ရခိုင်လူမျိုးဖြစ်ပြီးမြန်မာမိန်းကလေးအား လက်ထပ်ယူခဲ့တာကြောင့် ခြိမ်းခြောက်မှုတွေပါခံနေရရှာတဲ့ ဘုန်းလျှံ
Unicode
သရုပ်ဆောင်ဘုန်းလျှံကတော့လက်ရှိမှာ ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးကိုရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ဇနီးနဲ့အတူအရသာရှိတဲ့ရခိုင်ဟင်းလျာနဲ့အခြားသောစားသောက်ဖွယ်ရာတွေကို ချက်ပြုတ်ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင်နာရီပိုင်းလောက်ကလည်းဘုန်းလျှံရဲ့လူမှုကွန်ယက်စာမျက်နှာမှာရခိုင်လူမျိုးဖြစ်ပြီးမြန်မာမိန်းကလေးကိုလက်ထပ်ယူခဲ့တာကြောင့်ဝေဖန်တိုက်ခိုက်မှုတွေများစွာခံနေရကြောင်းရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။ ”အင်တာဗျူးမှာမီးလို့ပွင့်ပွင့်လင်းလင်းဖြေလိုက်မိပါရေ
ကျွန်တော်ကို့.အမြဲတမ်းနှောက်ယှက်နီကတ်စွာကိုတယောက်လဲမသိကတ်ပါ၊ အားနီလို့အားအားယားယားဖြေနိစွာလဲမဟုတ်ပါရခိုင်တိုင်းကိုလဲရည်ရွယ်ပြောဆိုနိစွာလဲမဟုတ်ရပါနှောက်ယှက်နီကတ်တေလူတိကိုရည်ရွယ်ရစွာပါ.ကျွန်တော်ပြောစွာမှာမိုက်ရိုင်းဆဲဆိုစွာတခုလဲမပါပါ
အားအားယားယားပြသာနာကိုကြီးအောင်မလုပ်စွာကောင်းကတ်ပါဖို့ကျွန်တော်ဇာဖြစ်လို့နှောက်ယှက်တေလူတိကိုပြောရလဲဆိုကေ၊ 1 ကျွန်တော်.online မှာဈေးရောင်းရေ..အော်ဒါမမှာပဲဖုန်းဆက်ပနာအကိုမယားဇာလူမျိုးလဲ.ဇာဖြစ်လို့ယူလဲ.အမြဲတမ်းဖုန်းဆက်ပနာနှောက်ယှက်တေ၊
2 fb CB မှာ.အကိုရခိုင်မဟုတ်ပါလား.ဦးနှောက်မရှိပါလားအကို့မယားကိုဇာဖြစ်လို့ယူလဲ၊ 3.fb comments မှာရီးကတ်တေ..မွေးရစွာဝမ်းရီဆာရေလတ်သူမွေးစွာလား.ကျွန်တော့အမိမွေးစွာလားရခိုင်ကိုလာကေလိုက်သတ်ဖို့လာဝံ့ကေလာလတ်ကိုယ့်မွေးရပ်မြေကိုလာဖို့စွာတောင်
လာလို့မရဗျယ်လားပြောကတ်ပါဦး။ 3.fb. comments တိမှာထပ်ရီးကတ်တေ..ထောင်ထဲဝင်ခါ.ပြန်လွတ်ဖို့ဆုတောင်းပီးကတ်တေကျေးဇူးတင်ပါရေ..ပြန်ထွက်လာရေခါ ဗမာမကိုယူပြီးကေ.ကျေးဇူးဆပ်စွာလားတဲ့ဆုတောင်းပီးလို့ကျေးဇူးတင်ပါရေ..ယေကေလဲ့ဆုတောင်းတိုင်း
နေ့ချင်းညချင်းလွတ်လာစွာတော့မဟုတ်.ကိုယ့်ပြစ်ဒဏ်ကို.ကျေအောင်.7 နှစ် နဲ့.3 လပီးဆပ်ပြီးထွက်လာစွာပါ၊ လွတ်ငြိမ်းချမ်းသာနဲ့လွတ်စွာကလဲဘုန်းလျှံ မို့လွတ်စွာမဟုတ်..ပြစ်ဒဏ်ကို.4ပုံ.3 ပုံပီးဆပ်ပြီးလို့.လွတ်စွာပါ.ယေကလဲ့ဆုတောင်းပီးကတ်စွာကိုကျေးဇူးတင်အသိအမှတ်ပြုပါရေ
ယောချင့်ကို.ထောင်ထဲမှာပဲနီဖို့ကောင်းပါရေလတ်.ပြေကတ်စွာ၊ အဓိပ္ပါယ်မရှိရေစကားတိကိုပြောပီးကေ.မနှောက်ချက်ကတ်ပါကေ့ကျွန်တော့မယားကိုကျွန်တော်ချစ်လို့ယူရေ.ကျွန်တော်နဲ့ပေါင်းရဖို့စွာကျွန်တော်ရှာကျွေးရပါဖို့စွာယာ.ကျွန်တော်ထောင်ထဲမှာအမြဲတမ်းမပြတ်လာတွေ့စွာ
ကျွန်တော့အဖေအမေနဲ့ဗမာသူငယ်ချင်း ထိန်ဝင်းနောင်ပါ၊ အခုဘဝတခုကိုကောင်းကောင်းမွန်မွန်ရပ်တည်ပြီးကေလျှောက်နီစွာမှာ.အကောင်းမွန်ဆုံးယာအားပီးစီချင်ပါရေ၊ ဘဝမှာလူ့ငရဲမှာလဲအကြာကြီးနီပြီဗျယ်.အခုပိုင်ဆဲနီစွာလောက်ကို.တခုလေ့မဖြစ်.ယေကေလေ.အမျိုးရို့.
အမှန်တရားကိုသိအောင်.ပြောပြရဖို့မဟုတ်ကေအထင်လွဲဖို့.ပြောနီနှောက်ယှက်နီကတ်တေလူတိလဲ FB မှာအချိန်ကုန်၊သူများအကြောင်းစိတ်ဝင်စားဖအားလုံးကိုယ့်မိသားစုစားဝတ်နီရေး ကျန်းမာရေး အရေးကြီးရေကိစ္စတိကိုရာစိတ်ဝင်စားစီချင်ပါရေ..ဘဝကိုအကောင်းဆုံးအဓိပ္ပါယ်ရှိရှိ
ရပ်တည်ချင်ပါရေ၊ သူများလားနီရေလမ်းကြောင်းမှာထမ်းမဖို့ကေတောင်မှ.ဖြုတ်မချစီချင်ပါ အားလုံးကျေးဇူးတင်ပါရေဘုန်းလျှံ ” ဆိုပြီးရေးသား ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်တင်ဆက်ပေးလိုက် ရပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်
Zawgyi