သူမနဲ့အောင်မင်းခန့်ကို ပရိတ်သတ်တွေဝိုင်း Ship ပေးကြတဲ့အပေါ် ရင်ထဲမှာတစ်မျိုးကြီးပဲလို့ဆိုလိုက်တဲ့ ယွန်းယွန်း

Unicode

ကလေးသရုပ်ဆောင်တစ်ယောက် အဖြစ်ကနေ တဖြည်းဖြည်းအရွယ်ရောက်လာခဲ့တဲ့ အကယ်ဒမီ ယွန်းယွန်းကတော့ အခုဆိုရင် လှသွေးကြွယ်တဲ့ အသက် (၂၀) စွန်းစွန်း မိန်းမပျိုလေးတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေများစွာကို ပြုလုပ်ခဲ့သလို

အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာလည်း မင်းသမီးပေါက်စလေးတစ်ယောက်အဖြစ် သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ယွန်းယွန်းက Double Dating ဆိုတဲ့ အစီအစဉ်လေးကို ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေး ဝန်းရံမှုကို အခိုင်အမာရရှိနေလျက်ရှိပါတယ်။

ဒီကနေ့မှာလည်း ယွန်းယွန်းက သူမပါဝင်ထားတဲ့ Double Dating အစီအစဉ်လေးကို စိတ်ပါလက်ပါ အားပေးကြတဲ့ ပရိသတ်တွေကြောင့် ပျော်ရွှင်ရကြောင်းကိုလည်း အခုလိုပဲ ပြောပြလာပါတယ်။ ယွန်းယွန်းက “DD fans တွေ အရမ်း အရမ်းကို ချစ်ဖို့ကောင်းတာပဲ.. အသေးစိတ်လေးကြည့်ပေးကြသလို စိတ်ပါလက်ပါနဲ့ကို Ship ပေးကြတယ်.. မြင်ရတာပျော်ဖို့ကောင်းသလို ရင်ထဲထိလည်း တစ်မျိုးကြီးပဲ.. ချစ်တတ်လိုက်ကြတာ..” ဆိုပြီး သူမရဲ့ ခံစားချက်အချို့ကို ရင်ဖွင့်ပြောပြလာ ခဲ့ပါတယ်။

ပရိသတ်တွေကတော့ Double Dating အစီအစဉ်လေးကြောင့် အောင်မင်းခန့်နဲ့ ယွန်းယွန်းကို တစ်တွဲ၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့ကိုတစ်တွဲ သဘော တူနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အတွဲနှစ်တွဲ ဘယ်လိုတွေ ဆက် Ro ကြဦးမလဲဆိုတာ သိချင်နေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Yoon Yoon’s fb
Credit – Cele Connections

Zawgyi

ကေလးသ႐ုပ္ေဆာင္တစ္ေယာက္ အျဖစ္ကေန တျဖည္းျဖည္းအ႐ြယ္ေရာက္လာခဲ့တဲ့ အကယ္ဒမီ ယြန္းယြန္းကေတာ့ အခုဆိုရင္ လွေသြးႂကြယ္တဲ့ အသက္ (၂၀) စြန္းစြန္း မိန္းမပ်ိဳေလးတစ္ေယာက္ျဖစ္လို႔ေနၿပီပဲ ျဖစ္ပါတယ္။ ယြန္းယြန္းကေတာ့ ကေလးသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာလႈပ္ရွားမႈေတြမ်ားစြာကို ျပဳလုပ္ခဲ့သလို

အသက္အ႐ြယ္တစ္ခုေရာက္ရွိလာခ်ိန္မွာလည္း မင္းသမီးေပါက္စေလးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ေနၿပီပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ယြန္းယြန္းက Double Dating ဆိုတဲ့ အစီအစဥ္ေလးကို ရိုက္ကူးရင္း ပရိသတ္ေတြရဲ႕ အားေပး ဝန္းရံမႈကို အခိုင္အမာရရွိေနလ်က္ရွိပါတယ္။

ဒီကေန႕မွာလည္း ယြန္းယြန္းက သူမပါဝင္ထားတဲ့ Double Dating အစီအစဥ္ေလးကို စိတ္ပါလက္ပါ အားေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္ ေပ်ာ္႐ႊင္ရေၾကာင္းကိုလည္း အခုလိုပဲ ေျပာျပလာပါတယ္။ ယြန္းယြန္းက “DD fans ေတြ အရမ္း အရမ္းကို ခ်စ္ဖို႔ေကာင္းတာပဲ.. အေသးစိတ္ေလးၾကည့္ေပးၾကသလို စိတ္ပါလက္ပါနဲ႕ကို Ship ေပးၾကတယ္.. ျမင္ရတာေပ်ာ္ဖို႔ေကာင္းသလို ရင္ထဲထိလည္း တစ္မ်ိဳးႀကီးပဲ.. ခ်စ္တတ္လိုက္ၾကတာ..” ဆိုၿပီး သူမရဲ႕ ခံစားခ်က္အခ်ိဳ႕ကို ရင္ဖြင့္ေျပာျပလာ ခဲ့ပါတယ္။

ပရိသတ္ေတြကေတာ့ Double Dating အစီအစဥ္ေလးေၾကာင့္ ေအာင္မင္းခန့္နဲ႕ ယြန္းယြန္းကို တစ္တြဲ၊ စည္သူဝင္းနဲ႕ သဇင္ထူးျမင့္တို႔ကိုတစ္တြဲ သေဘာ တူေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း အတြဲႏွစ္တြဲ ဘယ္လိုေတြ ဆက္ Ro ၾကဦးမလဲဆိုတာ သိခ်င္ေနၾကၿပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစ လို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Yoon Yoon’s fb
Credit – Cele Connections