေပြီးယုယုယယ မွေးမြူထားကြတယ်ဆိုဘဲ